Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ ငါးဖမ်းသင်္ဘောမှ ကပ္ပတိန်ဖြစ်သူကို ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံး အနေဖြင့် အစွန်းရောက် အမျိုးသားရေး အယူဝါဒကို ရှောင်ရှားရန် ဂျပန်နိုင်ငံက တရုတ်နိုင်ငံအား သတိပေး ပြောဆိုလိုက်သည်။

လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် အရေးကိစ္စနှင့် ပတ်သက်၍ နောက်ထပ် တင်းမာမှုများ ဖြစ်ပေါ်မလာစေရန် ဖြစ်နိုင်ခြေ ရှိသည့် နည်းလမ်းများကို အသုံးပြုလိုကြောင်း ဂျပန် အစိုးရက ဆိုသည်။

ဂျပန်အစိုးရမှ အဆင့်မြင့် အရာရှိကြီးများနှင့် အဆက်အသွယ် ပြုလုပ်မှုကို တရုတ် နိုင်ငံဘက်က ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ပြဿနာ တက်နေသော ပင်လယ်ပြင် အတွင်း ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိပြီးနောက် ဂျပန်နိုင်ငံက ဖမ်းဆီးထားသော ငါးဖမ်းသင်္ဘော ကပ္ပတိန်အား အမြန်ဆုံး လွှတ်ပေးရန် တရုတ်က တောင်းဆိုထားသည်။

တိုကျို အခြေစိုက် BBC သတင်းထောက် Roland Buerk အဆိုအရ ဂျပန်အစိုးရသည် နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသော တင်းမာမှုများနှင့် ရန်မီးများကို တရုတ်နိုင်ငံ အနေဖြင့် လျှော့ချလာရေးအတွက် သွေးဆောင် စည်းရုံးရန် ကြိုးပမ်းလျက် ရှိသည်။

ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် Yoshito Sengoku က "ဂျပန်နှင့် တရုတ် သာမက အခြားသော နိုင်ငံများမှ အရာရှိကြီးများ အနေဖြင့် အမြင် ကျဉ်းမြောင်းပြီး အစွန်းရောက်လွန်းသော အမျိုးသားရေး ဝါဒကို ထုတ်ဖော် မကျင့်သုံးရန် လိုအပ်ကြောင်း" ပြောကြားသည်။

ဂျပန်နှင့် တရုတ်နှစ်နိုင်ငံအကြား အခြေအတင် အငြင်းပွားမှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အရှေ့တရုတ် ပင်လယ်အတွင်းရှိ နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသော လူသူမနေသော ကျွန်းများအနီး ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျွန်းများသည် ထိုင်ဝမ် မြောက်ဘက် နှင့် ဂျပန်နိုင်ငံ တောင်ဘက် အိုကီနာဝါ ဒေသတွင် တည်ရှိပြီး ငါးအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသည်။ ထိုင်ဝမ်ကလည်း သူပိုင်သည် ဟူ၍ အလားတူ ထုတ်ဖော် ပြောဆိုထားသည်။

တရုတ် ငါးဖမ်းသင်္ဘောကို ဖမ်းဆီးခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ဂျပန် ကင်းလှည့်သင်္ဘောကို တမင်တကာ ဝင်တိုက်ခဲ့သည်ဟု သံသယ ရှိသောကြောင့် ဖြစ်သည်။ လတ်တလော ကာလတွင် ရှန်ဟိုင်း ကုန်စည်ပြပွဲသို့ သွားရောက်ရန် စီစဉ်ထားသည့် ဂျပန်လူငယ် ၁၀၀၀ အား တရုတ်နိုင်ငံက လက်သင့်မခံတော့ကြောင့် ထုတ်ဖော် ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment