Transparency Myanmar

transparency.myanmar@gmail.com

ရှမ်းပြည်နယ်၊ နမ့်စမ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ချုံခို တိုက်ခိုက်မှုတွင် မြန်မာ စစ်တပ်ဘက်မှ စစ်သား ၂၀ သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော ရှမ်းပြည် တပ်မတော်-တောင်ပိုင်း (SSA-S) မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားပါသည်။

အဆိုပါ ချုံခိုတိုက်ခိုက်မှုကို SSA-S တပ်ဖွဲ့မှ တပ်သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ စစ်မြေပြင် သတင်းပေးပို့ချက်များအရ သုံးနာရီကြာမျှ တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု SSA-S ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောဝ်ဆန်းက Irrawaddy သတင်းဌာနသို့ပြောပါသည်။

ရှမ်းပြည်နယ်တွင် ယခုလအတွင်း SSA-S လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ထိပ်တိုက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။ တိုက်ပွဲ ဖြစ်ပွားပြီး နောက် နီးစပ်ရာဒေသမှ ကျေးရွာသူ ကျေးရွာသားများကို မြန်မာစစ်တပ်က ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒေသခံများသည် ရှမ်းသူပုန် တပ်ဖွဲ့များနှင့် ပတ်သက်သော သတင်းများကို ပေးပို့ရန် ပျက်ကွက်ခဲ့ပြီး သူပုန်များကို စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့သည်ဟု မြန်မာစစ်တပ်က ရွာသားများကို စွပ်စွဲပြောဆိုခဲ့ကြောင်း စိုင်းလောဝ်ဆန်းက ပြောပါသည်။

တိုက်ပွဲအတွင်း ရှမ်းစစ်သား တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ပေ။ တိုက်ပွဲ ပြီးဆုံးပြီးနောက် ရှမ်းသူပုန်များက မြန်မာစစ်တပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိလိုက်သည်ဟု ၎င်းကပြောသည်။

ချုံခိုတိုက်ခိုက်ခြင်း ခံရသော တပ်ဖွဲ့မှာ အမှတ် ၅၂၅ နှင့် ၉၉ ခြေမြန် တပ်ရင်းမှဖြစ်ပြီး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်ကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယခုလပိုင်းများ အတွင်း မြန်မာစစ်တပ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသများတွင် ပုံမှန်ကင်းလှည့်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ချေမှုန်းတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက် ရှိသည်။

သုံးသပ် လေ့လာသူများ အဆိုအရ မကြာမီ ကာလအတွင်း နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းရန် ငြင်းပယ်ထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းမှုများ ပြုလုပ်လာဖွယ်ရှိသည်။

နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပါက မြန်မာစစ်တပ်၏ ထိန်းချုပ် ကွပ်ကဲမှုအောက်တွင် နေထိုင်ရမည် ဖြစ်သည်။ ယခုအခါ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်ပေါင်း ၇၀၀၀၀ (ခုနှစ်သောင်း) ခန့်ကို ညီညွတ်သော ဝပြည်နယ်တပ်မတော် (UWSA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIO) ကဲ့သို့သော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသသို့ စေလွှတ်ခဲ့ကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။

Irrawaddy သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment