Transparency Myanmar

transparency.myanmar@gmail.com

CNN, 5th July 2010

တောင်ကိုရီးယား အစိုးရရုံးများအား ဆိုးလ်မြို့တော် အပြင်ဘက်သို့ ပြောင်းရွှေ့ အခြေစိုက်ခြင်းကို ရပ်ဆိုင်းရန် လွှတ်တော် အတည်ပြုချက် ရယူရာတွင် အောင်မြင်မှု မရခဲ့ခြင်းကြောင့် တောင်ကိုရီးယား ဝန်ကြီးချုပ်က နုတ်ထွက်ရန် ကမ်းလှမ်းလိုက်သည်ဟု ၎င်း၏ ဆက်ဆံရေးရုံးမှ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ချွန်အမ်ချမ်းက ယင်းသို့ နုတ်ထွက်ရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်း၏ ကမ်းလှမ်းမှုကို သမ္မတ လီမြောင်ဘက်က လက်ခံခဲ့ခြင်း မရှိဟုလည်း ဆိုသည်။

ချွန်၏ နုတ်ထွက်ရန် ကမ်းလှမ်းမှုသည် လွှတ်တော် အတည်ပြုချက် မရရှိခြင်းကြောင့် ဖြစ်ပြီး ယင်းသို့ မအောင်မြင်ခြင်းသည် လီမြောင်ဘက် အစိုးရ အတွက် အဓိက အနှောင့်အယှက် တစ်ခု ဖြစ်၍ ၎င်း၏ ပါတီ သြဇာ ကျဆင်းလာသည့် လက္ခဏာ ဖြစ်သည်။

ချိုနန်ကိစ္စ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ လူထု ဆန္ဒခံယူပွဲဟု အကဲခတ်များက ရှုမြင်ထားကြသည့် ပြည်တွင်း ရွေးကောက်ပွဲများတွင် သမ္မတ၏ Grand National ပါတီမှာ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ရသည်။

မတ်လ ၂၆ ရက်က အငြင်းပွား ရေပြင်တွင် ချိုနန်သင်္ဘော နစ်မြုပ်ခဲ့စဉ် ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

ချိုနန်ကို တိုပီဒိုဖြင့် ပစ်ခတ် နစ်မြုပ်ခဲ့သည် ဟူသော စွပ်စွဲချက်များကို မြောက်ကိုရီးယားက ခါးခါးသီးသီး ဘူးကွယ် ငြင်းဆိုခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment