ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးဝင်းဆွေအားခန့်အပ်
ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းတရားရုံးချုပ်၏ပြစ်မှုတရားစီရင်ရေးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သော ဦးဝင်းဆွေအား ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်းသိရသည်။
"သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစည်းဝေးရောက်မှ သိရတယ်ဆိုပေမဲ့လည်း ဖွဲ့စည်းပုံအရ လုပ်တယ် ဆိုတော့ မကြေနပ်စရာအကြောင်းမရှိပါဘူး။"ဟု အစည်းဝေးတက် ရောက်ခဲ့သူဒေါ်ညိုညိုသင်းက ပြောဆိုသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် တိုင်းတရားသူကြီးချုပ်နဲ့ အဖွဲ့ဝင် ၆ ဦး ကိုအမည်စရင်း တင်သွင်းခဲ့ပြီး ကန့်ကွက် သူမရှိ အတည်ပြုလိုက်ကြောင်းသိရသည်။
အဖွဲ့ဝင်တရားသူကြီး ၆ ဦးမှာ ဦးမျိုးမြင့် ၊ ဦးလှအေး ၊ ဒေါ်စန္ဒာသွယ် ၊ ဒေါ်စိုးစိုးအောင်၊ ဒေါ်အေးအေးသန်း နှင့် ဒေါ်သင်းသင်းနွဲ့ တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ တရားသကြီးများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းသိရသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
ချင်းပြည်နယ် တိုးတတ်ဖွံ့ဖြိုးမှုသည် လူငယ်များ၏ ပခုံးပေါ်တွင်သာရှိကြောင်း ချင်းတိုးတတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးနိုထမ်ကပ် ပြောကြား
ဖေဖော်ဝါရီ ၂၁
ချင်းတိုးတတ်ရေးပါတီသည် ချင်းအမျိုးသားပါတီနှင့် ပူးပေါင်း၍ ချင်းပြည်နယ်၏ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၏ ပြည်နယ်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ဆက်လက်လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ချင်းတိုးတတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထမ်ကပ်က ပြောကြားရာတွင် ချင်းပြည်နယ်လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များသည် အမှန်တကယ်ပင် ချင်းလူမျိုးများအတွက် အလုပ်လုပ်စေချင်ကြောင်း၊ ချင်းလူမျိုးများအတွက် မှတ်ပုံတင်သည့် ကိစ္စရပ်များမှာ အလွန်ခက်ခဲသည့်အတွက် မှတ်ပုံတင်လျှောက်ထားဆဲမှာပင် လုပ်ကိုင်ခွင့် ရရှိစေလိုကြောင်း၊ ပြည်နယ်များအတွင်း၌လည်း တောင်သူလယ်သမားများအတွက် ချေးငွေကိစ္စရပ်များကို အစိုးရမှ အဆင်ပြေစေရန် ဆောင်ရွက်စေလို ကြောင်း၊ ချင်းပြည်နယ်၌ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်စေရန် အဆိုတင်သွင်းသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားသည့် ကိစ္စရပ်နှင့်ပတ်သတ်၍ မေးမြန်းရာ၌လည်း အနောက်နိုင်ငံများကစီးပွားရေးပိတ်ဆို့ထားသည့်အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတတ်မှုများမှာ နောက်ကျ ကျန်ရစ်နေရကြောင်း၊ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု မရှိတော့သည့်အတွက် နိုင်ငံခြားငွေသယ်ယူလာနိုင်မည့် လူများမရှိတော့ကြောင်း၊ ကမ္ဘာ့ဘဏ်ကအစ ပိတ်ဆို့ထားသည့်အတွက် စီးလာသည့်ရေကို ပိတ်ဆို့ထားသလို ဖြစ် နေကြောင်း၊ အကယ်၍ စီးပွားရေးပိတ်ဆို့မှု ပွင့်သွားခဲ့ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ဝင်ရောက်လာပါက မကြာခင် ပြန်လည်ဖွံ့ဖြိုးတိုးတတ် တော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ချင်းပြည်နယ်အတွင်း၌ အသိပညာရှင်၊ အတတ်ပညာရှင်များ နှင့် လူငယ်ပိုင်းအများစုမှာ နိုင်ငံခြားသို့ အလုပ်သွား ရောက်လုပ်ကိုင်မှုမှာ များပြားသည့်အတွက် အနည်းငယ်စိတ်ပူမိကြောင်း၊ နိုင်ငံ၌လည်း ဈေးကွက်စီး ပွားရေး ဖြစ်လာပြီဖြစ် သည့်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်များ နည်းပါးသွားမည်ကို စိတ်ပူမိကြောင်း၊ ချင်းပြည်နယ် တိုးတတ်ဖွံ့ဖြိုးမှု မှာ လူငယ်များ၏ပခုံးပေါ်တွင်သာ ရှိကြောင်း၊ လတ်တလောပြသနာကိုသာ မကြည့်ပဲ ရေရှည်ကြည့်စေချင်ကြောင်း၊ မြန်မာ နိုင်ငံ၌လည်း နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကောင်းလာတော့မည် ဖြစ်သည့်အတွက် မိမိနိုင်ငံ၌လည်း ခင်ဗျားတို့ကို အမှန်တကယ်လိုအပ်နေပါသည် ဆိုသည်ကို နိုင်ငံခြား သို့သွားရောက်အလုပ်လုပ်ကိုင်နေသူများကို သိစေကြောင်း ချင်းတိုး တတ်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထမ်ကပ်မှထပ်လောင်းပြောကြားခဲ့သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.