Transparency Myanmar

transparency.myanmar@gmail.com

(ottawa citizen မှ 16 February 2011 ရက်စွဲပါ "Honorary degree for Suu kyi" သတင်းကို ဘာသာ ပြန်ဆိုသည်။)

Carleton University က လာမည့် သီတင်းပတ် အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းရန် စီစဉ်လျှက် ရှိသည်။

ပြည်ထောင်စု ဖက်ဒရယ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုခဲ့ပြီး နောက်တွင် Carleton University က သူမအား အဝေးရောက် ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ Doctor of Laws ဂုဏ်ပြု အပ်နှင်းရန် ကြေညာလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင် ကနေဒါ ဝန်ကြီးချုပ် Stephen Harper က သူမအား ကနေဒါသို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး၊၂၀၀၇ ခုနှစ်က သူမအား ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လက်ခံယူရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

Carleton University ၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို လာမည့် အင်္ဂါနေ့ မွန်းတည့်ချိန်တွင် တက္ကသိုလ်ဝင်း အတွင်းရှိ Kailash mitai ခန်းမဆောင်တွင် ပြုလုပ်မည်ဟု သိရှိရသည်။ အဆိုပါ အခမ်းအနားတွင်  Progressive conservative အစိုးရ အဖွဲ့ ဝန်ကြီးဟောင်း Flora Mac.Donald တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment