Transparency Myanmar

transparency.myanmar@gmail.com

(၁၈ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ Associated Press မှ Alex Kennedy ရေးသားသော "Oil falls to near $ 86 amid Middle East Protest" ကို ဘာသာ ပြန်ဆိုသည်)

အာရှတွင် သောကြာနေ့က ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် (၈၆)ဒေါ်လာ နီးကပ်သည် အထိ အနည်းငယ် ကျခဲ့ရာ အရှေ့ အလယ်ပိုင်းတွင် ပြင်းထန်သော ဆန္ဒပြမှုကြောင့် ပုံမှန် ရေနံစိမ်း ထုတ်လုပ် ဖြန့်ချိမှုကို ထိခိုက်နိုင်မည်လားပာု ရင်းနှီး မြှုပ်နှံသူများက စိတ်လှုပ်ရှားဖွယ် စောင့်ကြည့် နေခြင်းကြောင့် ဖြစ်သည်။

          စင်ကာပူ စံတော်ချိန် နေ့လည် နှောင်းပိုင်း New York Mercantile Exchange တွင် အီလက်ထရောနစ် ရောင်းဝယ်မှု၌ မတ်လအတွက် စံသတ်မှတ်ထားသော ရေနံစိမ်း ဈေးနှုန်းမှာ 31 % လျှော့နည်းပြီး (86.05) ဒေါ်လာတွင် ရှိနေခဲ့သည်။ ကန်ထရိုက်သည် ကြာသပတေးနေ့က (1.37) ဒေါ်လာ ခုန်တက်ခဲ့ကာ (86.36) ဒေါ်လာ ရှိခဲ့သည်။

          ဘာရိန်းနိုင်ငံ ခေါင်းဆောင်များသည် လူထု စုဝေးမှုကို ပိတ်ပင်ပြီး ကြာသပတေးနေ့က လမ်းအတွင်းသို့ တင့်ကားများ ပို့ခဲ့ပြီး၊ ဖြိုခွင်းခဲ့ရာ အစိုးရ ဆန့်ကျင် ဆန္ဒပြသူ ငါးဦး သေဆုံးပြီး၊ နှစ်ရာကျော် ဒဏ်ရာ ရခဲ့သည်။ ဘာရိန်းသည် ရေနံကို အဓိက ထုတ်လုပ်သော နိုင်ငံ မပာုတ်ပေ။ သို့သော် အမေရိကန်၏ အမှတ် (၅) ရေတပ် သင်္ဘော အုပ်စု အတွက် ဋ္ဌာနချုပ်သဖွယ် မပာာဗျူပာာ အရ အရေးပါသော နိုင်ငံ ဖြစ်သည်။

          တူနီးရှားနှင့် အီဂျစ်တွင် အစိုးရများကို ဖြုတ်ချခဲ့ပြီးနောက် အီရန်၊ အယ်ဂျီးရီးယား၊ ဂျော်ဒန် နှင့် လစ်ဗျား တို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်လာခဲ့သည်။အီရန်သည် ကမ္ဘာပေါ်တွင် စတုတ္ထ အကြီးဆုံး ရေနံ ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပြီး၊ အယ်ဂျီးရီးယား နှင့် လစ်ဗျား တို့သည်လည်း ရေနံစိမ်း ထုတ်လုပ် ရောင်းချသော အရေးပါသည့် နိုင်ငံများ ဖြစ်သည်။

          "အရှေ့ အလယ်ပိုင်း ဒေသသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်သော နိုင်ငံများ ရှိရာ၊ အဆိုပါ ဒေသတွင် ကြီးမားသော ပြောင်းလဲမှုများကြောင့် ကြောက်ရွံ့မှုများ တိုးတက်လာပြီး ရေနံစိမ်းကိုပါ ထိခိုက်လာသည်။" ပာု Barclays Capital က အစီရင်ခံစာ တစ်စောင်တွင် ပြောကြားပါသည်။

          လန်ဒန်တွင် ICE Futures exchange ၌ Brent ရေနံစိမ်း တစ်စည်လျှင် ဧပြီလအတွက် ဈေးနှုန်းမှာ (17) cent တက်သွားပြီး 102.76 ဒေါ်လာ ရှိသည်။ ကုန်သည်များက Brent ရေနံစိမ်းသည် အာရှနှင့် အရှေ့ အလယ်ပိုင်းမှ အဖြစ်အပျက်များ၏ သက်ရောက်မှုများ ရှိကြောင်း၊ ရိုးရာ ရေနံစိမ်း ဈေးနှုန်းမှာ West Texas Intermediary ကို အခြေခံပြီး အမေရိကန်၏ ရေနံစိမ်း စာရင်းနှင့် လိုအပ်ချက် နှေးကွေးမှု တုန့်ပြန်ချက်၏ လွှမ်းမိုးမှု ရှိသည်ပာု ဆိုသည်။

          "Brent ဈေးကွက်မှာ အာရှ၏ လိုအပ်ချက် အင်အားနှင့် အရှေ့ အလယ်ပိုင်း၏ လူမှု တိုးတက် ဖြစ်ပေါ်မှုနှင့် ပတ်သတ်သော ပထဝီ နိုင်ငံရေး အရ စွန့်စား ရမှုများကို တိုင်းတာသည့် ပေတံပင် ဖြစ်ပါသည်" ပာု Rilterbusch and associater က အစီရင်ခံစာ တစ်စောင် တွင် ပြောကြားခဲ့သည်။

          Nymex ရောင်းဝယ်မှု၏ မတ်လ ကန်ထရိုက်တွင် heating oil သည် 0.4 cent ကျဆင်းပြီး တစ်ဂါလံ (2.73) ဒေါ်လာ ရှိပြီး ဓါတ်ဆီ တစ်ဂါလံ (2.52) ဒေါ်လာ ရှိသည်။ သဘာဝ ဓါတ်ငွေ့၏ အနာဂါတ်မှာ (0.9) cent ကျဆင်းပြီး 1000 wft လျှင် (3.86) ဒေါ်လာ ရှိသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment