Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 18 February 2011 ရက်စွဲပါ "China alert for Leather protein in milk supply" သတင်းအား ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ အတွင်းရှိ လတ်ဆတ်သော နွားနို့ ဖြန့်ဖြူးမှု များတွင် စက်မှု လုပ်ငန်းသုံး ဓာတုပစ္စည်း မယ်လမင်းနှင့် သားရေစများ (Leather scrasps) မှ အနှစ် ထုတ်ယူထားသည့် အခြား အဆိပ်သင့် ပစ္စည်းတစ်မျိုး ပါဝင်မှုကို အစိုးရက ရှောင်တခင် စစ်ဆေးမှု ပြုလုပ်မည်ဟု တရုတ် နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်သည်။

 ရေရောထားသော နွားနို့များတွင် ပရိုတိန်း ပုံမှန် ပမာဏ ပါဝင်သည်ဟု ထင်ရအောင် မယ်လမင်းနှင့်Leather_hydrolysed protein ပစ္စည်း နှစ်မျိုးစလုံးကို အသုံးပြုခြင်း ဖြစ်သည်။

အသင့် သောက်သုံးနိုင်သော နို့ဖြန့်ဖြူးမှုများ အပေါ် ရှောင်တခင် စစ်ဆေးမှုပေါင်း ၆၄၅၀ခန့် ယခုနှစ် အတွင်း ပြုလုပ်လိမ့်မည်ဟု နွားနို့ ထုတ်လုပ် ဖြန့်ဖြူးသူများကို လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနက  သတိပေး ထားသောကြောင်း China daily သတင်းစာက ဖော်ပြထားသည်။

အဆိုပါ စမ်းသပ် စစ်ဆေးမှုများတွင် မယ်လမင်းဓာတ် ပါဝင်မှုကိ ရှာဖွေမည် ဖြစ်သည်။ အဆိုပါ မယ်လမင်း ဓာတုပစ္စည်းကို တရုတ် နို့ထွက်ပစ္စည်း လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်း သုံးစွဲနေကြောင်း ၂၀၀၈ ခုနှစ်က တွေ့ရှိ ဖော်ထုတ်ခဲ့ပြီး၊ မယ်လမင်း အဆိပ်သင့်မှုကြောင့် ကလေး ခြောက်ဦး သေဆုံးကာ ကလေး ၃၀၀,၀၀၀ ကျော် နာမကျန်း ဖြစ်ခဲ့သည့် အတွက် ကမ္ဘာ တဝှမ်းလုံးက ဝိုင်းဝန်း အပြစ်တင်ခဲ့သည်။

စမ်းသပ် စစ်ဆေးမှုများ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ Leather_hydrolysed protein ကို ရှာဖွေရန် ဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment