Transparency Myanmar

transparency.myanmar@gmail.com

The Earth Times, 24th November 2010

ဥရောပ သမဂ္ဂ အနေဖြင့် မြန်မာ နိုင်ငံအပေါ် မူဝါဒ ချမှတ်ရာတွင် အဖွဲ့တွင်း စုစည်းမှုဖြင့် ချဉ်းကပ်ရန် တောင်းဆိုလိုက်ပြီး၊ အကယ်၍ မြန်မာ အစိုးရ၏ သွေးခွဲရေး ဗျူဟာတွင်း သက်ဆင်းမိပါက လက်မခံ နိုင်ဖွယ် အခြေအနေများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

"အီးယူ အနေနဲ့ရော တခြား ကျွန်မတို့ရဲ့ မဟာမိတ်တွေရော စုစုစည်းစည်းနဲ့ ချဉ်းကပ်မှုကို ကျွန်မ မြင်ချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျာမန် သတင်းဌာန dpa သို့ တယ်လီဖုန်းဖြင့် အင်တာဗျူးတွင်  ပြောကြားခဲ့သည်။

အသက် (၆၅) နှစ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အပြီး တစ်ပတ်အကြာ နိုဝင်ဘာလ (၁၃) ရက်နေ့က  ခုနှစ်နှစ်အကြာ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ အီးယူ၏ ကြေညာချက် အပေါ် ကျေနပ်မှု မရှိခဲ့ပဲ အားနည်းချက်များ ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

"စုစည်း ညီညွတ်တဲ့ ချဉ်းကပ်မှု မရှိရင်တော့၊ သူတို့ရဲ့ ကြေညာချက်ဟာ ကျွန်မတို့ ဖြစ်စေချင်သလို အားပါတဲ့ ကြေညာချက် ဖြစ်မလာ နိုင်ဘူးလို့ ကျွန်မ ထင်ပါတယ်" ဟု သူမက ပြောသည်။

အီးယူ အဖွဲ့ဝင်များ ကြားတွင် မြန်မာနိုင်ငံ အပေါ်တွင် ချမှတ်ထားသော အရေးယူမှု ကိစ္စရပ်များနှင့် အဆင်းရဲဆုံး မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေး အကူအညီများ ပြန်လည်ပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲလျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အီးယူ၏ မြန်မာ နိုင်ငံအပေါ် ချဉ်းကပ်မှုများနှင့် ပတ်သက်၍ စိုးရိန်မှုများကို ဖော်ပြခဲ့သည်။

"တကယ်လို့ စစ်အစိုးရက သူတို့ကို သွေးခွဲတာကို လက်ခံမယ် ဆိုရင်တော့၊ အီးယူကို လက်မခံနိုင် စရာတွေ ရှိလာမယ်လို့ ကျွန်မ ထင်ပါတယ်" သူမက ပြောသည်။

NLD သည် ယခင်က မြန်မာ နိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံခဲ့သည်။

"ကျွန်မတို့ အရေးယူ ပိတ်ဆို့မှုများနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ပါမယ်။ အရေးယူမှုတွေဟာ ပြည်သူတွေကို တကယ်ပဲ ထိခိုက်သလားဆိုတဲ့ အချက်ပေါ်မှာပဲ အခြေခံ စဉ်းစားမှာပါ။ ပြည်သူတွေက တကယ်ပဲ ထိခိုက်တယ် ဆိုတဲ့ ခိုင်မာတဲ့ အကြောင်း ပြချက်တွေ ရှိမရှိ ပြန်လှန် သုံးသပ် သွားမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment