Transparency Myanmar

transparency.myanmar@gmail.com

By Gerry Abbott; The Guardian Article, 9th Sept 2010

      မြန်မာစစ်ဖက်အစိုးရကို ဆန့်ကျင်သည့် ကြီးကျယ်သော ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့သည့်ကာလ အတောအတွင်း ၁၉၈၈ ခုနှစ်တွင် ကျွန်တော် မြန်မာနိုင်ငံ၌ နေထိုင်လျက် ရှိသည်။

      ကျွန်တော်၏ ဒိုင်ယာရီ မှတ်တမ်းများအရ ၁၉၉၀ ကာလ မန္တလေးမြို့ကို ပြန်ပြောင်း သုံးသပ်ကြည့်သောအခါ ပြည်သူလူထုက မြန်မာ့အသံ (BBS) ၏ သတင်း ထုတ်လွှင့်မှုများကို အရေးမထား၊ ဂရုမစိုက်ကြပုံနှင့် BBC သတင်းများကို ပို၍ပို၍ ယုံကြည် လက်ခံလာကြပုံကို သတိရမိသည်။

      သို့ဖြစ်ရာ မနက်ခင်း ၇း၁၅ နှင့် ညပိုင်း ၈း၁၅ အချိန်များတွင် မန္တလေးမြို့၏ ညံ့သက် နွေးထွေးသော လေထုထဲ၌ BBC ၏ မှန်ကန်ခိုင်မာသော လေလှိုင်းသံများသာ ပြည့်လျှံနေပါတော့သည်။

      BBC ကို ရက်အနည်းငယ် အကြာတွင်မူ မြန်မာ့အသံ (BBS)သည် BBC ကို သိက္ခာချရန် ကြိုးစားသည့်အနေဖြင့် ပုတ်ခတ်ပြောဆိုမှုများ စတင် ပြုလုပ်လာကြောင်း သိရှိရသည်။

      သို့သော်လည်း တစ်ခုတည်းသော ရလဒ်မှာ BBC ကို ယခုအချိန်တွင် အားလုံးက မက်မက်မောမော နားဆင်နေကြခြင်းပင် ဖြစ်သည်။

      ထိုညက ၈း၁၅ အချိန်တွင် တစ်ရပ်ကွက်လုံးမှ ရေဒီယိုများက BBC မြန်မာပိုင်းအစီအစဉ် သတင်းများကို ကျယ်လောင်စွာ ဖွင့်နေကြခြင်းကို ကျွန်တော် မှတ်တမ်းတင်ထားခဲ့သည်။ BBC သည် ထိုအနေအထားကို ယခုအချိန်အထိ ရရှိနေဆဲဖြစ်သည်။

      "နိုင်ငံတစ်ခုသည် နိုင်ငံသားများအား အမှန်ကိုသာ ပြောဆိုသင့်သည်"ဟူသော အဆိုအမိန့်တစ်ခုအရ အကြံပြုလိုသည်မှာ "BBC မြန်မာပိုင်း အစီအစဉ်သည် ကုန်ကျစရိတ် ကြီးမားသော အစီအစဉ်ဖြစ်နေခဲ့လျှင် ယခုအချိန်၌ ရန်ပုံငွေ ထပ်မံ ဖြည့်တင်းပေးကြရမည်" ဟူ၍ပင်ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment