Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Round Up, 9th October 2010

မြန်မာနိုင်ငံတွင် အဓမခိုင်းစေမှုများ အဆုံးသတ်ခြင်း၊ လူ့အခွင့်အရေး ပြန်လည် မြင့်တင်ခြင်း၊ မပြုလုပ်သေးသရွေ့ မြန်မာ စစ်ဖက် အစိုးရနှင့် ကုန်သွယ်ခြင်း၊ ရင်းနှီး မြုပ်နှံခြင်းများကို ဆက်လက် သပိတ်မှောက်ကြရန် ကုန်သွယ်ရေး သမဂအုပ်စုက တိုက်တွန်းလျက် ရှိသည်ဟု နိုင်ငံတကာ ကုန်သွယ်ရေး သမဂအဖွဲ့ချုပ် (ITUC) က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများကို စစ်အစိုးရအပေါ် ဖိအား ဖြေလျှော့ပေးရန် အကြောင်း တစ်ရပ်အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အချို့ကှုမြင်နေခြင်းကို စိုးရိမ် ပူပန်မိကြောင်း အားလုံး သက်ဆိုင် ဒီမိုကရေစီ ပြည့်ဝသော အခြေခံဥပဒေနှင့် လူ့အခွင့်အရေး အပြည့်အ၀ လေးစားမှုသို့ ဦးတည်သည့် ထင်ရှားသော တိုးတက်မှုများ ရှိလာသည်အထိ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် မြန်မာစစ်ဖက် အစိုးရအပေါ် သိသိသာသာ ဖိအား တိုးမြှင့်သွားရန် လိုအပ်ကြောင်း ITUC က နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။

ဘရမ်ဆဲ အခြေစိုက် ITUC သည် နိုင်ငံပေါင်း ၁၅၁ နိုင်ငံမှ အဖွဲ့ဝင် အလုပ်သမား ၁၇၆ သန်း အတွက် အခွင့်အရေးများ တောင်းဆိုပေးသော အဖွဲ့ ဖြစ်သည်။

ယခု မြန်မာ အစိုးရအပေါ် အသစ် ထပ်မံ ဝေဖန်ပြစ်တင်မှုကို ASEM ခေါင်းဆောင်များထံ ဦးတည် ထုတ်ပြန်ခြင်း ဖြစ်သည်။ ASEM သည် အာရှနှင့် ဥရောပ သမဂနိုင်ငံများ၏ လျော့တိလျော့ရဲ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးရန် ဘယ်လဂျီယံတွင် တွေ့ဆုံခဲ့ကြသည်။

ASEAN အစိုးရများနှင့် လုပ်ဖော်ကိုင်ဖက်များသည် မြန်မာ စစ်အစိုးရ အာဏာ ဆက်လက် ခိုင်မြဲစေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြုပ်နှံမှုများကို ဖြတ်တောက်ခြင်းအားဖြင့် ယင်းတို့ တာဝန် ရှိသော အပိုင်းကို လုပ်ဆောင်သင့်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ အဓမ္မ ခိုင်းစေ ညင်းပန်းမှုများကို စုံစမ်းမည့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO ၏ ကြိုးပမ်း အားထုတ်မှုများကိုလည်း အားပေး ထောက်ခံကြရန် ASEM ကို တောင်းဆို ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment