Transparency Myanmar

transparency.myanmar@gmail.com

Weekly Business Roundup, 9th Oct 2010

မြန်မာ နိုင်ငံမှ ဆန်အမြောက်အမြား ဝယ်ယူမည့် အိန္ဒိယ မဏိပူရ ပြည်နယ်၏ အစီအစဉ်ကို နယူးဒေလီ ဗဟိုအစိုးရက ပိတ်ဆို့ တားဆီးလျက် ရှိသည်ဟု ပြည်တွင်း မီဒီယာက အခိုင်အမာ ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မဏိပူရ ပြည်နယ်၏ မြို့တော် အင်ဖားမှ အာဏာပိုင်များက မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၀,၀၀၀ ဝယ်ယူလိုသော်လည်း ဗဟို အစိုးရက သွင်းကုန် လိုင်စင် ထုတ်ပေးခဲ့ခြင်း မရှိဟု The Sangai Express သတင်းစာက ဖော်ပြသည်။

အိန္ဒိယ ဗြူရိုကရေစီ ယန္တရားက နယ်စပ် ကုန်သွယ်ရေး အပေါ် မည်သို့ ဟန့်တားသည်၊ နယူးဒေလီ၏ "အရှေ့မျှော်" မူဝါဒကို မည်သို့ နှောင့်ယှက်သည်ကို ယခု ကိစ္စက ညွှန်ပြနေသည်။

အိန္ဒိယ မဏိပူရ ပြည်နယ်သည် ကောက်ပဲသီးနှံ အထွက်နှုန်း ကျဆင်းခြင်း၊ ပြည်နယ်တွင်း နိုင်ငံရေး ဆ္ဒပြမှုများကြောင့် ကာလ ကြာမြင့်စွာ လမ်းများ ပိတ်ဆို့ကာ အိန္ဒိယ အခြား ပြည်နယ်များမှ စားနပ်ရိက္ခာ ပေးပို့မှု နှောင့်နှေးခြင်း တို့ကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။

မဏိပူရ ပြည်နယ်သို့ ဝင်ရောက်ရာ  အခြားလမ်းများမှာ အလွန် အခြေအနေ ဆိုးသည်ဟု သတင်းစာက ဆိုသည်။

"သွင်းကုန် လိုင်စင် ထုတ်ပေးမယ့် ကိစ္စမှာ အိမ်နီးချင်း ပြည်ပ နိုင်ငံအပေါ် ကောက်ပဲသီးနှံအတွက် မှီခိုနေရတယ် ဆိုတဲ့ ဝေဖန် ပြစ်တင်မှု ထွက်ပေါ်လာမှာကို အိန္ဒိယ ဗဟို အစိုးရက စိုးရိမ် ပူပန်နေတာပါ" ဟု ပြည်နယ် အစိုးရ အရာရှိများ၏ မှတ်ချက်ပေးမှုကို သတင်းစာက ပြန်လည် ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment