Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၉ရက် ၂၀၁၁ ရက်စွဲပါ Sify News မှ Bangladesh to claim 400 nautical miles in Bay of Bengal သတင်း ကို တိုက်ရိုက် ဘာသာပြန်သည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိမ်နီးချင်း မြန်မာ၊ အိန္ဒိယ နိုင်ငံတို့နှင့် အငြင်းပွားနေသော ဘင်္ဂလား ပင်လယ်အော် အတွင်း ရေပိုင်နက် ရေမိုင် ၄၀၀ သတ်မှတ် တောင်းဆိုထားခြင်းကို အခိုင်အလုံ သက်သေ ပြရန် ကြိုးစားသွားမည်ဟု တာဝန် ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

"ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်တော်တို့ရဲ့ ရေပြင် နယ်နိမိတ်နဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက် အထားကို လာမယ့်လအတွင်း ကုလသမဂ္ဂထံ တင်ပြ သွားမှာပါ" ဟု နိုင်ငံခြားရေး ၀န်ကြီး ဒစ်ပူးမိုနီက အငြင်းပွား ရေပြင်နှင့် ပတ်သက်သည့် အထောက်အထားများ ပြည့်စုံအောင် ပြုစုပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

ဟိုက်ဒရိုကာဗွန်(ရေနံ) ရှာဖွေရာတွင် အလားအလာ ရှိသည်ဟု ယုံကြည်ရသော ဘင်္ဂလား ပင်လယ်အော် အထက်ပိုင်း အိန္ဒိယနှင့် မြန်မာအကြား ညှပ်နေသော နေရာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက အခြား နိုင်ငံတကာ ဥပဒေအဖွဲ့များ အကူအညီဖြင့် ပိုင်ဆိုင်ကြောင်း အထောက်အထား တင်ပြထားပြီး ဖြစ်သည်။

နယူးဒေလီနှင့် ရန်ကုန် (ယခု နေပြည်တော် အစိုးရ) တို့ကလည်း ယင်းတို့၏ အထောက်အထား များကို ကုလသမဂ္ဂထံ ယခင်နှစ်က တင်ပြထားကြပြီး ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာတို့က ဂျီသြမေတြီ တွက်ချက်မှုများပေါ် အခြေပြုသည့် တင်ပြမှုများအပေါ် ရပ်တည် နေကြသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ်ကမူ ယင်း၏ လူဦးရေ၊ စီးပွားရေး အဆင့်အတန်းနှင့် လိုအပ်ချက်များ အပေါ် အခြေပြုကာ စောဒကတက် တင်ပြထားသည်။ ယင်းတို့၏ ချဉ်းကပ်ပုံ နည်းလမ်းကို အခြား နိုင်ငံများစွာက သဘော ကျနေသည့် အချက်ကြောင့် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ များက မျှော်လင့်ချက် ထားနေကြခြင်း ဖြစ်သည်။

ရေပြင် အငြင်းပွားမှုများသည် အမြဲတမ်း လိုလိုပင် တိုင်းပြည်များစွာမှ ရေတပ်မတော်များအား အငြင်းပွား နယ်မြေသို့ စစ်သင်္ဘောများ စေလွှတ်ခြင်းကို ဖြစ်ပေါ်စေသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားတွင်လည်း ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေး အတွက် ရေပြင် ပိုင်ဆိုင်ရေးနှင့် ပတ်သက်ပြီး ရေတပ် စေလွှတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment