Transparency Myanmar

transparency.myanmar@gmail.com

Top Up refill ကဒ်ဖြင့် အင်တာနက် အသုံးပြုခ နှုတ်ယူမှုတွင် မှားယွင်းမှုများရှိ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၆

CDMA 800 MHz ဖုန်းများတွင်သာ အသုံးပြုနိုင်သော အင်တာနက် သုံးစွဲခသည် တစ်မိနစ် ၄ ကျပ်ဟုသက်မှတ် ထားသော်လည်း ယင်းထက် ပိုမို ကုန်ကျနေကြောင်း အင်တာနက် သုံးစွဲသူများထံမှ သိရသည်။

"တစ်မိနစ် ၄ ကျပ်ဆိုတော့ တန်တာပေါ့ ဆိုင်မှာသွားသုံးရင် တစ်နာရီကို ၃၀၀၊ မီးပြတ်ရင် ၄၀၀ ပေးရတယ်။ ဖုန်းနဲ့လည်း သုံးလို့ရတယ်ဆိုတော့ဗျာ ပျော်ပြီးတော့ ဝယ်လိုက်တာ အခုတော့ ဆိုင်မှာသွားသုံးတာကတောင် တန်ဦးမယ်။ အခုဆို တစ်နာရီကို ၅၀၀ လောက်ကျတယ်"ဟု အသက် ၂၁ အရွယ်ရှိ ယင်းဖုန်းဖြင့် အင်တာနက်သုံးသူ လှုငယ်တစ်ဦးက ဆိုသည်။

ကွန်ပျူတာဖြင့် ချိတ်ဆက် အသုံးပြုမည်ဆိုပါက EVDO Wireless Modem တစ်ခုကို ထပ်မံဝယ်ယူရပြီး မြန့်မာ့ ဆက်သွယ်ရေး ရုံးချုပ်(အလုံ)တွင် ကျပ်ငွေ လေးသောင်းခွဲ ဖြင့် ရောင်းချကြောင်းသိရသည်။

အင်တာနက်၏ မြန်နှုန်းမှာ 3Mbps ဖြစ်သည်ဟုဆိုသော်လည်း လက်တွေ့တွင် ၄င်းModem ဖြင့်အသုံးပြုပါက ယင်းမြန်နှုန်းအတိုင်း မရရှိကြောင်း သုံးစွဲနေသူ လူငယ်အများစုထံမှ သိရသည်။

"သူတို့ ပေးတဲ့ အင်တာနက် Speed ကတော့မြန်ပါတယ်။ ဒါပေမဲ့ Modem မှာပြသာနာရှိတယ်။ Modem က လက်ခံနိုင်တဲ့ Maximum Speed က 1Mbps တောင်မပြည့်ဘူး။ ဒါကြောင့် ကျွန်တော့်ဆို ဆိုင်မှာ လာဝယ်တဲ့ Customer တွေက အဲဒီ Modemကို ခဏခဏ Complain တက်တယ်။ ကျွန်တော်တို့ဆိုင်က တော့မရောင်းတော့ဘူး၊လာဝယ်ရင် လည်း အလုံကိုပဲ ညွှန်ပေးလိုက်တယ်"ဟု လှည်းတန်းအနီးရှိ Mobile ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ယခုနှစ် ဇန်န၀ါရီ ဒုတိယပတ်မှ စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဌားယမ်းသုံးစွဲခွင့်ပေးထားသော EVDO (Data Service)တွင် အင်တာနက်သုံးစွဲခကို Bill ဖြင့်ပေးဆောင်ရန်မလိုပဲ Top Up refill ကဒ်မှ သုံးစွဲသည့် ကြာချိန်ပေါ် တွင် မှုတည် မိနစ်အလိုက် နှုတ်ယူ သွားမည်ဟုသတင်းထုတ်ပြန်ထားသည်။

The CJs News



ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အမြင့်ဆုံးသို့ ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေဘက်သို့ ဦးတည်လာသောကြောင့် ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ပို့ကုန်တွက်ချေကိုက်မှု နည်းပါးခြင်း၊ ငွေမာဈေးများနှင့်ပြည်ပပို့ ကုန်မှရငွေ (earning) ဈေးများ ဆက်တိုက်ကျ ဆင်းနေခြင်းမှုကြောင့် ပို့ကုန်လုပ်ငန်းတွင် အမြတ်အစွန်းရရှိမှု နည်းပါးလာခြင်းနှင့်အတူ အခြားတစ်ဖက်တွင်လည်း ယခင်က ပြည်တွင်းရှိ လုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီး မြှုပ်နှံတတ်သော ကားဈေးကွက်မှာလည်း အကျဘက်သို့သာ ဦးတည်နေသောကြောင့် ရင်းနှီးမြှုပ်နှံသူများ အိမ်ခြံမြေကိုသာ ပို၍စိတ်ဝင်စားလာကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စက်မှုဇုန်ရှိမြေကွက်မှာလည်း သိသိသာသာမြင့်တက် နေပြီး လွန်ခဲ့သောသုံးနှစ်ဝန်းကျင်ကာလနှင့် နှိုင်းယှဉ်ပါက ၈၅ ရာခိုင် နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကြား မြင့်တက်သွားကြောင်း နှင့် ယခင်က ရွှေလင်ပန်းစက်မှုဇုန်၌ တစ်ဧကလျှင် ကျပ်သိန်း ၄၅၀ ဝန်းကျင်ရှိသောမြေကွက်မှာ ယခုအခါ ကျပ်သိန်း ၇၅၀ ဝန်းကျင်ရှိနေပြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ တစ်ဧကလျှင် သိန်း ၂၅၀ ဝန်းကျင်ရှိသောမြေကွက်မှာ ယခု ကျပ်သိန်း ၆၀၀ဝန်းကျင် ရှိနေကြောင်းနှင့် ဒဂုံဆိပ်ကမ်းတွင်မူ တစ်ဧကလျှင် ကျပ်သိန်း ၃၅၀ ဝန်းကျင်မှ ကျပ်သိန်း ၆၀၀ ဝန်းကျင်အထိလည်း ကောင်း၊ ဒဂုံအရှေ့ပိုင်းစက်မှုဇုန်တွင်မူ ကျပ်သိန်း ၂၂၀ ဝန်းကျင်မှသိန်း ၆၀၀ အထိလည်းကောင်း ဈေးမြင့်တက်လာ ကြောင်း သိရသည်။

Ref; Internet News


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ် များအတွက် သတင်းများနှင့် ဆောင်းပါးများကိုအချိန်ပေးဖတ်ရှုရ သည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကိုရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ)မဟုတ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment