Transparency Myanmar

transparency.myanmar@gmail.com

(Jan 12 2011 ရက်စွဲပါ  Aisa Times Unline မှ Sudha Remachandran ရေးသားသော Stilwell Rd to be reborn ကို တိုက်ရိုက် ဘာသာပြန်သည်။)

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးတွင် ၎င်း၏ အနောက်မြောက် ဒေသကို ဖြတ်၍ အိန္ဒိယနှင့် တရုတ်ကို ဆက်သွယ်ပေးသော သမိုင်းဝင် စတီးဝဲလ် (Stilwell) လမ်းကို ပြန်လည် ဖွင့်လှစ်ရန် ကာလရှည်ကြာ တုန့်ဆိုင်းနေမှုကို ရပ်ဆိုင်းသွားပြီဟု ယူဆရပေသည်။

အိန္ဒိယ ကုန်သည်ကြီးများ အသင်း Northeastern Initiative မှ ဥက္ကဌ Maherh Saharia က Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခြင်းမှာ စဉ်းစားရန်ပင် ခက်ခဲလှသော ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် ၃၁၂ ကီလိုမီတာ ရှည်သော မြစ်ကြီးနားမှ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Pangsau နယ်စပ်ထိ လမ်းမအား ပြန်လည် ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ Yunnan Construction Engineering Group အား လုပ်ငန်း အပ်နှံခဲ့သည်။

တရုတ်ကုမ္ပဏီအား ကန်ထရိုက် အပ်နှံခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် သြဇာ လွှမ်းမိုးရေး အတွက် တရုတ်နှင့် ပြိုင်ဆိုင်လျက် ရှိသော အိန္ဒိယ အတွက်မူ ပြဿနာ တစ်ရပ်ပင် ဖြစ်သည်။ သို့သော် ယခု မြစ်ကြီးနား-တနိုင်း-Pangsau လမ်းပိုင်းအား ပြန်လည် ပြင်ဆင်ခြင်း လုပ်ငန်းသည် သုံးနိုင်ငံစလုံး အတွက် ကြီးမားသော အကျိုးအမြတ်များ ရနိုင်မည် ဖြစ်သည်။

Stilwell လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ခြင်းကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် စရိတ်တွင် ၃၀% ခန့် သက်သာသွားမည် ဖြစ်သည်။ လာမည့်နှစ် အနည်းငယ် အတွင်း အိန္ဒိယ-တရုတ် ကုန်းတွင်း ကုန်သွယ်ရေး တိုးမြှင့်ရေးကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

၁၇၃၆ ကီလိုမီတာ ရှည်သော Stilwell လမ်းမကြီး၏ မူရင်း အမည်မှာ လီဒိုလမ်းမကြီး ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်းက အာသံပြည်နယ် လီဒိုမှ ကူမင်းအထိ ဖောက်လုပ်ခဲ့သည်။ ၁၉၄၂ ခုနှစ်က ဂျပန်က လမ်းတစ်ခုအား ဖြတ်တောက်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ မဟာမိတ်များက ချန်ကေရှိတ်၏ ကူမင်တန်တပ်များအား ထောက်ပံ့နိုင်ရန် လီဒိုလမ်းကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး Vinegar Joe Stilwell က အမည်ပြောင်းခဲ့သည်။

အဆိုပါ လမ်းမကြီးသည် အာသံပြည်နယ် လီဒိုမှ စတင်ပြီး Arunachal Pradesh ရှိ Jairampur နှင့် Nampong တို့ကို ဖြတ်၍ Pangsau နယ်စပ် ဖြတ်ကျော် စခန်းသို့ ရောက်သည်။ ထိုမှ မြန်မာနိုင်ငံကို မြစ်ကြီးနားကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ခရီးဆုံးသည်။ အဆိုပါ လမ်းမကြီးသည် အိန္ဒိယနိုင်ငံတွင် ၆၁ ကီလိုမီတာ ရှည်ပြီး၊ မြန်မာနိုင်ငံတွင် ၁၀၃၅ ကီလိုမီတာ ရှည်ကာ၊ တရုတ်နိုင်ငံတွင် ကီလိုမီတာ ၆၄၀ ရှည်လျားသည်။

စစ်ကြီး ပြီးသွားသည့်အခါ ထိုလမ်းကို အသုံးပြုမှု မရှိတော့ဘဲ အိန္ဒိယ အရှေ့မြောက် အပိုင်းနှင့် မြန်မာနိုင်ငံကို ဖြတ်သောလမ်း အများစုသည် သူပုန်များကြောင့် ပျက်စီးခဲ့ရသည်။ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်သော မူဝါဒကြောင့် လည်းကောင်း၊ တရုတ်၊ မြန်မာနှင့် အိန္ဒိယ နိုင်ငံများကြား ဆက်ဆံရေး မကောင်းမှုကြောင့် လည်းကောင်း ထိုလမ်းကို မည်သူကမျှ အသုံးမပြုခဲ့ကြပေ။

ယခုအခါ အရာရာ အားလုံး ပြောင်းလဲသွားခဲ့ပြီး၊ သုံးနိုင်ငံ ဆက်ဆံရေးမှာလည်း အရေးပါစွာပင် တိုးတက်လာခဲ့ပြီး၊ ရလဒ် အနေဖြင့် ထိုလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် စိတ်ဝင်စားလာခဲ့သည်။ သို့သော် လမ်းအပိုင်းများ အထူးသဖြင့် မြန်မာနိုင်ငံအပိုင်းမှ လမ်းများသည် အခြေအနေ ဆိုးရွားပြီး လမ်းပင် မရှိသလောက် ဖြစ်နေသည်။

မြစ်ကြီးနား-တနိုင်း-Pangsau လမ်းအပိုင်း ပြင်ဆင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလက သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့သည်ဟု Indian Express ၏ အဆိုအရ သိရှိရသည်။ အဆိုပါ စီမံကိန်းကို ယူနန် ဆောက်လုပ်ရေးနှင့် အစိုးရနှင့် အဆင်ပြေနေသော ယုဇန ကုမ္ပဏီတို့ ပူးတွဲ တာဝန်ယူ လုပ်ဆောင်မည် ဖြစ်သည်။

သုံးနိုင်ငံ အနက် တရုတ်နိုင်ငံသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရေးကို စိတ်အား အထက်သန်ဆုံး ဖြစ်ပြီး၊ မြန်မာနိုင်ငံက စိတ်ဝင်စားမှု အနည်းဆုံး ဖြစ်သည်။ Beijing သည် အဆိုပါလမ်း၏ တရုတ်နိုင်ငံ အပိုင်းကို ပြင်ဆင်ပြီး ဖြစ်ကာ၊ တရုတ်နိုင်ငံ၏ စူပါ အဝေးပြေး လမ်းမကြီး ကွန်ရက်နှင့် ချိတ်ဆက်ပြီး ဖြစ်သည်။ တရုတ်နိုင်ငံသည် Stilwell လမ်း ပြန်လည် ဖွင့်လှစ်ခဲ့ပါက ကုန်သွယ်မှုတွင် ကြီးမားသော အကျိုးအမြတ်များ ရနိုင်ရန် ရည်ရွယ်၍ ယူနန်တွင် အခြား အခြေခံ အဆောက်အဦလုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးရေး လုပ်ဆောင်ပြီး ဖြစ်သည်။ ကူမင်းသည် ယူနန်၏ အရေးကြီးသော စက်မှု ဖွံ့ဖြိုးမှု ဗဟိုဌာန ဖြစ်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းပိုင်းတွင် မြန်မာ စစ်တပ်က ချုပ်ကိုင်မှုတွင် အကန့်အသတ်များ ရှိသော သူပုန်များ ကြီးစိုးရာ ကချင်ဒေသကို ဖြတ်သန်းသွားရသည် ဖြစ်ရာ မြန်မာ အစိုးရသည် အဆိုပါ လမ်းပိုင်း ပြန်လည် ဖွင့်လှစ်ရန် တုန့်ဆိုင်းနေသည်။ လမ်းကောင်းသွားပါက သူပုန်များ၏ ရွေ့လျားမှုများ ပိုမို လွယ်ကူမည်ဟု ယူဆနေ၍ ဖြစ်သည်။

ယခု မြစ်ကြီးနား-ပန်ဆောင်လမ်း အပိုင်းအား ပြင်ဆင်ရန် ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးလိုက်ခြင်းသည် Stilwell လမ်းမကြီး ပြန်လည် ဖွင့်လှစ်ရေး အတွက် နောက်ဆုံး အတားအဆီးကို ဖယ်ရှားလိုက် သကဲ့သို့ ရှိသည်။

၂၀၀၈ ခုနှစ်က မြန်မာ အစိုးရသည် နယူးဒေလီနှင့် အဆိုပါလမ်း ပြင်ဆင်ရေး ကိစ္စအား စကားပြောခဲ့ရာ၊ အိန္ဒိယက လမ်းပြင်ဆင်ရေး စီမံကိန်းအား ၎င်းတို့ လုပ်ကိုင်ရလိမ့်မည်ဟု မျှော်လင့် နေခဲ့သည်။ ယခု ကန်ထရိုက်သည် တရုတ်နိုင်ငံနှင့် လုပ်ကိုင်ရန် ဖြစ်သွားရာ နယူးဒေလီအဖို့ စိတ်မကောင်း ဖြစ်ရသော်လည်း အဆိုပါလမ်း ပြန်လည် ဖွင့်လှစ်ခြင်း အတွက် အိန္ဒိယနိုင်ငံတွင်လည်း အကျိုးများစွာ ဖြစ်ထွန်းမည် ဖြစ်သည်။

အဆိုပါ လမ်းမကြီးက ဆက်သွယ်ပေးမည့် ဒေသနှစ်ခု ဖြစ်သော အိန္ဒိယ အရှေ့မြောက်နှင့် တရုတ်၏ ယူနန်ပြည်နယ်များသည် စီးပွားရေးအရ ခေတ်နောက်ကျပြီး၊ ကုန်းတွင်းပိတ် ဒေသများ ဖြစ်ကြသည်။ ယခု Stilwell လမ်းမကြီးကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးသည် အဆိုပါ ဒေသကြီးများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည် ဖြစ်သည်။

၁၉၄၇ ခုနှစ်က အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဟု ပေါ်ထွက်လာခဲ့ရာ အရှေ့မြောက်ဒေသသည် ၎င်း၏ အနီးဆုံး ဆိပ်ကမ်းဖြစ်သော စစ်တကောင်းကို အသုံးပြုခွင့် ရပ်ဆိုင်းသွားခဲ့သည်။ ထို့ကြောင့် အရှေ့မြောက်ဒေသသည် နှစ်ပေါင်း ခြောက်ဆယ်ခန့် ကီလိုမီတာ ၁၆၀၀ အကွာရှိ ကာလကတ္တား ပင်လယ် ဆိပ်ကမ်းသို့ ကုန်းတစ်တန်၊ ရထားတစ်တန်ဖြင့် သွားရောက် အသုံးပြုခဲ့ရသည်။ ထို့ကြောင့် လက်ရှိအားဖြင့် အိန္ဒိယ အရှေ့မြောက်မှ ကုန်စည်များသည် တရုတ် သို့မဟုတ် အရှေ့တောင်အာရှ နိုင်ငံများသို့ ပို့ဆောင်ရန် ကိုးလ်ကတ္တား ဆိပ်ကမ်းမှ မလက္ကာ ရေလက်ကြားကို ဖြတ်၍ ပို့ဆောင်ရသည်။

"အရှေ့မြောက်က ကုန်စည်တွေကို ကုန်းလမ်းကနေ ကိုးလ်ကတ္တားထိ ပို့ရတာ ခုနှစ်ရက်လောက် ကြာပါတယ်။ တစ်ခါ သင်္ဘောနဲ့ တရုတ်ပြည်ကို သုံးလေးပတ်လောက် ကြာပြန်ပါတယ်။" ဟု Sahoria က ပြောသည်။ အရှေ့မြောက်မှ ကုန်စည်များကို Stilwell လမ်းမကြီးကို သုံးပြီး၊ ယူနန်ကို ပို့မည် ဆိုပါက နှစ်ရက် အတွင်း ရောက်ရှိမည် ဖြစ်သည်။

Stilwell လမ်းမကြီးသည် အိန္ဒိယနိုင်ငံ အခြား အစိတ်အပိုင်းများမှ ကုန်ပစ္စည်းများ တရုတ်သို့ ပို့မည် ဆိုပါက ယူနန်သို့ ဖြတ်လမ်းဖြစ်သောကြောင့် အကောင်းဆုံး ရွေးချယ်စရာ လမ်းမကြီး ဖြစ်လာမည် ဖြစ်သည်။

"ကမ္ဘာကြီးမှာ အဓိက ဖြစ်ပေါ် တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ နှစ်နိုင်ငံ နက်နဲတဲ့ ဆက်ဆံရေးဖြစ်ဖို့ အချိန် ဆုံးရှုံးလို့ မဖြစ်ပါဘူး။ အခွင့်အလမ်းတွေကို အမိအရ ယူသင့်ပါတယ်။" ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ဒီဇင်ဘာလက ၎င်း၏ အိန္ဒိယ ခရီးစဉ် အတွင်း ပြောကြားခဲ့သည်။

ထိုခရီးစဉ် အတွင်းက နှစ်နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၀၉-၁၀ တွင် ၆၀ ဘီလီယံ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၀၀ ဘီလီယမ် ဒေါ်လာ ရောက်ရှိရန် သတ်မှတ်ခဲ့ကြသည်။ ယခု လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ၁၉ ဘီလီယံ ဒေါ်လာ တရုတ်က အသာစီးရလျက် ရှိသည်။ Stilwell လမ်းမကြီးကို အသုံးပြု၍ တရုတ်က ကုန်သွယ်ရေး ဆက်လက် အသာစီးရသည့်တိုင် လမ်းမကြီးတစ်လျှောက်ရှိ ဒေသများ စီးပွားရေး တိုးတက်မှုများ ရှိလာမည် မလွဲပေ။

အိန္ဒိယ အရှေ့မြောက်ဒေသမှ မြန်မာနိုင်ငံကို ဖြတ်၍ အရှေ့တောင်အာရှဒေသသို့ ဆက်သွယ်သော လမ်းတစ်ခုမှာ မဏိပူရနှင့် မြန်မာကို ဆက်သွယ်ထားသော မိုရေး-တမူးလမ်း ဖြစ်သည်။ အာသံရှိ Numaligarh မှစသော အိန္ဒိယ၏ အမျိုးသား အဝေးပြေး လမ်းမကြီး အမှတ် ၃၉ သည် နာဂဒေသကို ဖြတ်၍ မိုရေးသို့ ဆက်သွယ်ထားသည်။ မိုရေး-တမူးလမ်း အပေါ် မျှော်လင့်ချက် များများထား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါလမ်းသည် တစ်နှစ်တွင် သုံးပုံတစ်ပုံခန့်သည် တိုက်ပွဲများ၊ မငြိမ်သက်မှုများကြောင့် ပိတ်ထားရလေ့ ရှိသည်။

ကုလားတန် ဘက်စုံသုံး တဆင့်ခံ ပို့ဆောင်ရေး စီမံကိန်းသည် ပြီးခဲ့သည့်လ နှောင်းပိုင်းက စတင်ခဲ့သည်ဟု သတင်းများ ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းသည် ၂၀၁၃ တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရပြီး၊ အဆိုပါ စီမံကိန်းသည် အနာဂတ်တွင် အရှေ့မြောက် မီဇိုရမ် ပြည်နယ်နှင့် ဘင်္ဂလား ပင်လယ်အော် ဆက်သွယ်ရာတွင် လွယ်ကူသွားမည်ဟု မျှော်လင့်ရပေသည်။

အဆိုပါ စီမံကိန်းတွင် မီဇိုရမ်မှ မြန်မာနိုင်ငံ ကလေးဝသို့ ဆက်သွယ်သောလမ်း ဖောက်လုပ်ရေးလည်း ပါဝင်သည်။ ကုလားတန်မြစ်အား ရေကြောင်းလမ်း အဖြစ် ကောင်းမွန်စွာ အသုံးပြုရန် ဖွံ့ဖြိုးရေး ပြုလုပ်မည် ဖြစ်ပြီး၊ စစ်တွေ ဆိပ်ကမ်း အခြေခံ အဆောက်အဦ တိုးတက်ရေးများ ပါဝင်မည် ဖြစ်သည်။ စစ&#