Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 9th Sept 2010

      မြန်မာနိုင်ငံတွင် ကျင်းမတော့မည့် ရွေးကောက်ပွဲများ လွတ်လပ်မှုနှင့် တရားမျှတမှုရှိစေရန် နိုင်ငံတကာအနေဖြင့် အစွမ်းကုန် သတိထား နိုးကြားကြရမည်ဟု ကုလသမဂ္ဂ ထိပ်တန်း လူ့အခွင့် အရေး အရာရှိက ပြောကြားလိုက်သည်။

      ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Navi Pillay က "ပိတ်ပင်တားဆီးမှု၊ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုများစသည့် အန္တရာယ်များနှင့် ကြုံတွေ့ဖွယ်ရှိသူများကို အကာအကွယ် ပေးကြရမည်" ဟု ပြောကြားခဲ့သော်လည်း မည်သို့ ပြုလုပ်ရမည်ကို သူမက အသေးစိတ် ပြောကြား ခဲ့ခြင်းမရှိပါ။

      စစ်ဖက်က အုပ်ချုပ်လျက်ရှိသော အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း ပထမဆုံး ပြည်လုံးကျွတ် မဲပေးပွဲကို နိုဝင်ဘာလဆန်းတွင် ကျင်းပရန် စီစဉ်ထားသည်။

      ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော Ms Pillay ၏ မှတ်ချက်များမှာ ဂျီနီဗာတွင် တနလာင်္နေ့၌ စတင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃ပတ်ကြာ အစည်းအဝေးတွင် သူမပြောကြားသည့် အဖွင့် မိန့်ခွန်း၏ တစိတ်တဒေသ ဖြစ်သည်။

      အဆိုပါ မိန့်ခွန်းတွင် တရုတ်၊ ပြင်သစ်၊ အီရန်၊ အမေရိကန်ပြည်ထောင်စု စသော ကမ္ဘာတလွှားမှ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများစွာကို ရည်ညွှန်းပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment