Transparency Myanmar

transparency.myanmar@gmail.com

Calcultta News.Net, 24th November 2010

မြန်မာ နိုင်ငံ အပေါ်တွင် တရုတ်က သြဇာ လွှမ်းမိုးမှုများ ရှိနေချိန်တွင်၊ အိန္ဒိယက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ၎င်း၏ မြန်မာ နိုင်ငံအပေါ် ထားရှိသော မူဝါဒသည် မည်သည့် တတိယ နိုင်ငံ၏ သက်ရောက်မှု မပါပဲ လွတ်လပ်မှု မရှိကြောင်း ပြောခဲ့သည်။

"အိန္ဒိယရဲ့ မြန်မာနိုင်ငံ အပေါ် အပြန်အလှန် ထားရှိသော မူဝါဒဟာ မြန်မာနိုင်ငံမှာ တတိယနိုင်ငံ တစ်ခုရဲ့ ပါဝင် ပတ်သက်မှုနဲ့ မဆိုင်ပါဘူး။ လွတ်လပ်စွာ တည်ရှိပါတယ်" ဟု ပြင်ပ ရေးရာ ဝန်ကြီး Preneet  Kaur က Lok Sabha သို့ ပြောကြားခဲ့သည်။

တရုတ်၏ မြန်မာ နိုင်ငံအပေါ် သြဇာ လွှမ်းမိုးမှုများ နိုးထလာချိန်တွင် နယူးဒေလီသည် ၎င်း၏ မူဝါဒကို ပြန်လည် သုံးသပ်မည်လားဟု သူမအား မေးမြန်းခဲ့သည်။

အိန္ဒိယ နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒသည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးကို အခြေခံထားသော အပြုသဘော ဆောင်သည့် ဆက်ဆံရေး ဖြစ်ကြောင်း သူမက ပြောသည်။

အိန္ဒိယ နိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင်လက ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံတော် လည်ပတ်မှု အဖြစ် လက်ခံခဲ့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံတွင် ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ပြောကြားခဲ့ပြီး၊ အနောက်နိုင်ငံများက မြန်မာ နိုင်ငံအပေါ် ထားရှိသော အရေးယူ ပိတ်ဆို့မှုများကို ဆန့်ကျင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment