Transparency Myanmar

transparency.myanmar@gmail.com

(The Asian Age မှ 16 February 2011 ရက်စွဲပါ "129 Myanmar migrants found off Indonesia" သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ ရိုပာင်ဂျာ ရွှေ့ပြောင်း နေထိုင်သူ တစ်ရာကျော်ကို သယ်ဆောင် လာသော သစ်သား စက်လှေ တစ်စီး အင်ဒိုနီးရှား နိုင်ငံ စုမားတြား ကျွန်းအနီး မျှောပါလာသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဗုဒ္ဓပာူးနေ့တွင် ပြောကြားလိုက်သည်။

          မွတ်ဆလင် ဘာသာဝင် ရိုပာင်ဂျာ အမျိုးသား ၁၂၉ ဦးကို ၎င်းတို့၏ စက်လှေ အင်ဂျင် ချို့ယွင်း သွားသဖြင့် သီတင်း ၃ ပတ်ခန့် ပင်လယ်ပြင်၌ မျှောပါနေစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ပာု Aceh ပြည်နယ် ရေပြင် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ အကြီးအကဲ မိုပာာမက် ဇိုင်နီက AFP သတင်း ဋ္ဌာန သို့ ပြောကြားခဲ့သည်။

          "စက်လှေ အင်ဂျင် ပျက်ပြီး မျှောပါနေတဲ့ ရိုပာင်ဂျာ ၁၂၉ ဦးကို အင်ဒိုနီးရှား ရေလုပ်သားတွေက ကယ်ဆယ်ခဲ့တာပါ၊ အခု သူတို့ကို အစား အသောက်တွေ ဝေငှပေးထားပြီး ဆေးကုသ ပေးဖို့ ခေါ်ဆောင်သွားမှာပါ" ပာု ၎င်းက ပြောကြားသည်။

          နောက်ဆက်တွဲ ဆောင်ရွက်ရမည့် ကိစ္စအတွက် လူဝင်မှု ကြီးကြပ်ရေး ဋ္ဌာန၊ အင်ဒိုနီးရှား အစိုးရ၊ International Organization for Miqration စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေပါတယ်" ပာု မိုပာာမက် ဇိုင်နီ က ဆိုသည်။

          များစွာ ဖျော့တော့ အားနည်းနေပုံ ရသော လှေစီး ဒုက္ခသည်များကို အင်္ဂါနေ့က ကယ်တင်ခဲ့ပြီးနောက် ဆူမားတြားကျွန်း မြောက်ဖျားပိုင်းရှိ ပြည်နယ် မြို့တော် ဘင်ဒါအက် အနီးတွင် ယာယီ နေထိုင်ခွင့် ပြုထားသည်ပာု သိရှိရသည်။

          ဒုက္ခသည်များ အနက်မှ ၇ ဦးမှာ ဆေးဝါး ကုသမှု ခံယူနေကြသည်ပာု ဇိုင်နီ က ပြောသည်။

          ဒုက္ခသည်များထဲမှ အသက် ၂၇ နှစ်အရွယ် နူးကလမ်က ၎င်းတို့ အနေဖြင့် မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်မှ နေအိမ်များကို စွန့်ခွာလာခဲ့ရခြင်းမှာ မြန်မာစစ်တပ် နှိပ်စက် ညှင်းပန်းခြင်းကို ခံရသောကြောင့် ဖြစ်သည်ပာု ဆိုသည်။

          "ကျွန်တော်တို့ ပင်လယ်ထဲမှာ မျှောနေတာ ရက် ၂၀ လောက် ရှိပါပြီ၊ မြန်မာနိုင်ငံကို စွန့်ခွာလာရတဲ့ အကြောင်း ကတော့ မြန်မာ စစ်တပ်ရဲ့ မညှာမတာ အနိုင်ကျင့်မှုတွေ ကြောင့်ပါ၊ အဲဒီမှာ ရိုပာင်ဂျာ မွတ်ဆလင်တွေ ညှင်းပန်း နှိပ်စက် ခံနေရပါတယ်" ပာု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

          "အင်ဒိုနီးရှား၊ မလေးရှား ဒါမှမပာုတ် ကျွန်တော်တို့ကို လိုလို လားလား လက်ခံမယ့် တစ်ခြား နိုင်ငံ တစ်ခုကို ကျွန်တော်တို့ သွားချင်နေတာပါ" ပာု ၎င်းက ဆက်လက် ပြောကြားသည်။

          ရိုပာင်ဂျာ များ၏ နိုင်ငံသား အခွင့်အရေးကို မြန်မာ အစိုးရက ထိထိရောက်ရောက် ပိတ်ပင် ထားသောကြောင့် ခွဲခြား ဆက်ဆံခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းများမှသည် နှစ်စဉ် ရာနှင့် ချီ၍ လှေစီး ထွက်ပြေးမှုကြောင့် ဒေသတွင်း လူသားခြင်း စာနာမှု ဆိုင်ရာ ပြသနာများ အထိ ဖြစ်ပေါ်စေခဲ့သည်။    

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment