Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 23rd September 2010

တရုတ်နိုင်ငံက ယင်း၏ ယွမ်ငွေကို တမင်တကာ တန်ဖိုးချထားခြင်းအတွက် အရေးယူ ဒဏ်ခတ်မည့် ဥပဒေကို အမေရိကန် လွှတ်တော် အမတ်များက လာမည့် အပတ်တွင် မဲခွဲ ဆုံးဖြတ်ကြမည် ဖြစ်ပြီး ကွန်ကရက် ရွေးကောက်ပွဲများ နီးကပ်လာခြင်းကြောင့် အဆိုပါ ကိုင်တွယ် ရခက်သည့် ကိစ္စအပေါ် နိုင်ငံရေးအရ ထောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယွမ်ငွေကို ဒေါ်လာနှင့် လွတ်လပ်စွာ ချိတ်ဆက် ပကတိအတိုင်း တန်ဖိုး တက်လာစေရန် တရုတ်ကို ဖိအားပေးမည့် ဥပဒေ မူကြမ်းအား မဲခွဲရန် ဆုံးဖြတ်ချက်မှာ သမ္မတ အိုဘားမားနှင့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့ နယူးယောက်တွင် မတွေ့ဆုံမီ တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ် ငွေကြေး မူဝါဒကို အရေးယူမည့် ဥပဒေမူကြမ်းကို ကွန်ကရက် လွှတ်တော် ကော်မတီတွင် သောကြာနေ့ မဲခွဲရန် စီစဉ်ထားပြီး ကွန်ကရက် လွှတ်တော် တစ်ခုလုံး အနေဖြင့် လာမည့် အပတ်တွင် မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရကြောင်း၊ ဒီမိုကရက်တစ် လက်ထောက် အကြံပေးများက ပြောကြားသည်။

တရုတ်နိုင်ငံသည် တရုတ် ကုမ္ပဏီများ ကုန်သွယ်ရေး အသာစီးရစေရန် ယွမ်ငွေကို ၂၅ % မှ ၄၀ % အထိ အလွန်အကျွံ တန်ဖိုးချခြင်းကို တမင်တကာ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန် ပို့ကုန် ပို့ကုန် လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက် နစ်နာစေခဲ့သည်ဟု လွှတ်တော်တွင်းနှင့် လွှတ်တော် ပြင်ပမှ ဝေဖန် ဆန်းစစ်သူများက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် ယွမ်ငွေ တန်ဖိုး မြှင့်ခြင်းကို အပြည့်အ၀ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် ဘေဂျင်းကို အရေးယူမည့် ဥပဒေကို ပြဌာန်းရန် အမေရိကန် လွှတ်တော် အမတ်များက စီစဉ်နေသည့် အားလျော်စွာ တရုတ်၏ မူဝါဒအပေါ် ၀ါရှင်တန်က ပြင်းထန်စွာ သတိပေးမှု ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အိုဘားမားက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လွှတ်တော် အမတ်များသည် ယခုကိစ္စကို နှစ်အတန်ကြာ ဖိအားပေးခဲ့ကြရာတွင် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သော်လည်း ယခုအခါ အရှိန်ရလာသည့် လက္ခဏာ ရှိနေသည်။ ကွန်ကရက် ရွေးကောက်ပွဲများ ကျင်းပရန် သီတင်း ၆ ပတ်မျှသာ လိုတော့ခြင်းကြောင့် အလုပ် လက်မဲ့နှုန်း မြင့်မား လာခြင်းမှာ ထိပ်တန်းကိစ္စ ဖြစ်လာခဲ့ပြီး ပါတီ၂ ခုစလုံး၏ ထောက်ခံမှုကို ရရှိလာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment