Transparency Myanmar

transparency.myanmar@gmail.com

AP, 24th November 2010

တရုတ် နိုင်ငံသည် ရှားပါးသော တွင်းထွက်သတ္တု (rare earth minerals) များအား ဂျပန် နိုင်ငံသို့ ပြန်လည် တင်ပို့ခဲ့ကြောင်း ဂျပန် ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးက ပြောကြားခဲ့သည်။ ၎င်းရှားပါး သတ္တုများကို ဂျပန်နိုင်ငံတွင် အဆင့်မြင့် နည်းပညာသုံး စက်မှု ထုတ်လုပ်မှုများတွင် အသုံးပြုသည်။

ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ သတ္တုများ တင်ဆောင်ထားသော သင်္ဘော နှစ်စီးသည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ကျွန်းပိုင်ဆိုင်မှု ကိစ္စ အငြင်းပွားမှုကြောင့် အဆိုပါ ရှားပါး သတ္တုများ ဂျပန်သို့ တင်ပို့ခြင်းကို ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက တရားမဝင် ပိတ်ပင် ထားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း လိုအပ်သော သတ္တုများကို တင်ပို့သော နိုင်ငံ ဖြစ်သည်။ ၎င်းသတ္တုများသည် အဆင့်မြင့် နည်းပညာသုံး ထုတ်လုပ်မှုများ အတွက် အရေးပါသော သတ္တုများ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment