Transparency Myanmar

transparency.myanmar@gmail.com

(20,Feb 2011 ရက်စွဲပါ Associated Press မှ Egypt Revolt become global case study ကိုဘာသာပြန်ပါသည်။)

အရှေ့အလယ်ပိုင်းနှင့်အာဖရိကမြောက်ပိုင်းမှ အဖြစ်အပျက်များသည် ဒေသတွင်းကိုကျော်လွန်ပြီး၊ ယဉ်ကျေးမချင်း၊ ဆက်နွယ်မချင်းမရှိသည် ဝေးလံသော ဒေသများသို့တိုင် ကူးစက်သွားနိုင်ကြောင်း မျှော်လင့်နေခြင်းမှာ အတွေ့အကြုံ နည်းသူတစ်ဦးစဉ်းစားပုံနှင့် တူလှပါသည်။ သို့သော် အီဂျစ်နှင့်တူနီးရှားတို့မှ အောင်မြင်သော အုံကြွမများသည် ကမ္ဘာတဝှမ်းမှ အစိုးရဆန့်ကျင်သူ၊လှုပ်ရှားတက်ကြွသူများသည် ကမ္ဘာတဝှမ်းမှ အစိုးရဆန့်ကျင်သူ၊ လပ်ရှားတက်ကြွသူ များကို ဆွဲဆော်လျှက်ရှိပါသည်။အချို့မှာပြောင်းလဲမအတွက် လုပ်ဆောင်ရင်းနစ်နာမှုများစွာ ရှိသူများ ဖြစ်သည့်အပြင် အချို့မှာဆယ်စုနှစ်များစွာ ကြိုးစားနေသူများဖြစ်သည်။

ယခုအပတ်တောင်ကိုရီးယားလှုပ်ရှားသူများသည် လေထဲသို့ဟီလီယမ်ဘောလုံးများ လွှတ်တင်ရာ၊ဘောလုံးတွင် သင်တို့၏ခေါင်းဆောင်များကို ဖြုတ်ပစ်ပါဟု ရေးသား၍မြောက်ကိုရီးယားဘက်သို့ ကျရောက်စေခဲ့သည်။ "အီဂျစ်ပြည်သူ များသညနှစ်သုံးဆယ်သက်တမ်းရှိအာဏာရှင်စနစ်ကို တွန်းလှန်ရန်အုံကြွခဲ့သည်။ မြောက်ကိုရီးယားများ သည်လည်း နှစ်ခြောက်ဆယ်သက်တမ်းရှိ အာဏာရှင်စနစ်ကိုတော်လှန်ရမည်"ဟု ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်တွင် လွှတ်တင်သော ဘောလုံးတစ်ခု၌ရေး၍ ချိတ်ဆွဲထားပါသည်။

မြောက်ကိုရီးယားနိုင်ငံ၏ဆင်းရဲမွဲတေမ၊ နိုင်ငံတကာ Sanctionများ ချမှတ်ခြင်းခံရသော စွမ်းရည်မပြည့်သော အစိုးရသည် အာရပ်ကမ္ဘာမှအာဏာရှင်များနှင့်အတူတူ (သို့မဟုတ်) သာလျှင် တောင်သာဦးမည်ဖြစ်သည်။ ယခု အာရပ်ကမ္ဘာမှ အာဏာရှင်များသည် လမ်းပေါ်ဆန္ဒပြပွဲများ၏ လပ်ရမ်းမှုကိုခံနေရပြီဖြစ်သည်။မြောက်ကိုရီးယား၏ လူ့အခွင့်အရေးမှတ်တမ်းများသည် မြန်မာနိုင်ငံ၊ဇင်ဘာဘွေနိုင်ငံများနှင့်အတူ နိုင်ငံတကာဖိုရမ်များတွင် မှန်မှန်ရှုတ်ချခံနေရပြီ ဖြစ်သည်။ သို့သော် အဆိုပါနိုင်ငံများသည် ဘာရိန်း၊ယီမင်၊လစ်ဗျားနှင့်အခြားနေရာများကဲ့သို့ အုံကြွမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟူသော ထင်ရှားသည့်လက္ခဏာ မရှိသေးပေ။

"အရာရာဟာ သက်ဆိုင်ရာဒေသရဲ့ အခြေအနေပေါ်မှာပဲ မှုတည်ပါတယ်"ဟုမကြာသေးမီက ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ပြီး စီးပွားရေးကိစ္စများကြီးကြပ်ခဲ့သူ အမေရိကန်အခြေစိုက် RAND ကော်ပိုရေးရှင်းမှ အကြီးတန်းဖဲလိုး Charles Ries ကပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့်ခွဲထွက်သော ဒုတိယကမ္ဘာစစ်ကာလကတည်းက ခေါင်းဆောင်ကို ကိုးကွယ်သောစနစ်က အမြစ်တွယ်နေပြီဖြစ်သည်။မြန်မာနိုင်ငံတွင်၁၉၈၈နှင့်၂၀၀၇ ခုနှစ်က တော်လှန်မများကို သွေးထွက်သံယို နှိပ်ကွက်ခဲ့ပါသည်။ဇင်ဘာဘွေသည် မတည်ငြိမ်သော ညွှန့်ပေါင်းအစိုးရရှိပြီး၊ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်လျှက်ရှိပါသည်။

အခြားတိုက်ကြီးများရှိ အစိုးရဆန့်ကျင်သူများ၊ အာဏာရှင်အစိုးရများသည် အရှေ့အလယ်ပိုင်းမှ အဖြစ်အပျက်များ၏ မဟာဗျူဟာနှင့်အစီအစဉ်များကို သုံးသပ်နေမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပါချေ။ဆန္ဒပြသူများ၏ ဆိုရှယ်မီဒီယာကွန်ရက်များ၊ အမြန်ဆုံးပြုပြင်ပြောင်းလဲရေးအစီအစဉ်များ၊ ခေါင်းဆောင်များအတွက် အရပ်ဝတ်ဖြင့် လူသတ်ပေးမည့်သူများ စသည်ဖြင့်သုံးသပ်နေကြပါလိမ့်မည်။ မငြိမ်သက်မှုများသည် ယီမင်မှဧဒင်ပင်လယ်ကွေ့သို့ ဖြတ်သွားရမည့် မြို့တော်နိုင်ငံ Djibouti သို့ပင် ပြန့်နှံ့သွားပြီး၊ဆန္ဒပြသူများသည် လုံခြုံရေးတပ်ဖွဲ့များနှင့်သောကြာနေ့က ပဋိပက္ခဖြစ်ခဲ့ကြောင်း သတင်းများကဆိုပါသည်။

သွေးထွက်သံယိုလက်တုန့်ပြန်မကို ကြောက်ရွံခြင်း၊သတင်းအချက်အလက်များကို ထိန်းချုပ်ထားခြင်း၊ရန်ပွဲများကို ရှောင်ရန်နှင့်အစာရေစာပြတ်လပ်ခြင်း၊လောင်စာဆီဈေးနန်း မြင့်ခြင်းစသော မီးပွားများကို မဖြစ်စေရန် နည်းစနစ်များ ချမှတ်၍၊ ဖိနှိပ်သော စနစ်ကိုတော်လှန်မမဖြစ်စေရန် ဆောင်ရွက်နေကြပါသည်။

အီဂျစ်နှင့်ဒေသတွင်းမှ ဆန္ဒပြသူများသည် TwitterFacebook နှင့် Youtube တို့ကိုသုံး၍ စုစည်းကြပြီး၊ Pan_Arab မီဒီယာဖြစ်သော Al_Jazeera ကလည်းအုံကြွမများကို ပျံ့နှံစေပါသည်။

သို့သော မြောက်ကိုရီးယားတွင် ပြည်သူများသည် ပြင်ပရေဒီယိုရုပ်မြင်သံကြား ကြည့်ရှုခွင့် မရှိသည့်အပြင် အင်တာနက်လည်း မရှိသည့်အတွက် စုစည်းထားသော အတိုက်အခံဖြစ်ပေါ်ရန် လမ်းစမရှိပေ။ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကလည်း ဖြုတ်ချခံရသော အီဂျစ်သမ္မတမဘာရက်နှင့်နှစ်ပေါင်းများစွာကပင် ဆက်ဆံမများ ရှိခဲ့ပါသည်။ အီဂျစ်တွင် ဆန္ဒပြမများ မဖြစ်မှီ နှစ်ရက်အလို ဇန်နဝါရီလ(၂၃)က နိုင်ငံခြားသားများကိုတွေ့ခဲလှသော အာဏာရှင် ကင်ဂျုံအီသည် ကိုင်ရိုအခြေစိုက် Orascom Telecomမှ အကြီးအကဲအားလက်ခံတွေ့ဆုံခဲ့ပါသည်။Orascom Telecom သည် မြောက်ကိုရီးယား တွင် 3G တယ်လီဖုန်းစနစ်ကို တည်ဆောက်လျှက်ရှိပါသည်။

စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံမှ အစိုးရဆန့်ကျင်သူများသည် အီဂျစ်နိုင်ငံတွင် ဖြစ်ပျက်နေသည်များကို အစိုးရက ပိတ်ထားလင့်ကစား သိလိုလှပေသည်။

"လူတိုင်းက သတင်းကိုစိတ်ဝင်စားပြီး၊ရှာဖွေနေကြတယ်။ ဒီအဖြစ်အပျက်ကနေ လေ့လာနိုင်မယ့်အရာတွေ၊ ဥပမာယူစရာတွေ အကြောင်းကိုပဲပြောနေကြတယ်"ဟု လန်ဒန်အခြေစိုက် Burma Campagin UK မှMark Farmaner ကပြောကြားပါသည်။

သို့သော် အီဂျစ်တွင် (၁၈)ရက်တော်လှန်ရေး ဖြစ်သကဲ့သို့ တော်လှန်ရေးတစ်ရပ်ဖြစ်ရန် လက္ခဏာ မရှိကြောင်း၊ စစ်တပ်က အာဏာကိုကိုင်ထားပြီး၊ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို  ကြီးကြပ်မည်ဟု ကတိပေးထားကြောင်း Farmaner ကပြောကြားပါသည်။အီဂျစ်တွင် မှုဘာရက်အားဖြုတ်ချရန် စစ်တပ်သည် ဆန္ဒပြသူများဘက်မှ ရပ်တည်ခဲ့ သည်။

"မြန်မာနိုင်ငံမှာ စစ်တပ်ကအမိန့်ရတာနဲ့ ပစ်ဖို့ အဆင်သင့်ပါပဲ။ သမ္မတနဲ့စစ်တပ်က တသားတည်းပါပဲ" ဟု Farmaner က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အုံကြွမှုများသည် သွေးထွက်သံယိုဖြင်သာ အဆုံးသတ်ရမည်ဖြစ်၍ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။

"အီဂျစ်မှာ ဖြစ်ပျက်တာတွေက ဗမာပြည်နဲ့တူလို့ စိတ်ဝင်စားပါတယ်။ဒါပေမယ့် ဖြစ်ပျက်ပုံကတော့ အတိအကျ မတူဘူးပေါ့လေ။ ကျွန်မထင်တယ် အပြောင်းအလဲအတွက် ဆန္ဒပြမှုတွေဟာ နည်းလမ်းတခုပါပဲ။ဒါပေမယ့် အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ဘာရက် မထွက်မှီ ဖေဖော်ဝါရီလဆန်းက BBC သို့ပြောကြားသည်။

တိုက်ကြီးများတွင် ပျံ့နှံ့နေသော နိုင်ငံရေးအရထိရောက်သော အိုင်ဒီယာများများပေးသောဥပမာပြုလောက်သည့် နိုင်ငံရေး အဖြစ်အပျက်များ ရှိပါသည်။ အမေရိကန်သံတမန်ဟောင်း Ries ကပြောကြားသည်။ ဥရောပအတွေးအခေါ် သမားများသည် အမေရိကန်တော်လှန်ရေး အတွက်အရေးကြီးသော အချက်အလက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။ ပြင်သစ်တော်လှန်ရေးကိုလည်း ထိုနည်းလည်းကောင်း ပြုခဲ့ပါသည်။

"ဒီနည်းစနစ်အသစ်တွေကို သုံးပြီး၊ကြီးမားလှတဲ့ လူထုကြီးဟာ ဆုံးရှုံးမှုနည်းနည်းနဲ့စုစည်းနိုင်ခဲ့တဲ့ နေရာတွေ ကိုလည်း တွေ့နိုင်ပါတယ်။ဒီတော့ လူထုကြီးကို ဖိနှိပ်ခြင်းဟာ ပါဝါမရှိဘူးလို့ မှတ်ယူနိုင်ပါတယ်"ဟု ယနေ့ ဖြစ်ပျက်နေသော အုံကြွမှုများနှင့်ပက်သက်၍ Ries ကပြောပါသည်။

အချို့အာရပ်နိုင်ငံများတွင် ဆန္ဒပြမှုများကို အင်အားသုံးတုန့်ပြန်နေခြင်းကြောင့် အောင်မြင်မမရသေးပေ။ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်ရှိ ဗဟိုဥရောပတက္ကသိုလ်မှ နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ Hurst Hannum  က ဒီမိုကရေစီအတွက် ကမ္ဘာအနှံ့အုံကြွမှုများအား ခန့်မှန်း ပြောဆိုမှုများ ကိုသတိထားကြရန် ပြောခဲ့ပါသည်။

ပါမောက္ခ Hannum က၎င်း၏ email တွင် ၁၉၉၂ ခုနှစ်က အမေရိကန်ပညာရှင် ဖရန်စစ်ဖူကူယားမား၏ ကျမ်းပြုစာတမ်း The End of History and the Last Man တွင် အချိန်မတန်သေးသော အယူအဆကို ပြန်လည်ဖော်ပြခဲ့ရာ "ဥရောပစတိုင် ဒီမိုကရေစီသည် ကွန်မြူနစ်ဝါဒကျဆုံးပြီးချိန်တွင် အခြားစနစ်များကို လွှမ်းမိုးသွားလိမ့်မည်"ဟု ဆိုခဲ့ခြင်းကို ဖော်ပြခဲ့ပါသည်။

ဖေဖော်ဝါရီလ(၃)ရက်နေ့က ဇင်ဘာဘွေနိုင်ငံပိုင်ရေဒီယိုက အတိုက်အခံခေါင်းဆောင်ဟောင်းဖြစ်သူ ဝန်ကြီးချုပ် Morgan Tsvangirai အားအီဂျစ်နှင့်တူနီးရှားကဲ့သို့ အစိုးရဆန့်ကျင်ရေးအုံကြွမှုများ ဖြစ်စေရေး မီးမွှေးရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ပါသည်။Tsvangirai ကပြောကြားရာတွင် ၎င်းညွှန့်ပေါင်းအစိုးရသို့မဝင်ရောက်မှီကလည်း ၎င်း၏နောက်လိုက်များမှာ အန္တာရာယ်များသောလမ်းကို မရွေးစေဘဲ၊ငြိမ်းချမ်းသော ပြောင်းလဲမှုအတွက်သာ ရပ်တည်ခဲ့သည်ဟု ရှင်းပြခဲ့ပါသည်။

နိုင်ငံပိုင်ရေဒီယိုများကို နှစ်ပေါင်းသုံးဆယ်ခန့် အာဏာယူထားသော သမ္မတ Robert Mugabe ၏သစ္စာခံများက ထိန်းချုပ်ထားပါသည်။နိုင်ငံရေးသိပ္ပံပညာရှင် John Makumbe ကဇင်ဘာဘွေတွင်လည်း အီဂျစ်တွင်ကဲ့သို့ ဖြစ်လာနိုင်မလားဟူသော ခေါင်းစဉ်ဖြင့် အက်ဆေးရေးခဲ့ရာတွင် ၎င်းက စစ်တပ်သည် တော်လှန်မကို နှိမ်နင်းမည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ပါသည်။သို့သော် မြောက်ဖက်မှ အုံကြွမှုများအတွက် ဆွဲဆောင်နိုင်ခဲ့ပါသည်။

"ပြည်သူများ၏ပါဝါဟာ မည်မျှအထိရှိသည်ဆိုသည်ကို ကျွန်ုပ်တို့အားပြသခဲ့သည့်။အီဂျစ်နှင့်တူနီးရှားကို ကျေးဇူးတင်ပါသည်။"ဟု၎င်းကထွက်ပေါ်လာသော Nehanda ရေဒီယိုဝက်ဆိုက်တွင် ရေးသားခဲ့ပါသည်။

မြောက်ကိုရီးယား၏စနစ်သည် ၁၉၉၀ နှစ်များကအစာရေစာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ပြိုလဲတော့မည်ဟု အများကသတ်မှတ်ခဲ့ကြပါသည်။ခေါင်းဆောင်ကင်ဂျုံအီသည် ၎င်း၏ဖခင်ထံမှ အာဏာဆက်ခံသူဖြစ်ပြီး၊စစ်တပ်ကို ခံစားခွင့်များပိုပေးပြီး၊အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ပြီး၊ရန်သူများကို အန္တာရာယ်ရှိသည်ဟု ဝါဒဖြန့်၍ အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် ဝါဒဖြန့်ယန္တရား အဖြစ်အသုံးပြုခဲ့ပါသည်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများသည် အီဂျစ်ရှိအဖြစ်အပျက်များ ကိုလွှင့်ထုတ်မပေးပါ။တောင်ကိုရီးယားတို့၏ စာရွက်စာတမ်းများ၊လှိုင်းတိုရေဒီယို လွှင့်ထုတ်မှုများဖြင့် ပေးပို့မှုများကို မြောက်ကိုရီးယားပြည်သူများလက်ခံရရှိမှု ရှိမရှိ မသေချာပေ။မှုဘာရက်ကလည်း တချိန်ကသားဖြစ်သူ Gamalအား အာဏာဆက်ခံရန် စဉ်းစားခဲ့သလို ကင်ဂျုံအီကလည်း သားဖြစ်သူ  Kim Jong Un  ကို အာဏာဆက်ခံရန်စီစဉ်ထားရာ တူညီသော မင်းဆက်ပြုမှုရှိသည်မှာ ထင်ရှားပါသည်။

ဆိုလ်းအနီး ဆီဂျုံးတက္ကသိုလ်သုတေသနစင်တာမှ ပညာရှင်ပတ်ဟာဆွန်က "မြောက်ကိုရီးယားမှ အစိုးရနှင့် ကုန်သွယ်ရေး ခေါင်းဆောင်များသည် အီဂျစ်မှအဖြစ်အပျက်နှင့်ပက်သက်၍ အတိအကျ နားလည်သဘောပေါက် သိရှိထားကြသည်။" ဟုခန့်မှန်း သော်လည်း ထိုကဲ့သို့ အလားတူ အုံကြွမဖြစ်ပေါ်ရန် အလားအလာမရှိဟု သူကဆိုပါသည်။

"ဒါပေမယ့်လည်း အယူအဆရေးရာ၊အာဏာဖွဲ့စည်းပုံဆိုင်ရာ ပြည်တွင်း၊ပြည်ပ ဆက်ဆံရေး ဆိုင်ရာကိစ္စ တွေမှာတော့ သဘောကွဲလွဲမတွေ အများကြီးရှိနေပါတယ်။ မြောက်ကိုရီးယားကို အခြေခံကျကျပစ်ပယ်ခံထားရတဲ့ ဆိုရှယ်လစ် အာဏာရှင်အစိုးရကို ကာကွယ်ပေးနေတာကတော့ သူရဲ့အယုံကြည်ရဆုံး၊အားထားရဆုံး၊အင်အားကြီး တရုတ်နိုင်ငံပါ။"ဟုပြောကြားသည်။

တရုတ်နိုင်ငံ ကိုယ်တိုင်ကလည်း ဆန္ဒပြပွဲများကို အနောက်ဒီမိုကရေစီပုံစံနှင့်တွဲပါလာသော ဗရမ်းဗတာ ဖြစ်စဉ်တစ်ခု အဖြစ်သတ်မှတ်ရှုမြင်ထားပြီး၊၎င်းတို့၏ အာဏာကို ခြိမ်းခြောက်နိုင်သည့် မငြိမ်သက်မှုများကို ဖြစ်ပေါ်စေသည်။ အကြောင်းရင်းမြစ် မှန်သမျှကို အလွန်စိုးရိမ်ပူပန်နေသော နိုင်ငံဖြစ်သည်။မှုဘာရက် ခြေချော်လက်ချော် ဖြစ်သွားခဲ့သည် အတွက် အင်တာနက် မိုက်ခရိုဘလော့ဆိုက်များတွင် "အီဂျစ်"ဟူသော စကားလုံးကို ရှာမရအောင် တရုတ်အာဏာပိုင်များက ပိတ်ပင်လိုက်သည့်အပြင် အင်တာနက်ဖိုရမ်များပေါ်မှ "တရုတ်၊အီဂျစ်" နှိုင်းယှဉ်ဝေဖန်ချက် များကိုလည်း ပယ်ဖျက် ပစ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အီဂျစ်မှသမိုင်းဝင် ဖြစ်ရပ်များ အပြီးတွင် လူအများက ဂြိုလ်တုစလောင်းများ တပ်ဆင် လာကြကာ အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်စေရန် တိတ်တဆိတ်ကျိတ်၍မျှော်လင့်နေကြသည်။

"ဘာရက် နတ်ထွက်သွားလို့ အပျော်လွန်နေကြတဲ့ အီဂျစ်ပြည်သူတွေကို ကြည့်ပြီးတော့ ကျွန်တော် မျက်ရည်တောင်လည်မိတယ်ဗျာ"ခင်ဗျားတို့ တိုက်ပွဲကတော့ အောင်မြင်သွားပြီလို့ သူတို့ကို ပြောခြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနာဂတ်ကတော့ ဘယ်ဆီရောက်နေမှန်း မသိတော့ပါဘူးဗျာ"ဟု မြန်မာနိုင်ငံ၏ အထင်ကရ ရန်ကုန် မြို့တော်ကြီးမှ အသက် ၅၃ နှစ် အရွယ် ပုဂ္ဂလိက ကျူရှင်ဆရာတစ်ဦးက ပြောကြားသည်။ မြန်မာအာဏာပိုင်များက ဖမ်းဆီးနှိပ်စက်မည်ကို စိုးရိမ်သဖြင့် အဆိုပါ ကျူရှင်ဆရာက နာမည်မဖော်ပြရန် တောင်းပန်သည်။ 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment