Transparency Myanmar

transparency.myanmar@gmail.com

www.gasandoil.com, 24th November 2010

တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း CNPC သည် မြန်မာ နိုင်ငံသို့ ဆက်သွယ်မည့် ၇၇၁ ကီလိုမီတာ အရှည် ပိုက်လိုင်း၏ တရုတ်နိုင်ငံအပိုင်း အစွန်းကို စက်တင်ဘာ ၁၄ ရက်က စတင် တည်ဆောက်ခဲ့သည်ဟု ကုမ္ပဏီက ပြောကြားသည်။

တရုတ်-မြန်မာ ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် မြန်မာ အနောက်ဖက် ကမ်းရိုးတန်းရှိ ကျောက်ဖြူ ဆိပ်ကမ်းကို ဆက်သွယ်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ကျောက်ဖြူတွင် ဇွန်လက စတင်ခဲ့သည်ဟု တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံကိန်း ရေးဆွဲမှုအဖွဲ့ ဖြစ်သည့် "အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်" က အတည်ပြုသည်။

ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများကို တစ်ခုနှင့် တစ်ခု မျဉ်းပြိုင် သွယ်တန်းသွားမည် ဖြစ်ပြီး ရေနံ ပိုက်လိုင်းဖြင့် တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်း တန်ချိန် ၂၂ သန်း သယ်ဆောင်ရန် မျှော်လင့်ထားသည်။ ကီလိုမီတာ ၂၈၀၆ အရှည် ရှိသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို ကူမင်းမှ တဆင့် အနီးအနား ဂွမ်ဇီ၊ ကွီကျိုးမြို့များသို့ ဆက်လက် သွယ်တန်းမည် ဖြစ်ကာ နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ သယ်ယူရန် မျှော်လင့်ထားသည်။

"တရုတ်-မြန်မာ ရေနံ ပိုက်လိုင်းတွေဟာ ရေနံစိမ်း တင်သွင်းမှု နည်းလမ်းနဲ့ ရင်းမြစ်တွေကို ခွဲဖြာ ဖြန့်ကျက်ပေးမှာ ဖြစ်ပြီး၊ တရုတ် နိုင်ငံရဲ့ စွမ်းအင် ဖြည့်ဆည်းနိုင်စွမ်းကို အထောက် အကူ ဖြစ်စေမှာပါ" ဟု CNPC အကြီးအကဲ ကျန်ကျားမင်က ပြောကြားသည်။

အာရှ၏ အကြီးဆုံး ရေနံ၊ ဓာတ်ငွေ့ ကုမ္ပဏီ ဖြစ်ပြီး ရှန်ဟိုင်း အခြေစိုက် Petro China ၏ မိခင် ကုမ္ပဏီ ဖြစ်သော China National Petroleum က ပိုက်လိုင်းများကို တည်ဆောက် စီမံ လုပ်ကိုင်မည် ဖြစ်သည်။ အဆိုပါ ပိုက်လိုင်းများသည် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ တင်သွင်းသော ရေနံစိမ်းများကို မလက္ကာ ရေလက်ကြားကို ဖြတ်သန်းစရာ မလိုပဲ တရုတ် နိုင်ငံသို့ ရောက်ရှိ စေမည် ဖြစ်ကာ လက်ရှိ ရေကြောင်း ပို့ဆောင်ရေး လမ်းကြောင်းကို ကီလိုမီတာ ၁၂၀၀ မျှ လျှော့ချနိုင်မည် ဖြစ်သည်။

တရုတ်-ခါဇက်စတန်၊ တရုတ်-ပါကစ္စတန်၊ တရုတ်-ရုရှား ရေနံ ပိုက်လိုင်းများ ပြီးလျှင် စတုတ္တမြောက် တရုတ်-မြန်မာ ရေနံ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၃ တွင် ပြီးစီးရန် မျှော်မှန်းထားသည်။

တရုတ်-ခါဇက်စတန် ရေနံပိုက်လိုင်းသည် ၂၀၁၀ ဇန်နဝါရီတွင် စတင် လည်ပတ်ခဲ့ပြီး၊ တရုတ်-ရုရှား ရေနံပိုက်လိုင်း သည်လည်း ၂၀၁၀ နှစ်ကုန်တွင် စတင် လည်ပတ် နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment