Transparency Myanmar

transparency.myanmar@gmail.com

Editorial From The Washington Post, 9th October 2010

Obama အစိုးရသည် ပြဿနာ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သော်လည်း၊ မြောက်ကိုးရီးယားကိုမူ ယခု အချိန်အထိ လက်တကမ်းလောက် အကွာတွင်သာ ထား၍ ဆက်ဆံလျက် ရှိသည်။ ၎င်း၏ "ဗျူဟာမြောက် သည်းခံခြင်း" မဟာဗျူဟာသည် ပြုံယမ်း၏ အချိန်ကြာနေပြီ ဖြစ်သော ပုံမှန် လုပ်နေကျ နျူကလီယာ လျော့ချရေး လုပ်ငန်းစဉ်မှ သွေဖယ်၍ လမ်းစဉ် အသစ် တွေ့ရှိရေး အတွက် ဖြစ်သည်။ ပြုံယမ်းသည် နျူကလီယာ ဖျက်သိမ်းရေး အတွက် ကတိများ ပေးလိုက်၊ အကူအညီ ငွေများ ရယူလိုက် ပြုလုပ်ပြီးနောက်၊ ပုံမှန် အချိန်ဆွဲလိုက်နှင့် သံသရာ လည်လျက် ရှိသည်။ ထို့ကြောင့် အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့က ညှိနှိုင်းမှုများ အသစ် မစတင်မီ ကင်ဂျုံအီ အစိုးရ အနေဖြင့် နျူကလီယာ လက်နက် ဖျက်သိမ်းရေးအတွက် အလေးအနက် ထားသည်ကို ဦးစွာ သက်သေ ပြသင့်ကြောင်း ထင်မြင်ချက် ပေးကြသည်။

ယခုအထိ မျက်မြင် အခြေအနေ များအရ ချဉ်းကပ်မှုများမှာ အလုပ် မဖြစ်သေးကြောင်း တွေ့ရှိရသည်။ Institute for Science and International Security  က သောကြာနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြောက်ကိုးရီးယားသည် ယူရေနီယံ သန့်စင်မှုအတွက် သန့်စင်စက်များ တည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ စက်ရုံများသည် Yongbyun ဓါတ်ပေါင်းဖိုမှ ထုတ်လုပ်သော ပလူတိုနီယမ် အပြင် နျူကလီယာ လက်နက်အတွက် ပစ္စည်းသစ် တစ်မျိုးကို ထုတ်ပေးနိုင်သည်။ ထို့အပြင် ၂၀၀၈ ခုနှစ်က ဖျက်ဆီးခဲ့သော Yongbyun  အအေးပေး တာဝါ နေရာတွင် မြေတူးခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကောင်းကင် ဓါတ်ပုံများအရ သိရှိရသည်။ အဆိုပါ အချက်မှာ နျူကလီယာ လက်နက် ပိုင်ဆိုင်သော နိုင်ငံအဖြစ် ညွှန်းဆိုနေသော မြောက်ကိုးရီးယား အစိုးရအတွက် ပလူတိုနီယမ်များ ပိုမို ထုတ်လုပ်ရန် ပြင်ဆင်နေခြင်းအတွက် သက်သေပင် ဖြစ်သည်။

ဒီမိုကရက်တစ် နိုင်ငံများက တောင်ဆိုချက်များနှင့် ဆန့်ကျင်ဖက်များကို လုပ်ဆောင် နေသော်လည်း၊ ကင်ဂျုံအီသည် တရုတ်နိုင်ငံမှ တဆင့်သော်လည်းကောင်း၊ သမ္မတဟောင်း ဂျင်မီကာတာမှ တဆင့် သော်လည်းကောင်း ၎င်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာလိုကြောင်း အချက်ပေး စကား ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲမှာ ဘွတ်ရှ်အစိုးရ လက်ထက် လွန်ခဲ့သော ငါးနှစ်ခန့်မှ စ၍ ပြုလုပ်ခဲ့သည့် မအောင်မြင်သော သံတမန်ရေးရာ လုပ်ငန်းစဉ် တစ်ခု ဖြစ်ခဲ့သည်။ "အခုတော့ ပြုံယမ်းက ညှိနှိုင်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်လိုတဲ့ စိတ်အား ထက်သန်မှု ရှိကြောင်း ထင်ထင်ရှားရှား ပြသနေပါပြီ" ဟု ဂျင်မီကာတာက ပြုံယမ်းသို့ သွားရောက် လည်ပတ်ပြီးနောက် ၎င်း၏ အမြင်ကို New York Times တွင် ပြီးခဲ့သည့် လက ရေးသားခဲ့သည်။ တစ်နည်း ပြောရလျှင် ကင်ဂျုံအီသည် အနောက် နိုင်ငံများသို့ နျူကလီယာ အစီအစဉ်များ ရပ်ဆိုင်းပြီး၊ လက်နက် ဖျက်သိမ်းရေး စကားပြောမှုများတွင် ပါဝင်လိုကြောင်း မျှော်လင့်ချက်များ ပေးပြီး အကူအညီများ တောင်းကာ အရေးယူမှုများ ရုပ်သိမ်းရေးကို ၎င်း၏ လှည့်စားချက်အား ပြန်လည် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ကင်ဂျုံအီသည် ယခင်က ဘယ်သောအခါမျှ ရိုးရိုးသားသား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း မရှိပေ။ ဥပမာအားဖြင့် မြောက်ကိုးရီးယား အစိုးရသည် ယူရေနီယံ သန့်စင်မှု လုပ်ငန်းနှင့် ပတ်သက်၍ အသိပေးရန် ငြင်းဆန်ခဲ့ပြီး၊ ထိုကိစ္စကို အစောပိုင်း ဆွေးနွေးပွဲများတွင် ထည့်သွင်းခြင်း မပြုရန် ဘွတ်ရှ် အစိုးရသို့ အတင်းအကျပ် ဖိအားပေးခဲ့သည်။ ကင်ဂျုံအီသည် လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ လောလောဆယ် အလေးအနက် ရှိသည့်ပုံ မပေါ်ဘဲ ယင်း၏ နေရာ ဆက်ခံမည့် သူအဖြစ် သားဖြစ်သူ Kim Jong-un ကို ထားရန် ကြိုးစားလျက် ရှိသည်ကို ယင်း၏ ဗိုလ်ချုပ်များကလည်း မည်သို့မျှ မတတ်နိုင်ကြချေ။ အကယ်၍ Obama  အစိုးရသည် ဂျင်မီကာတာ၏ အကြံပြုချက်အတိုင်း တွေ့ဆုံ ညှိနှိုင်းရေးကို အလျင်စလို ပြုလုပ်မပါက၊ မြောက်ကိုးရီးယားတို့၏ တောင်းဆိုမှုများကို သဘော တူရလိမ့်မည် ဖြစ်ပြီး၊ ကင်ဂျုံအီ၏ အသွင် ကူးပြောင်းရေး ကိစ္စ အောင်မြင်အောင် ကူညီပေးသလို ဖြစ်တော့မည် ဖြစ်သည်။ အမေရိကန် အနေဖြင့် စိတ်ရှည်ရှည်နှင့် ပြုံယမ်းအပေါ် အရေးယူမှုများ ပိုမို တင်းကြပ်အောင် ဆက်လုပ်ရမည် ဖြစ်ပြီး၊ တရုတ်ကိုလည်း မြောက်ကိုးရီးယားအပေါ် နျူကလီယာ လုပ်ငန်းစဉ်များ လုပ်ကိုင်ခွင့် ပြုထားခြင်းသည် ဒေသတွင်း လုံခြုံရေးကို အန္တရာယ် ဖြစ်စေကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် ဖြစ်သည်။ ထို့အပြင် မြောက်ကိုးရီးယား၏ ယူရေနီယံ သန့်စင်စက်များနှင့် နျူကလီယာ ပစ္စည်းများ အခြားနိုင်ငံများသို့ မတင်ပို့နိုင်ရေးကို ကာကွယ်ရန်လည်း ပစ်မှတ်ထား လုပ်ဆောင်ရမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment