Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၁၂ ရက် ၂၀၁၁ ရက်စွဲ Bernama သတင်းမှ Thais barred from entering into Myanmar for safety ကို တိုက်ရိုက် ဘာသာပြန်သည်)

ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ စစ်တပ် (DKBA) က ထိုင်းနိုင်ငံရေး သမားဟောင်း တစ်ဦးအား ယင်း၏ စီးပွားရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ် ဖြတ်ကူးစဉ် ဖမ်းဆီးထားမှုကြောင့် ထိုင်းနိုင်ငံ အနောက်မြောက်ဖက် Tak ပြည်နယ်ရှိ နယ်စပ် စခန်းများမှတဆင့် ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်ခြင်းကို တားမြစ်ထားလိုက်ကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က သတင်း ပေးပို့ခဲ့သည်။

Tak ပြည်နယ် အုပ်ချုပ်ရေးမှူး Samart Loyfah က ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ထိုင်းလူမျိုးများအား Tak ပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ် စခန်းများမှ မြန်မာနိုင်ငံ အတွင်းသို့ သွားရောက်ခြင်းအား ယာယီ တားမြစ်ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် DKBA သည် ထိုင်း Ruanijai Paltana ပါတီမှ အဖွဲ့ဝင်ဟောင်း၊ ထိုင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာန ၀န်ထမ်းဟောင်း Kriansak Bhumrungroj အား ဖမ်းဆီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ သို့သော် ထိုင်းအာဏာပိုင်များ သည် DKBA နှင့် အောင်မြင်စွာ ညှိနှိုင်းခဲ့ခြင်းကြောင့် ယင်းအား အင်္ဂါနေ့ ညနေက ပြန်လွှတ်ပေးခဲ့ သည်ဟု ဆိုသည်။

Samart က မြန်မာနှင့် ထိစပ်နေသော Tak ၏ နယ်မြေ ငါးခုတွင် ထိုင်း နယ်ခြားစောင့်ရဲနှင့် စစ်တပ်များသည် လုံခြုံရေးအတွက် ပိုမို တင်းကြပ်စွာ ကိုင်တွယ်လျက် ရှိပြီး မြန်မာစစ်တပ်နှင့် ကရင်တပ်များ ကြားတွင် စစ်ပွဲများ ပိုမိုဖြစ်ပွားလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment