Transparency Myanmar

transparency.myanmar@gmail.com

ရွှေနှင့်ဒေါ်လာ ဘာတွေဖြစ်နေလဲ
ဘုန်းထက်မင်း
ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၏
နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲများနှင့်အတူ ဖြစ်ပေါ်လာနေသော
စီးပွားရေးအခင်းအကျင်းတစ်ချို့မှာ အလှုပ်အယမ်းများနေသည်ဖြစ်သောကြောင့်
ရင်းနှီးမြုပ်နှံသူများမှာ လည်း
ခန့်မှန်းရခက်နေကြောင်းလုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရသိရှိရသည်။ "
ဈေးက ခုထိ မငြိမ်သက်သေးဘဲ တက်ရိပ်ကျရိပ်က မြန်နေတော့ ကျွန်တော်တို့လို
လုပ်ငန်းရှင်တွေလည်း မှန်းရခက်နေတယ်"ဟု ပို့ကုန်၊ သွင်းကုန် စီးပွားရေး
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလလယ် လောက်မှစ၍
ပြည်ပပို့ကုန်ရငွေ၊ ဒေါ်လာဈေးနှင့် အိမ်ခြံမြေ ဈေးတို့မှာ သိသိ သာသာ
တိုးမြင့်လာခြင်း နှင့်အတူ အခြေခံစားသောက်ကုန်များမှာလည်း မသိမသာ
တဖြည်းဖြည်း တိုးမြင့်လာခဲ့ကြောင့် တွေ့ရှိရသည်။ "ဈေးကွက်ထဲမှာ
အမေရိကန်ဒေါ်လာဈေး၊ ရွှေဈေး၊ အိမ်ခြံမြေဈေးတွေ ဖေဖော်ဝါရီလထဲမှာ
သိသိသာသာ မြင့်လာတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းထိ ကျပ်ခြောက်သိန်းမကျော်တဲ့
ရွေဈေးက အခုလလယ်ပိုင်းမှာ ၁၅ပဲရည် တစ်ကျပ် သားကို ကျပ် ၆၃၀၀၀၀
ကျော်ဖြစ်လာတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်မှာ အမေရိကန်ဒေါ်လာက ၈၆၂ကျပ်ဝန်းကျင်၊
ပို့ကုန် ရငွေက ၈၉၈ ကျပ်ဝန်းကျင်ဖြစ်ခဲ့ပြီး အခု တတိယပတ်မှာ
အမေရိကန်ဒေါ်လာက ၈၀ ကျပ်ဝန်းကျင်၊ အက်ဖ်အီးစီက ၆၀ ကျပ်ဝန်းကျင်၊ ပို့ကုန်
ရငွေက ၈၀ ကျော်တက်လာတာတွေ့ရတယ်။ တစ်ပြိုင်တည်းလိုလိုပဲ
လူတိုင်းမသုံးမဖြစ် သုံးစွဲနေရ တဲ့ အခြေခံစားသောက်ကုန်တွေ၊
လူသုံးကုန်တွေလည်း ဈေးမြင့်တက်လာတာတွေ့ရတယ်"ဟု စီးပွားရေး လုပ်ငန်းရှင်
တစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၆ရက်နေ့တစ်ရက်တည်း၌ပင်
ရွှေဈေးနှုန်းများနာရီအတွင်း ထောင်သောင်းချီ တက်ခဲ့သောကြောင့်
ရွှေဈေးပိတ်ချိန် အခေါက်ရွှေတစ်ကျပ်သား ၆၇၄၀၀၀ ကျပ်ဝန်းကျင်ဖြင့်
ဈေးပိတ်သွားခဲ့ကြောင်း ရွှေကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရသည်။
"တရက်တည်း၊ နာရီပိုင်းအတွင် အဲဒီလို ဈေးတွေသောင်းချီတက်တာက
ဖြစ်တောင့်ဖြစ်ခဲပါ။ ဝယ်တဲ့သူက အတော်ကိုများလို့တက်တာ" ဟု
ဝါရင့်ရွှေကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။ ရွှေဈေးနှုန်း မြင့်တက်
ခြင်းမှာ အမေရိကန်ဒေါ်လာ နှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင်
ဒေါ်လာတန်ဖိုးမြင့်မားလာမှုကြောင့်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့
ဈေးနှုန်းများအရ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၉၅၀
အထိဈေးတက်နေကြောင့် ဈေးကွက် အတွင်း မှစုံစမ်းသိရှိရသည်။"ဝယ်တဲ့သူက
လိုက်ကိုဝယ်နေတော့ ဈေးက တက်တာ။ အဝယ်ပါးသွားရင် ဈေးပြန်ငြိမ်သွားမယ်" ဟု
ဝါရင့်ရွှေကုန်သည်က သုံးသပ်ပြောကြားသည်။
ဒေါ်လာဈေးကွက်သည် ဇန်နဝါရီလအတွင်းကျဆင်းခဲ့ပြီး ယခုကာလအတွင်း
တစ်ဖြည်းဖြည်း ပြန်လည်မြင့်တက် လာရခြင်းမှာ
နိုင်ငံရေးအပြောင်းအလဲပေါ်မူတည်၍ စောင့်ကြည့်ပြီး ပြန်လည်လုပ်ကိုင်လာသည့်
စီးပွားရေးလုပ်ငန်းရှင်များ Primary
Producer(မူလထုတ်လုပ်ရောင်းချသူများ)၏ ရင်းနှီးမြုပ်နှံမှု၊
ကျဆင်းခြင်းကို ပြန်လည်မြင့်တက်လာစေရန်အပြင် ဈေးတက်ချိန်တွင်
ဝယ်ယူစုဆောင်းသူ များ လာသည့်အတွက်တက်လာရသည်ဟု စီးပွားရေးလုပ်ငန်းရှင်
တချို့သုံးသပ် သည်။" ဒီလမှာ အရင်လတွေက ဈေးကျနေတဲ့ ဒေါ်လာက
ဈေးပြန်တက်လာတယ်။ ခုကြားနေရတာက နောက်ပိုင်း တဖြည်းဖြည်း နဲ့ ၁၀၀၀ကျပ်ထိ
ထပ်တက်လာမယ်လို့ကြားတယ်။ ဒါကြောင့် ဒေါ်လာကိုလက်ဝယ်ကိုင်ထား တယ်" ဟု
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းစီးပွားရေးအခြေအနေတိုင်းတာရာတွင်
အဓိကနှိုင်းယှဉ်မှုပြုသည့် အမေရိကန် ဒေါ်လာနှင့် ကျပ် ဈေးနှုန်းသည်
ဆယ်စုနှစ်ကာလအတွင်း ကွာဟချက်များစွာမရှိသော်လည်း လူတန်းစားအသီးသီး၏
စားဝတ်နေရေး အပါ အဝင် လူနေမှုကုန်ကျစရိတ်များ ပိုမိုမြင့်မားလာကြောင်း
ပညာရှင်များအသိုင်းအဝိုင်းက သုံးသပ်မှုများရှိနေပါသည်။ "ကိစ္စ
တစ်ခုခုဖြစ်လာရင် အကြောင်းတွေရှိပါတယ်။ အခု ငွေလဲနှုန်းနဲ့ရွှေနဲ့
အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာတယ်။ စီးပွားရေးဆိုင်းနေတာကနေ
ပြန်နိုးလာတဲ့ သဘောလို့ယူဆတယ်။ လူတွေမသုံးဘဲထားတဲ့ ငွေကြေးတွေ ဈေးကွက်ထဲ
စီးဝင်လာတယ်။ ငွေလှုပ်တဲ့အတွက် ကုန်စည်ဈေးနှုန်းတွေ၊
ပိုင်ဆိုင်မှုတွေဈေးမြင့်လာတယ်။ အရင်တုန်းက ကား၊ ဖုန်း၊ ရွှေတို့ကို
မြုပ်နှံရာကနေ အခု အိမ်ခြံမြေဈေးကွက်ကို ပိုစိတ်ဝင်စားလာတယ်။
လုပ်ငန်းရှင်တွေ ငွေပြန် သုံးလာတဲ့သဘော၊ စီးပွားရေး
ကြွလာတဲ့သဘောလို့ယူဆပါတယ်။ ကာလတို့ မြုပ်နှံတာထက် အသေးစားနဲ့
အလတ်စားလုပ်ငန်းတွေ တည် ထောင်လုပ်ကိုင်သင့်တယ်။ ဒါမှ အခြေခံနဲ့ အလယ်အလတ်
လူတန်းစားတွေလက်ထဲငွေဝင်မယ်။ ဖြစ်နေတဲ့ ငွေလဲနှုန်း၊ စီးပွားရေးအနေအထားနဲ့
လိုက်လျောညီထွေ ဖြစ်တဲ့ ကုန်စည်ဈေးနှုန်းမျိုးရှိရမယ်၊
လူတန်းစားအလျောက်သုံးစွဲနိုင်သလို စုဆောင်းမှုပြုနိုင်တဲ့
ဝင်ငွေမျိုးရှိဖို့လိုပါတယ်" ဟု ပါမောက္ခ ဒေါ်လှမြင့်က
ထင်မြင်ချက်ပေးခဲ့ပါသည်။
"တချို့ကုန်စည်တွေကို ပြည်တွင်းမှာ ထုတ်လို့ရတာ ထုတ်ပေမယ့်
ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တယ်။ သွင်းကုန် တွေမှာတော့
လုပ်ထုံးလုပ်နည်းတွေ၊ သယ်ယူပို့ဆောင်ရေးရာ ကိစ္စရပ်တွေရှိ တယ်။
အဆင့်ဆင့်ဖြတ်သန်းရင်း စားသုံးသူ လက်ထဲရောက်တဲ့အခါ
ဈေးမြင့်သွားတာမျိုးလည်းရှိနိုင်တယ်။ ဒီကြားထဲမှာ ကိုယ်ကျိုးအတ္တ
တစ်ခုတည်းနဲ့ စီးပွားရေး လုပ်ကိုင်နေသူတွေလည်းရှိတယ်။ လူလတ်တန်းစားအလွှာက
နိုင်ငံတစ်နိုင်ငံရဲ့မျှခြေကို ထိန်းပေးတာကြောင့် အားကောင်း လာအောင်
ဖန်တီးသင့်တယ်"ဟု ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်းက သုံးသပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment