Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်သတ္တ တစ်ပတ်ခန့် အကြာတွင် ဖိလစ်ပိုင် သမ္မတ Benigno Aquino က တယ်လီဖုန်းဖြင့် ဆက်သွယ် စကား ပြောဆိုခဲ့ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဖိလစ်ပိုင် သမ္မတတို့ တယ်လီဖုန်းဖြင့် ပြောဆို ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများကို မကြာမီ ကာလတွင် ထုတ်ပြန် ကြေညာမည် ဖြစ်သည်ဟု ပြောရေးဆိုခွင့် ရှိသူ မစ္စတာ Ricky Carandang က ပြောကြားသည်။

ဖိလစ်ပိုင် နိုင်ငံသည် အရှေ့တောင် အာရှ နိုင်ငံများထဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှု အများဆုံး ပြုလုပ်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ အာဆီယံ နိုင်ငံများသည် အဖွဲ့ဝင် နိုင်ငံ တစ်ခုခု၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ ကျင့်သုံးသော်လည်း ဖိလစ်ပိုင် နိုင်ငံက အခြား နိုင်ငံများနှင့် မတူဘဲ မြန်မာ့ အရေးကို ပြင်းပြင်းထန်ထန် ပြောဆို ဝေဖန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မှုကို ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး မြန်မာ အစိုးရ အနေဖြင့် ဒီမိုကရေစီ ဆက်လက် ဖော်ဆောင်ရန် ပိုမို ထိရောက်မှု ရှိသော အဆင့်သို့ ရှေ့ဆက် သွားရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်ပါက မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် လုံးလုံးလျားလျား ရယ်စရာ ကောင်းသည့် ဖြစ်ရပ် တစ်ခုသာ ဖြစ်လာ လိမ့်မည်ဟု ဖိလစ်ပိုင် အစိုးရက ပြီးခဲ့သည့် မတ်လတွင် ဟောကိန်းထုတ် ပြောဆိုခဲ့သေးသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment