Transparency Myanmar

transparency.myanmar@gmail.com

(BBC News မှ 18 February 2011 ရက်စွဲပါ "China raised bank reserves to cool inflation" ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံက ၎င်း၏ ယွမ်ငွေ ဖောင်းပွမှုကို ထိန်းချုပ်ရန် ယခု နောက်ဆုံး ကြိုးပမ်းသည့် အနေဖြင့် ဘဏ်များအတွက် အရံသီးသန့် ရန်ပုံငွေ လိုအပ်ချက်ကို ၀.၅ ရာခိုင်နှုန်း မြှင့်တင်လိုက်သည်။

          ဘဏ်များအား ငွေ ပိုမို ကိုင်ထားကြရန် တောင်းဆိုခြင်း အားဖြင့် ဘဏ်ချေးငွေ ထုတ်ပေးမှုကို တင်းကြပ်နိုင်မည် ဖြစ်ကာ ထိုမှတစ်ဆင့် အသုံးအစွဲကို လျှော့ချသွားနိုင်မည်ပာု ဗပိာုဘဏ်က ယုံကြည်ထားသည်။

          မနှစ်က ငွေဖောင်းပွမှုများ၏ နောက်ဆက်တွဲအဖြစ် ယင်းကဲ့သို့ မတည် ရင်းနှီးငွေ (သီးသန့် ရန်ပုံငွေ)  မြှင့်တင်ခြင်းကို ဗပိာုဘဏ်က ယခုနှစ်အတွင်း တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကာ ဘဏ်တိုးနှုန်းများ ကိုလည်း ပြီးခဲ့သော ၄ လအတွင်း ၃ ကြိမ် တိုးမြှင့်ခဲ့သည်။

          ယခုအခါ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာသော တရုတ်နိုင်ငံတွင် ငွေဖောင်းပွမှု ၄.၉ % ခန့် ရှိနေသည်။

          ဘဏ်ချေးငွေ အများအပြား ထုတ်ချေးခြင်းသည် ကမ္ဘာ့စီးပွားရေး အကျကို တရုတ်နိုင်ငံ ဖြတ်ကျော်ရာတွင် အထောက်အကူ ဖြစ်စေခဲ့ပြီး မနှစ်က စီးပွားရေး ၁၀.၃% ကြီးထွားမှုကို ဖြစ်ပေါ်စေခဲ့သည်။

          သို့သော်လည်း စီးပွားရေး အင်ဂျင် အပူ လွန်ကဲမှုအပေါ် စိုးရိမ် ပူပန်မှုများနှင့် ကုန်ဈေးနှုန်း တက်မှုများက တိုင်းပြည် မငြိမ်သက်မှုကို ဖြစ်ပွား စေနိုင်သောကြောင့် အစိုးရနှင့် ဗပိာုဘဏ်က ၎င်းတို့ ယခင်က လုပ်ခဲ့ဖူးသည့် အတိုင်း ဘဏ်ချေးငွေ ထုတ်ပေးမှုကို ကန့်သတ်ရန် ယခုအခါ စိတ်ဝင်စား နေခြင်း ဖြစ်သည်။

          "ငွေဖောင်းပွမှု ကနေ ထွက်ပေါ်လာတဲ့ ဒီလို စိုးရိမ် ပူပန်မှုတွေကို တုန့်ပြန်ဖို့ အတွက် ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ အရေးပေါ် မူဝါဒ တစ်ခုခုကို ကျင့်သုံးဖို့ ဘေဂျင်းက အကြီးအကျယ် စဉ်းစားနေတဲ့ လက္ခဏာကို တွေ့ရပါတယ်" ပာု Royal Bank of Canada မှ ဘရိုင်ယန်ဂျက်ဆင် က ပြောကြားသည်။

          "သူတို့ စိတ်ထဲရှိသမျှ မူဝါဒ နည်းလမ်းတိုင်းကို အသုံးပြုနေတာပါ၊ သူတို့ လုပ်နိုင်သမျှ အကုန် လုပ်မှာပါ၊ ငွေကြေးမူဝါဒ နည်းလမ်းနဲ့ ပတ်သတ်လို့ လှုပ်ရှားရာမှာ တရုတ်တွေ အနည်းငယ် အထ နှေးခဲ့ကြပေမယ့် အခုတော့ အမှီလိုက်ဖို့ ကြိုးစားနေကြပါတယ်" ပာု ဘရိုင်ယန် ဂျက်ဆင်က ဆက်လက် ပြောကြားသည်။

          ယခု အချိန်အထိ ဆောင်ရွက်ချက်များမှာ အနည်းငယ်သာ ထိရောက်မှု ရှိခဲ့ပြီး ဇန်နဝါရီလက ငွေဖောင်းပွမှုနှုန်း မြင့်တက်လာကာ မနှစ်က နောက်ဆုံး ၃ လပတ်တွင်သာ စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တက်ခဲ့ခြင်း ဖြစ်သည်။

          သို့ဖြစ်ရာ လာမည့် လပိုင်းများအတွင်း နောက်ထပ် ဆောင်ရွက်ချက်များ ရှိလာလိမ့်မည်ပာု အကဲခတ်များက မျှော်လင့်ထားကြသည်။

          "ဘဏ် မတည် ရင်းနှီးငွေ လိုအပ်ချက် နဲ့ ဘဏ်တိုးနှုန်း မြှင့်တဲ့ ကိစ္စတွေ ပိုပြီး ထွက်ပေါ်လာမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" ပာု RBC Capital Markets မှ Adam Cole က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment