Transparency Myanmar

transparency.myanmar@gmail.com

BBC News, 22nd September 2010

ကုလသမဂ္ဂ၏ အရေးယူမှုများ ချမှတ်အပြီး သုံးလ အကြာတွင် ကရင်မလင်သည် အီရန်သို့ S-300 ကာကွယ်ရေး ဒုံးကျည်စနစ် ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။

ရောင်းချမှု တားမြစ်သည့် အမိန့်အား သမ္မတ Dmitry Medvedev က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက စစ်ဦးစီး အရာရှိချုပ် အကြီးအကဲ Nikolai Makarov က ဒုံးကျည်များသည် ဇွန်လက ချမှတ်ခဲ့သော အရေးယူမှုများတွင် သေချာပေါက် ပါဝင်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ထိုအချိန်က ရုရှား နိုင်ငံခြားရေး ၀န်ကြီးက S-300 သဘော တူညီမှုကို ထိခိုက်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အီရန် အနေဖြင့် S-300 စနစ်ကို ပိုင်ဆိုင်ခြင်းဖြင့် ယင်း၏ နျူကလီယာ အဆောက်အဦများကို လေကြောင်းမှ တိုက်ခိုက်မှုအား ကာကွယ်ရာတွင် အထောက်အကူပြုသည်။

သမ္မတ၏ အမိန့်ကို ကရင်မလင် Website တွင် ဖော်ပြထားရာ S-300 အပါအ၀င် စစ်သုံးပစ္စည်းများကို စာရင်း ပြုစု ဖော်ပြထားသည်။ အဆိုပါ အသုံးပစ္စည်းများသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စတုတ္ထ အကြိမ်မြောက် ချမှတ်သော အရေးယူမှုများတွင် အီရန်သို့ တင်ပို့ရန် တားမြစ်ထားသော ပစ္စည်းများ ဖြစ်သည်။

"ဆုံးဖြတ်ချက်ကတော့ S-300 စနစ်ကို အီရန်ကို မရောင်းဖို့ပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး Makaov က မော်စကို ပြင်ပရှိ Ramenskoye လေဆိပ်တွင် အဆိုပါအမိန့် ထုတ်ပြန်ပြီး မကြာမီ ပြောကြားခဲ့သည်။

"အရေးယူမယ့် အစီအစဉ်တွေကို သူတို့ကတော့ သေချာပေါက် ကန့်ကွက်မှာပါ" ဟု ယင်းက ဆိုသည်။

"အကယ် ရုရှားက အီရန်နှင့် ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းခဲ့လျှင်" ဟူသော မေးခွန်းကို မေးမြန်းရာ ယင်းက "ကျွန်တော်တို့ တွေ့ရမှာပါ။ ဒီကိစ္စက အီရန် ဘယ်လို ပြုမူ ဆောင်ရွက်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်" ဟု ဖြေကြားသည်။

အရေးယူ ပိတ်ဆို့မည့် အစီအစဉ်သစ်များသည် S-300 ဒုံးကျည် ကန်ထရိုက် စာချုပ်အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ဟု နိုင်ငံခြားရေး ၀န်ကြီး ဆာဂျီလာ ဗရော့ပ်က ဇွန်လတွင် ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း ထိုသို့ ပြောကြားပြီး များမကြာမီတွင် ၀န်ကြီးချုပ် ဗလာဒီမာပူတင်က ဒုံးကျည် ရောင်းချမှုကို ဆိုင်းငံ့ထားသည်ဟု ပြောကြားခဲ့ခြင်းကို ပြင်သစ် သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေမှုကို တားဆီးရေးအတွက် အစ္စရေး က အီရန်နျူကလီယာ အဆောက်အဦများကို ဗုံးကြဲရန် ကြိုးစားဖွယ် ရှိသည် ဟူသော မှန်းဆချက်များ အချိန်ကြာမြင့်စွာကပင် ထွက်ပေါ်နေခဲ့သည်။ အီရန်ကမူ နျူကလီယာ လက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသည် ဟူသော သတင်းကို ငြင်းဆန်ခဲ့ပြီး ယင်း၏ နျူကလီယာ အစီအစဉ်သည် လုံးဝ အရပ်ဖက်သုံးသာ ဖြစ်သည်ဟု ခုခံ ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment