Transparency Myanmar

transparency.myanmar@gmail.com

Thai News Agency MCOT, 14th July 2010

ထိုင်းနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း၊ တောင်ပိုင်းခရိုင် ရနောင်းတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေး စင်တာ ထူထောင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ ရုံးခွဲများမှာ ယခင်က မြန်မာနိုင်ငံ ဖက်တွင်သာ ရှိခဲ့ပြီး ယခု ထိုင်းမြေပေါ်တွင် ပထမဆုံး ပူးပေါင်း ထူထောင်ခြင်း ဖြစ်သည်။

တရားမဝင် လုပ်သား ပြဿနာကို ကိုင်တွယ်လိုသော ထိုင်းနိုင်ငံ၏ စီမံချက် တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဗစ်တိုးရီးယား အငူ (ထိုင်းဘာသာဖြင့် ခိုဆောင်ဟု ခေါ်သည်) မှ ရောက်ရှိလာကြသော မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့် ကိုယ်စားလှယ်များကို ထိုင်းအလုပ်သမား ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က ဗုဒ္ဓဟူးနေ့တွင် ကြိုဆိုခဲ့သည်။

ယခု ဆောင်ရွက်မှုသည် တရားမဝင် လုပ်သားများ မှတ်ပုံတင်ရန် အထောက်အကူပြုမည် ဖြစ်ပြီး ထိရောက်သော ပြန်ပို့မှုများကို အဆင်ပြေ ချောမွေ့စေလိမ့်မည်။

နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အရ ထိုင်းအာဏာပိုင်များက မြန်မာ အလုပ်သမားများအား ထိုင်းတွင် ၂ နှစ် နေထိုင်ခွင့် လိုင်စင် ထုတ်ပေးမည် ဖြစ်သည်။

မစ္စတာ ချာလန်ချိုင်းနှင့် ဦးမောင်မြင့်သည် ရနောင်းရှိ နိုင်ငံသား စီစစ်ရေး စင်တာကို သွားရောက်ကာ နယ်စပ် ဖြတ်ကူးခွင့် လက်မှတ်များကို ထုတ်ပေးခဲ့ကြသည်။ လတ်တလော မြန်မာ အလုပ်သမား ၄၀၀ ခန့် စိစစ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေကြသည်။

ယခု စင်တာကသည် တရားမဝင် အလုပ်သမားများ မှတ်ပုံတင်ခြင်းကို အချိန်မီ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ၂၀၀၉ ဇူလိုင် ၁၀ ရက်မှ ၂၀၁၀ ဇူလိုင် ၁၀ ရက် အတွင်း တာချီလိတ်၊ ဗစ်တိုးရီးယား အငူနှင့် မြဝတီရှိ ရုံးခွဲများတွင် တစ်ရက်လျှင် အလုပ်သမား ၃၀၀ မှ ၅၀၀ အထိ မှတ်ပုံတင်ခဲ့ကြပြီး စုစုပေါင်း အရေအတွက် ၁၂၂၁၄၇ ဦး ရှိသည်ဟု သတင်း ရရှိသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment