Transparency Myanmar

transparency.myanmar@gmail.com

Gulf News, 22nd September 2010

အကယ်မြန်မာနိုင်ငံမှ နိုဝင်ဘာ ရွေးကောက်ပွဲများ၏ တရားမ၀င်မှုအပေါ် သံသယ တစ်စုံတစ်ရာ ရှိခဲ့ပါက ယခုအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မဲပေးခွင့်ကို တစ်ဖက် အစိုးရက တရားဝင် ပိတ်ပင်လိုက်သောကြောင့် တရားဥပဒေနှင့် ညီညွှတ်မှု ပုဝါပါးလေးမှာ တစ်ကြိမ် တည်းနှင့် လွင့်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာတွင် Burma ဟုသာ သိကြသည့် မြန်မာနိုင်ငံမှ လာမည့် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အောင်ပွဲခံခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လွန်ခဲ့သည့် အနှစ် ၂၀ လုံးလုံး စစ်ဖက် အစိုးရက လက်ခံရန် ငြင်းဆန်ခဲ့ပြီး ကြံရာ မရသည့် စစ်ဗိုလ်ချုပ်များမှာ နောက်ဆုံးတွင် နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုများ၊ အစိုးရ ဦးဆောင်သည့် ဖိနှိပ်မှုများ၊ အရပ်ဖက် လူထု၏ အာဏာကို ဖျက်ဆီးရန် ဥပဒေမဲ့ ကျူးလွန်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

လူထု၏ ဆန္ဒပြမှု မှန်သမျှကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ စစ်တပ်ဖြင့် နှိမ်နှင်းခြင်းတို့ဖြင့် ဖြိုခွဲခဲ့ ပြီး အမျိုးသမီး တစ်ဦးမျှသာ ဖြစ်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် အနှစ် ၂၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြသည်။ သူမအပေါ် နောက်ဆုံးအကြိမ် အပြစ်ပေးမှုမှာ ရွေးကောက်ပွဲ အပြီး ၆ ရက်အကြာ နိုဝင်ဘာ ၁၃ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။

အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်များအရ ပြစ်ဒဏ် ကျခံနေရသူ မည်သူကိုမဆို မဲပေးခွင့် ပိတ်ပင်ထားသည်။

အာဏာရ စစ်ဖက်အစိုးရ၏ ညှင်းပန်း နှိပ်စက်သော မူဝါဒများကြောင့် နိုင်ငံရေး တက်ကြွသည့် ပြည်သူများမှာ စစ်မှန်သော အဓိပ္ပာယ်ဖြင့် မဲပေးခြင်းကိုပင် တားဆီး ခံနေရသည်။ နိုဝင်ဘာလ မည်သည့်ရလဒ်မျိုး ထွက်ပေါ်လာပါစေ၊ (အစိုးရ၏ လက်သပ်မွေး ပါတီ အနိုင်ရရှိခြင်းကို ဆိုလိုသည်) ယင်းရွေးကောက်ပွဲသည် စစ်အစိုးရ၏ တရားမ၀င်မှုကို တရားဝင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment