Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၁၃ ရက် ၂၀၁၁ ရက်စွဲပါ Yahoo News မှ AP Business Writer Joe McDonald ရေးသားသော World Bank: China to drive Asian growth ကို တိုက်ရိုက် ဘာသာ ပြန်သည်)

တရုတ်နိုင်ငံ၏ စီးပွားရေး လျှင်မြန်စွာ ကြီးထွားမှုသည် ယခင်နှစ် (၂၀၁၀) ၁၀% မှ ယခုနှစ် ၈.၅% သို့ နှေးကွေးသွားမည် ဖြစ်သော်လည်း ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး တရုတ်သည် အာရှ ဖွံ့ဖြိုးမှု၏ အချက်အခြာ အဖြစ် ဆက်ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့တွင် ပြောကြားသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် သုံးသပ်ထားသော အစီရင်ခံစာတွင် "ပို့ကုန်များ ပုံမှန် ဖြစ်သွားခြင်းနှင့် အစိုးရများက ငွေဖောင်းပွမှု ဖိအားလျှော့ရန် ချေးငွေ ထိန်းချုပ်ခြင်းတို့ကြောင့် ဖွံ့ဖြိုးဆဲ အာရှ စီးပွားရေး နိုင်ငံများ၏ ခြုံငုံ ကြီးထွားမှုသည် ယခင်နှစ် ၉၃% မှ ယခုနှစ် ၈% သို့ လျော့သွားမည်" ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

တရုတ် နိုင်ငံ၏ ကြီးထွားနှုန်း လျော့သွားရခြင်းမှာ ဘေဂျင်း အစိုးရက စီးပွာရေး လှုံ့ဆော် ပေးမှုကို လျှော့ထားခြင်း၊ ငွေဖောင်းပွမှုကို ထိန်းရန် ချေးငွေကို တင်းကြပ်ခြင်း၊ အိမ်ဈေးနှုန်းများ တက်လာခြင်း တို့ကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ကုန်ကြမ်း ပစ္စည်းနှင့် အစိတ် အပိုင်းများ လိုအပ်ချက် ဆက်လက် ကြီးမားနေမှုက အာရှ အိမ်နီးချင်း များ၏ ပို့ကုန်ကဏ္ဍကို အားပေး နေဦးမည်ဟု သိရှိရသည်။

"အရှေ့ အာရှ ဒေသသည် ၂၀၁၂ ခုနှစ်အထိ အားကောင်းသည် ဆိုသော်ငြား ပိုမို ပုံမှန် ဖြစ်လာမည့် ဖွံ့ဖြိုး ကြီးထွားမှုများကို ခံစားရန် နေရာတကျ ဖြစ်နေသည်။ တရုတ်နိုင်ငံသည် အာရှ ဒေသတွင်း စီးပွားရေး လှုပ်ရှားမှုများ၏ အချက်အခြာ ဖြစ်နေဦးမည်"ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

အရှေ့ အာရှနှင့် ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင် တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဖီဂျီ နှင့် ဗင်နော့တူ ကျွန်းစု နိုင်ငံများ ပါဝင်သည်။

စီးပွားရေး အများစုသည် ငွေကြေး ဖောင်းပွမှု မြင့်မားခြင်း သို့မဟုတ် တက်လာခြင်းကို ထိန်းချုပ်ရန် ကြိုးစားကြကြောင်း၊ ငွေကြေး ဖောင်းပွမှုကြောင့် အစား အသောက် ဈေးများ တက်လာမှုမှာ စိုးရိမ်ဖွယ် ဖြစ်သည်ဟု ဘဏ်က ပြောသည်။ အကယ် အနောက် နိုင်ငံတွင် အတိုးနှုန်း နည်းသည့် အချိန်တွင် တက်ဈေး မျှော် ရင်းနှီး မြှုပ်နှံသူများက ပစ္စည်းများ ၀ယ်လှောင်မှုကြောင့် အဓိက စားနပ် ရိက္ခာဈေးများ တက်လာရကြောင်း ပြောသည်။

"တရုတ်ပြည်မှာ ငွေကြေး ဖောင်းပွမှု တက်လာခြင်းသည် အစား အသောက် ဈေးနှုန်း မြင့်မား ခြင်းနှင့် အတော်ကြီး ဆက်စပ်နေပါတယ်။ နိုင်ငံ အတော်များများ မှာတော့ သွင်းကုန်ဈေးပါ သိသိသာသာ မြင့်လာပါတယ်"ဟု ဘဏ်က ပြောသည်။

တရုတ် နိုင်ငံတွင် (၂၈) လအတွင်း ငွေကြေး ဖောင်းပွမှုနှုန်း လျင်မြန်စွာ တိုးတက်လာရာ နိုဝင်ဘာလတွင် ၅.၁% ရှိလာပြီး၊ အစား အသောက် ဈေးနှုန်းများ ၁၁.၇% ခုန်တက် လာခဲ့ရာ၊ သုံးသပ် သူများက ဘဏ်များက ငွေ အလုံးအရင်း ထုတ်ချေးမှု များကြောင့်ဟု အပြစ်တင်ကြသည်။ Beijing သည် လွန်ခဲ့သည့် လေးလ အတွင်း အတိုးနှုန်းများ နှစ်ကြိမ် မြှင့်တင်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုများကို တင်းကြပ် လိုက်ခြင်းဖြင့် ငွေကြေး ဖောင်းပွမှုကို စီးပွားရေး၏ အခြား အစိတ် အပိုင်းများသို့ မပြန့်နှံ့အောင် ထိန်းချုပ်ခဲ့သည်။

Beijing က ထိန်းချုပ်မှုများ ပြုလုပ်ရန် ကြိုးစားခဲ့မှုကြောင့် တရုတ်၏ တိုးတက်မှုနှုန်းမှာ နှေးကွေး ခဲ့ပြီး စက်တင်ဘာလတွင် ကုန်ဆုံးသော သုံးလအတွင်း တိုးပွားမှု ၉.၆%လျော့သွား ခဲ့ရာ ငွေကြေး အကျပ် အတည်းလွန် ကာလ ငွေကြေး ပံ့ပိုးမှု အစီအစဉ်အရ ပထမ လေးလပတ်တွင် ၁၁.၉% ရှိရာမှ လျော့သွားခြင်း ဖြစ်သည်။

၂၀၁၁-၁၂တွင် ဒေသ တစ်ခုလုံး ပို့ကုန်သည် ၁၂% ထိ တိုးချဲ့သင့်ကြောင်း၊ အလုပ်အကိုင် ကောင်းစဉ်က ၁၅% ထက် အနည်းငယ် နည်းကြောင်း ဘဏ်က ပြောသည်။

အင်ဒိုနီးရှား၏ ၂၀၁၁ တွင် တိုးတက်မှုနှုန်းသည် ယမန်နှစ်က ၅.၉% ထက် စာလျှင် ၆.၂% သို့ တက်သင့်ကြောင်း ဘဏ်က ပြောသည်။ ထိုင်းနိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ၂၀၁၀ တွင် လျင်မြန်စွာ ၇.၅% တက်ခဲ့ပြီး သိသာစွာ ၃.၂% ထိ ကျခဲ့ကြောင်း သတိပေးခဲ့သည်။

ဗီယက်နမ်၏ တိုးတက်မှုမှာ ယမန်နှစ်က ၆.၇% ရှိခဲ့ရာ ယခု အလယ်အလတ် ၆.၅% ရှိသင့်ကြောင်း ကမ္ဘာ့ဘဏ်က ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment