Transparency Myanmar

transparency.myanmar@gmail.com

Asia News, 22nd September 2010

မြန်မာနိုင်ငံအား အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၄.၂ဘီလီယံ (ယွမ် ၃၀ဘီလီယံ) ထုတ်ပေးရန် တရုတ်နိုင်ငံက သဘောတူလိုက်ပြီ ဖြစ်သည်။ စက်တင်ဘာ ၇ မှ ၁၁ ထိကြာမြင့်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၅ ရက်ကြာ တရုတ် ခရီးစဉ်တွင် အဆိုပါ သဘော တူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ အစိုးရ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ၀န်ကြီးဌာနက ကြေညာသည်။ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တရုတ်သမ္မတ ဟူကျင်တောင် ဘေဂျင်းမှာ တွေ့ဆုံကြပြီးတဲ့နောက် အတိုးမဲ့ ချေးငွေ သဘော တူညီချက် ရခဲ့တာပါ" ဟု ၀န်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည့် ဖိနှိပ် အုပ်စိုးသော အစိုးရ အုပ်ချုပ်သည့် မြန်မာ နိုင်ငံမှာ အမြဲလိုလို စွမ်းအင်နှင့် ကုန်ကြမ်းများ ဆာလောင်နေသည့် တရုတ် လော်လီကားကြီးအတွက် စိတ်ဝင်စားစရာ အနေအထား တစ်ရပ် ဖြစ်နေသည်။ ထိုသို့ ရှုမြင်မှုကြောင့်ပင် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်ရောက် မစွက်ဖက်ရေး မူဝါဒကို လေးစားရမည်ဟု ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၃၅ ဦး ကိုယ်စားလှယ် အဖွဲ့တို့၏ တရုတ် ခရီးစဉ်မှာ တင်းကျပ်စွာ ထိန်းချုပ်ထားရန် လိုအပ်သော နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်နှင့် မြန်မာအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ခိုင်မာစေရန် ရည်ရွယ် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံတွင်း တရုတ် ရင်းနှီး မြှုပ်နှံမှုများမှာ လတ်တလော နှစ်များအတွင်း ကြီးထွားလာခဲ့ပြီး ယခုအခါ တရုတ်သည် ထိုင်းနှင့် စင်ကာပူ၏ နောက်တွင် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်လျက် ရှိသည်။ ယခုနှစ် ဇန်န၀ါရီလတွင် တရုတ်က မြန်မာနိုင်ငံ အမေရိကန် ဒေါ်လာ ၁.၈ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့သည်။ ယခု ပုံစံအတိုင်း ဆက်သွားပါက တရုတ်သည် မကြာမီအတွင်း မြန်မာနိုင်ငံ ထိပ်ဆုံး ရောက်သွားလိမ့်မည်ဟု Central Statistical Organization လေ့လာမှု အစီရင်ခံစာက ဆိုသည်။ တရုတ် ပြည်မကြီးနှင့် ဟောင်ကောင်မှ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများမှာလည်း ဇွန်လတွင် အမေရိကန် ဒေါ်လာ ၂.၃ ဘီလျံအထိ ရောက်ရှိခဲ့သည်။

"ဒီနှစ် ၃၀ ချေးငွေက ရေအား လျှပ်စစ် စီမံကိန်းတွေ၊ ကားလမ်း၊ ရထားလမ်း စီမံကိန်းတွေ၊ သတင်းနဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွေ အတွက် ရန်ပုံငွေ ကြီးကြီးမားမား ထောက်ပံ့ဖို့ ရည်ရွယ်တာပါ" ဟု မြန်မာ ၀န်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

သို့သော်လည်း ရန်ကုန်မှ အမည် မဖော်လိုသော စီးပွားရေး ပညာရှင် တစ်ဦးက "အခုလို တရုတ် ဆီက ချေးငွေကို လက်ခံလိုက်တဲ့ အတွက် ကြီးမားတဲ့ တရုတ်လွှမ်းမိုးမှုနဲ့ တရုတ်ကုမ္ပဏီတွေ၊ အလုပ်သမားတွေ ဝင်ရောက်လာမှုကို မြန်မာ စစ်အစိုးရက တံခါးဖွင့်ပေးရတဲ့ ကိန်းကို ဆိုက်တော့မှာပါ" ဟု သုံးသပ် ပြောကြားသည်။

"ဒီသဘော တူညီချက်ကနေ ပေါ်ပေါက်လာမယ့် စီးပွားရေး အခွင့်အလမ်းတွေကို သာမန် ပြည်သူတွေ ရမှာ မဟုတ်ပါဘူး။ ဒီချေးငွေတွေကို ဘယ်လို သုံးစွဲမယ် ဆိုတာကို အစိုးရက ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သန်းရွှေက စစ်တပ် ဖွံ့ဖြိုးရေးကဏ္ဍမှာ ဘယ်လောက် ဖြုန်းပစ်မလဲ ဆိုတာ မသိနိုင်ပါ ဘူး" ဟု ယင်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး စုဝေးမည့် လွှတ်တော် အသစ်သို့ စစ်ဖက် အသုံးစရိတ်များကို တင်ပြလိမ့်မည် မဟုတ်ဟု စစ်ဖက် သတင်းရပ်ကွက်မှ ကြားသိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment