Transparency Myanmar

transparency.myanmar@gmail.com

မြန်မာဒုက္ခသည်များအား စစ်ဆေးသုံးသပ်ရန် အီးယူ ကိုယ်စားလှယ် ထိုင်းသို့လာမည်

(Monsters and Criticsမှ 21 Feb 2011 ရက်စွဲပါ " EU officials to visit Thailand to review Myanmar refugees" သတင်းကို ဘာသာပြန်ဆိုသည်။)

      ထိုင်း- မြန်မာ နယ်စပ်တလျှောက်ရှိ အီးယူ ထောက်ပံ့ထားသော ဒုက္ခသည်စခန်းများမှ လက်ရှိအခြေအနေကို သုံး သပ်ရန်အတွက် ဥရောပ သမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ထိုင်းနိုင်ငံသို့ လာမည့်လတွင် လာရောက်ရန် စီစဉ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

      အိမ်နီးချင်း မြန်မာနိုင်ငံတွင်းမှ တိုက်ပွဲများကို ရှောင်ရှားသည့်အနေဖြင့် ကရင်လူမျိုး ဒုက္ခသည်များ ၁၅၀,၀၀၀ ခန့် ဆယ်စုနှစ် အတန်ကြာနေထိုင်လျက်ရှိသည့် နယ်စပ် ဒုက္ခသည်စခန်းများသို့ သွားရောက်ရန်အတွက် ကော်မရှင်နာ ခရစ် တယ် လီနာဂျော်ဂျီဗျာသည် ထိုင်းနိုင်ငံသို့ မတ်လ ၁၀ ရက်နှင့် ၁၁ရက် တွင် လာရောက်ရန် စီစဉ်လျက်ရှိသည်ဟု ထိုင်း၊ မြန်မာ၊ လာအို ဆိုင်ရာ အီးယူ သံအမတ်ကြီး ဒေးဗစ်လစ်မင်းက ပြောကြားသည်။

      လွန်ခဲ့သော ဆယ်စု ၂ စုအတွင်း အီယူသည် မြန်မာနိုင်ငံအရှေ့ပိုင်းမှ  ကရင်လူမျိုး ဒုက္ခသည်များ သိန်းဂဏန်း အတွက် နယ်စပ် ဒုက္ခသည်စခန်း တစ်ဒါဇင်ခန့်တွင် လူသားခြင်းစာနာသော ကူညီထောက်ပံ့မှုများကို အဓိက ကူညီပေးခဲ့ သော အဖွဲ့အစည်းဖြစ်သည်။

      မြန်မာနိုင်ငံ ဗဟိုအစိုးရထံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်အတွက် ၁၉၄၉ခုနှစ်မှ စတင်ကာ တိုက်ခိုက်ခဲ့သော ကရင် လက်နက်ကိုင်များသည် ကမ္ဘာ့သက်တမ်းရှည် တော်လှန်ပုန်ကန်သူအဖွဲ့များထဲတွင် တစ်ဖွဲ့ အပါအဝင်ဖြစ်သည်။

      ဒုက္ခသည်စခန်းများ၌ ၁၉၉၅ မတိုင်မှီကစ၍ နေထိုင်ခဲ့ကြသော ကရင်ဒုက္ခသည်များမှာမူ အမေရိကန်နှင့် သြစတြေး လျတွင် တရားဝင် အခြေစိုက်နေထိုင်ခွင့်ရရန်အတွက် သတ်မှတ်စည်းကမ်းနှင့် ညီညွတ်သည်ဟု သိရသည်။သို့ရာတွင် လွန်ခဲ့သော ၁၀နှစ်အတွင်း တတိယနိုင်ငံများသို့ ကရင်ဒုက္ခသည်များ ပုံမှန်ထွက်ခွာမှုရှိနေသော်လည်း စခန်းတွင်း လူဇဦးရေမှာ လျှော့သွားခြင်းမရှိဘဲ ၁၅၀,၀၀၀ခန့်တွင် အမြဲ ရှိနေသည်။

      တတိယနိုင်ငံများသို့ ပြောင်းရွှေ့ အခြေစိုက်ခွင့် ရအောင် ဒုက္ခသည်စခန်းများသို့ ဝင်ရန်အတွက် ကရင်များက အာဏာပိုင်များကို ပိုက်ဆံပေးရသည်ဟူသော သတင်းများ လည်း ထွက်ပေါ်နေသည်။

      ဒုက္ခသည်စခန်းများအတွက် သန်းခေါင်စာရင်းအသစ် ကျွန်တော်တို့ ပြုစုနေပါတယ်ဟု ဒေးဗစ်လစ်မင်းကဆို သည်။

      မြန်မာနိုင်ငံဆိုင်ရာ အီးယူ အထူးကိုယ်စားလှယ် ပီယာရို ဖာစီနို သည်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ် ပီရိုမြနှင့် အသေးစိတ် တွေ့ဆုံဆွေးနွေးရန်အတွက် ဘန်ကောက်သို့ မတ်လ ၈ရက်နေ့တွင် ရောက်ရှိမည်ဖြစ်သည်။

      မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တကွ စစ်အစိုးရနှင့် ရင်းနှီးသော ရိုက်စားစီးပွားရေးလုပ်ငန်းရှင် ,၀၀၀ခန့် အပေါ်ချမှတ်ထားသော စီးပွားရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူခြင်း မူဝါဒအပေါ် ပြန်လည်အကဲဖြတ်သည့် လုပ်ငန်းစဉ်ကိုလည်း အီးယူက လတ်တလော ဆောင်ရွက်နေသည်။

      အဆိုပါ အရေးယူဒဏ်ခတ်မှု sanction များသည် ဧပြီလကုန်တွင် အီးယူ၏ ပြန်လည်သုံးသပ်မှုကို ခံယူရမည် ဖြစ်သည်။

      မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကေက်ပွဲကို နိုဝင်ဘာ(၇)ရက်နေ့က ကျင်းပခဲ့ပြီးနောက် လာမည့် မတ်လတွင် အစိုးရ အဖွဲ့သစ်နှင့် အစားထိုးမည်ဟု သိရသည်။

      ထို့အပြင် တပ်မတော် အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း နိုဝင်ဘာ (၁၃)ရက် နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

      အနောက် ဒီမိုကရေစီနိုင်ငံများ မြန်မာစစ်ဖက်အုပ်ချုပ်သူများအား ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ဒေါ်အောင် ဆန်းစုကြည်အား လွှတ်ပေးရန် အချိန်ကြညမြင့်စွာကပင် တောင်းဆိုထားခဲ့ကြသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment