Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinping ကို သြဇာ အာဏာ ကြီးမားသော စစ်ရေး ကော်မရှင်၏ ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရေးသား ဖော်ပြသည်။ ယခုကဲ့သို့ စစ်ရေး ကော်မရှင်၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးအဖြစ် ရာထူး ခန့်အပ်လိုက်ခြင်းသည် သမ္မတ ဟူဂျင်တောင်း နေရာကို ဆက်ခံရန် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟု ယူဆရသည်။

ဒုတိယ သမ္မတအား စစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဌအဖြစ် ခန့်အပ်မှုသည် ဘေဂျင်း မြို့တော်တွင် ကျင်းပသည့် ကွန်မြူနစ်ပါတီ နှစ်ပတ်လည် ဆွေးနွေးပွဲ နောက်ဆုံး နေ့ရက်၌ ဖြစ်ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ အသက် ၅၇ နှစ် အရွယ် ရှိသော မစ္စတာ Xi Jinping သည် ယင်းသို့ ရာထူး တိုးမြှင့်ခြင်း ခံရလိမ့်မည်ဟု ကာလ ကြာရှည်စွာ ထင်ကြေး ပေးခံခဲ့ရသူဖြစ်ပြီး ယခုကဲ့သို့ ရာထူး တိုးမြှင့်လိုက်ခြင်းကြောင့် စစ်ရေး ကော်မရှင်တွင် သမ္မတ ဟူဂျင်တောင် ပြီးလျှင် ဒုတိယမြောက် အရပ်ဘက် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။ မစ္စတာ ဟူဂျင်တောင်မှာ လာမည့် ၂၀၁၂ ခုနှစ်တွင် ကွန်မြူနစ်ပါတီ အကြီးအကဲနှင့် တရုတ်နိုင်ငံ သမ္မတရာထူးမှ အနားယူဖွယ် ရှိသည်။

မစ္စတာ Xi Jinping သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တရုတ် ကွန်မြူနစ် ပါတီ၏ အဖွဲ့ဝင် ကိုးဦးပါ နိုင်ငံရေးဗျူရိုသို့ ရာထူး တိုးမြှင့်ပေးခြင်း ခံရပြီး တရုတ်နိုင်ငံ ဒုတိယ သမ္မတအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ မစ္စတာ Xi သည် တရုတ် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး၏ သားဖြစ်ကာ နာမည်ကျော် Pop အဆိုတော် တစ်ဦး၏ ခင်ပွန်းလည်း ဖြစ်သည်။ ၎င်းသည် ယခင်က တရုတ်ပြည် အရှေ့ပိုင်း Fujian နှင့် Zhejiang ပြည်နယ်တို့တွင် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်အဖြစ် တာဝန် ယူခဲ့ရသည်။ ထို့အတူ ရှန်ဟိုင်းမြို့၏ ထိပ်ပိုင်း ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။

မစ္စတာ Xi သည်၎င်း၏ မိသားစု မျိုးနွယ်ကြောင် "တရုတ်ပြည်၏ မင်းသားကြီး" ဟု သတ်မှတ် ခေါ်ဆိုခံထားရသူ ဖြစ်သည်။ မစ္စတာ Xi ယခုလို အဆင့်မြင့် ရာထူး တိုးမြှင့်ခံရသည်မှာ တစ်ချိန်က တော်လှန်ရေး ခေါင်းဆောင်ကြီး မော်စီတုန်းနှင့်အတူ တိုက်ပွဲဝင်ခဲ့သော သူ၏ ဖခင် တော်လှန်ရေး ပြောက်ကျား Xi Zhongxun ကြောင့် ဖြစ်မည်ဟု ယူဆရသည်။

မစ္စတာ Xi သည် သမ္မတ ဟူဂျင်တောင် ကြိုက်နှစ်သက်သော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဟု ယူဆရသော်လည်း အချို့သော လေ့လာ သုံးသပ်သူများက ယခင် သမ္မတဟောင်း ကျန်ဇီမင်းနှင့် ၎င်း၏ မဟာမိတ်များ၏ စီစဉ်မှုကြောင့် ယခုလို ထင်ပေါ် ကျော်ကြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။ သမ္မတဟောင်း ကျန်ဇီမင်းသည် ရာထူးမှ အငြိမ်းစားယူပြီး ဖြစ်သည့်တိုင် ယနေ့ အချိန်အထိ သြဇာအာဏာ အတော်များများ ရှိနေသေးသည်ဟု ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment