Transparency Myanmar

transparency.myanmar@gmail.com

(The Nation သတင်းစာမှ 12 Feb 2011 ရက်စွဲပါ UNESCO to send envoy to Bangkok "Phnom Penh" သတင်းကို ဘာသာ ပြန်ဆိုသည်။)

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ် ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ပရာဗီဟာ ဘုရားကျောင်း ပျက်စီး ထိခိုက်မှုကို စစ်ဆေးမည့် မစ်ရှင်နှင့် ပတ်သတ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း UNESCO က သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်ရာ၌ ဘုရားကျောင်းသို့ သွားရောက် စစ်ဆေးမည့် ခရီးစဉ်အတွက် မကြာမီအတွင်း ခွင့်ပြုချက် ရရန် ဘန်ကောက်နှင့် ဖနွမ်းပင်သို့ အထူး ကိုယ်စားလှယ် စေလွှတ်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဘုရားကျောင်းကို ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် အဆင့်အတန်း သတ်မှတ် လိုက်ခြင်းဖြင့် ပဋိပက္ခများကို အစပျိုးခဲ့သည်ဟု အဘီဆစ် အစိုးရက UNESCO ကို စွပ်စွဲခြင်း နှင့်အတူ ထိုင်း- ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခသည် ကုလသမဂ္ဂ အထိ ရောက်ရှိ ပျံ့နှံ့ခဲ့သည်။

ဖေဖော်ဝါရီ ၄ရက်မှ ၇ရက်အထိ တိုက်ပွဲများ အတွင်း ထိုင်းတပ်ဖွဲ့များ၏ အမြောက်များနှင့် ပစ်ခတ်မှုကြောင့် ဘုရားကျောင်း တစိတ်တပိုင်း ပျက်စီးသွားသည်ဟု ကမ္ဘောဒီးယားက ထုတ်ဖော် ပြောကြားခဲ့ပြီး နောက်တွင် ဘုရားကျောင်းကို စစ်ဆေးရန် အရေးပေါ်မစ်ရှင် စေလွှတ်မည် ဖြစ်ကြောင်း UNESCO က အစောပိုင်းတွင် ကြေညာခဲ့သည်။

သို့သော်လည်း UNESCO တာဝန်ရှိသူများ အနေဖြင့် ဘုရားကျောင်းသို့ ရောက်ရှိရန် ထိုင်းနိုင်ငံ ပိုင်နက် နယ်မြေကို ဖြတ်သန်းရမည် ဖြစ်၍ ဘုရားကျောင်းသို့ သွားရောက်မည့် ခရီးစဉ်ကို ထိုင်းအာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရမည်ဟု ပြောကြားကာ အဆိုပါ မစ်ရှင်ကို ကန့်ကွက် လိုက်သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ UNESCO ညွှန်ကြားရေးမှူးချုပ် အိုင်ရီနာဘိုကိုဗာက သူမ အနေဖြင့် ဘန်ကောက်နှင့် ဖနွမ်းပင်သို့ အထူး ကိုယ်စားလှယ်များ စေလွှတ်မည်ဟု ပြောကြားလိုက်သည်။ နယ်မြေ အေးချမ်းသွားသည်နှင့် တပြိုင်နက် ဗရာဗီဟာ အကဲဖြတ် မစ်ရှင်ကို စေလွှတ်နိုင်လိမ့်မည်ဟု သူမက ဆက်လက် ပြောဆိုခဲ့သည်။

ထိုအတော အတွင်း UNESCO က ဗရာဗီဟာ ဘုရားကျောင်း ကိစ္စနှင့် ပတ်သတ်ပြီး အိမ်နီးချင်း နှစ်နိုင်ငံ ဆက်လက် တင်းမာနေခြင်းကို စိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ "ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုတာ ပဋိပက္ခ အတွက် အကြောင်းရင်း လုံးဝ မဖြစ်သင့်ပါဘူး" ဟု အိုင်ရီနာ ဘိုကိုဗာက သောကြာနေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး UNESCO အနေဖြင့် နှစ်နိုင်ငံ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် အနီးကပ် အဆက်မပြတ် ညှိနှိုင်းနေသည်ဟု ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment