Transparency Myanmar

transparency.myanmar@gmail.com

Reuters news, 18th March 2010

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများ အပေါ် စိုးရိမ်ပူပန်မှုများကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဗြိတိန်နိုင်ငံက တွန်ုအားပေးနေသော်လည်း မြန်မာ၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံ တရုတ်၏ ဟန့်တားမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ သံတမန် တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာ စစ်ဖက်အစိုးရသည် ရက်စက်သော လူ့အခွင့်အရေး ဖိနှိပ်မှုများနှင့် တိုင်းရင်းသားများ၊ အတိုက်အခံ အုပ်စုများ အပေါ် ရက်စက်စွာ နှိမ်နှင်းမှုများ ပြုလုပ်နေသည်ဟု အနောက် အင်အားကြီးနိုင်ငံများက သတ်မှတ်ထားမှုကြောင့် ၁၅ နိုင်ငံ လုံခြုံရေး ကောင်စီ၏ အစည်းအဝေး အစီအစဉ်တွင် မြန်မာနိုင်ငံ အကြောင်း ပါဝင်ခဲ့သည်မှာ နှစ်တိုင်းလိုလိုပင် ဖြစ်သည်။ သို့ရာတွင် လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာ စစ်အစိုးရ အပေါ် အရေးယူ ပိတ်ဆို့မှုများ မချမှတ်နိုင်အောင် တရုတ်နှင့် ရုရှားနိုင်ငံများက တားဆီးခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ အနေအထားများကို ပြန်လည် သုံးသပ်ရန် လုံခြုံရေးကောင်စီအား ဗြိတိန်နိုင်ငံက တိုက်တွန်းနေခြင်း၏ အကြောင်းရင်းမှာ နိုင်ငံရေး အကျဉ်းသားများ ရွေး ကောက်ပွဲ မဝင်နိုင်အောင်၊ နိုင်ငံရေး ပါတီဝင် အဖြစ်ပင် ဝင်ခွင့် မရနိုင်အောင် တားဆီး ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေကို မြန်မာစစ်ဖက် အစိုးရက လတ်တလော ထုတ်ပြန် ကြေညာခဲ့သောကြောင့် ဖြစ်သည်ဟု သံတမန်များက ဆိုသည်။

မြန်မာနိုင်ငံ အရေး ဆွေးနွေးကြမည့် အစီအစဉ်ကို လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ထောက်ခံခဲ့ကြပြီး နိုင်ငံတွင်း အနေအထားနှင့် စပ်လျဉ်း၍ နောက်ဆုံးသတင်းများ စုဆောင်း နေကြသည်ဟု အမည် မဖော်လိုသူ အနောက်နိုင်ငံ သံတမန် တစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို အရေးယူရေးအပေါ် အမြဲတမ်း မလိုလားခဲ့သည့် တရုတ်နိုင်ငံနှင့် အဆိုပါ အကြောင်းအရာကို လတ်တလော ညှိနှိုင်းနေသည်ဟု အထက်ပါ သံတမန်က ဆိုသည်။

ဗြိတိန်၊ တရုတ်၊ ရုရှား တို့ကဲ့သို့ ဗီတိုအာဏာ သုံးခွင့် ရှိသော အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတို့ကလည်း လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရွေး ကောက်ပွဲ အကြောင်း ဆွေးနွေးမည့် အကြံဥာဏ်ကို ထောက်ခံကြသည်ဟု သံတမန်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment