Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၁ ရက်စွဲပါ AP သတင်းဌာန၏ Turnout in Southern Sudan vote passes 60 percent ကို တိုက်ရိုက် ဘာသာပြန်သည်)

တောင်ပိုင်း ဆူဒန်ရှိ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် မြောက်ပိုင်းမှ ခွဲထွက် လွတ်လပ်ရေး ရရှိရန် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးရန် မှတ်ပုံတင်ထားသူများ၏ ၆၀%ကျော် လာရောက် ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရာခိုင်နှုန်းများမှာ မဲဆန္ဒပေးမှု တရားဝင်ရေး အတွက် သတ်မှတ်ထားသော သတ်မှတ်ချက် တစ်ခု ဖြစ်သည်။ တောင်းပိုင်းကမူ ခွဲထွက် လွတ်လပ်ရေး ရယူရန် ကျယ်ကျယ် ပြန့်ပြန့် မျှော်မှန်း ထားသည်။ ထိုသို့ ဖြစ်လာပါက အာဖရိကတိုက်၏ အကြီးဆုံး နိုင်ငံ နှစ်ခြမ်း ကွဲသွားမည် ဖြစ်ပြီး တောင်ပိုင်းမှ ရေနံတွင်းများသည် မြောက်ပိုင်းနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

တောင်ပိုင်း ဆူဒန်ကို အုပ်ချုပ်လျက် ရှိသော Sudan People's Liberation Movement မှ တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့က သတင်းစာ ဆရာများသို့ ပြောကြားရာတွင် ယခု အချိန်ထိ လူ(၂.၃)သန်း နီးပါး လာရောက် ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ann Itto က ပြောကြားရာတွင် လူအချင်းချင်း နှုတ်ဆက်ရာတွင်ပင် နေကောင်းလား ဟု နှုတ်ဆက်ခြင်း မပြုတော့ပဲ မဲပေးပြီးပြီလားဟု နှုတ်ဆက်လျက် ရှိကြသည်ဟု ဆိုသည်။

၂၀၀၅ ခုနှစ်က ပြီးဆုံးခဲ့သော တောင်နှင့်မြောက် ဆူဒန်စစ်ပွဲသည် နှစ်ပေါင်း ၂၀ ခန့် ကြာမြင့် ခဲ့ပြီး စစ်ပွဲကြောင့် လူနှစ်သန်းခန့် သေဆုံးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment