Transparency Myanmar

transparency.myanmar@gmail.com

www.radioaustralianews.net.au, 6th May 2010

မြန်မာနိုင်ငံ၏ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ပါတီ ဖျက်သိမ်း မခံရမီ နောက်ဆုံး စုဝေးခြင်း အဖြစ် ပါတီ၏ ရုံးချုပ်တွင် ကျင်းပခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ပါတီကို ပြန်လည် မှတ်ပုံတင်ခြင်း မပြုခဲ့ပါ။

ဥပဒေသစ်အရ ပါတီသည် ယနေ့ ညသန်းခေါင်ပြီးလျှင် တရားဝင် သက်တမ်းကုန်မည် ဖြစ်သည်။

ပါတီက ပြောကြားရာတွင် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မကျကြောင်း၊ တရားမျှတမှု မရှိကြောင်း၊ ထို့ကြောင့် ၎င်း၏ ပါတီ မှတ်ပုံ ပြန်လည် မတင်ခြင်းသည် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းပင် ဖြစ်ကြောင်း ပြောသည်။

ပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပါတီ၏ ဆိုင်းဘုတ်ကို သော်လည်းကောင်း၊ ခွပ်ဒေါင်း အလံကို သော်လည်းကောင်း ဖြုတ်ချခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်ဟု Associated Press သတင်း အေဂျင်စီက သတင်း ပေးပို့ခဲ့သည်။

၎င်းက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ကိုယ်စားလှယ်မှ တဆင့် ပါတီ အဖွဲ့ဝင်များသို့ သူမသည် ပြည်သူများကို လည်းကောင်း၊ သူမ၏ ဒီမိုကရေစီ အတွက် ရုန်းကန်မှုများကို လည်းကောင်း ဘယ်သောအခါမျှ ကျောခိုင်းလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment