Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာမှ 20,Feb.2011 ရက်စွဲပါ "Bahrain protesters retake square as libya tall rises" သတင်းကို ဘာသာ ပြန်ဆိုသည်။)

လစ်ဗျားနိုင်ငံမှ သွေးစွန်းသော အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲမှုတွင် ဆန္ဒပြသူ ၈၀ ကျော် အသတ်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည့် အတွက် အာရပ် ကမ္ဘာတွင် မငြိမ်သက်မှုများ အသစ်တဖန် ကြီးထွားလာကာ ဘာရိန်း မြို့တော်ရှိ အဓိက ရင်ပြင်တွင် ဆန္ဒပြသူများ ပြန်လည် စုဝေးခဲ့ကြသည်။

လစ်ဗျား ခေါင်းဆောင် မွမ်မာကဒါဖီ အနေဖြင့် သူ၏ အနှစ် ၄၀ အုပ်စိုးမှုအပေါ် မကြုံဖူးသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေ ရသကဲ့သို့ပင် ဘာရိန်းနိုင်ငံ တွင်လည်း ရဲတပ်ဖွဲ့နှင့် စစ်တပ်များက အလျော့ပေးသည့် အသွင်ဖြင့် တပ်ရုတ် နေချိန်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက ဗာနာမာ မြို့တော် ပုလဲ ရင်ပြင်သို့ ပြန်လည် ချီတက် စုရုံးခဲ့သည်။

ရှီအစ်တီ ဦးဆောင်သော အတိုက်အခံ အုပ်စုနှင့် စေ့စပ် ညှိနှိုင်းရန် အနောက်နိုင်ငံ လိုလား ထောက်ခံသော အစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှု ကြီးထွားလာသည့် အချိန်တွင် ပုလဲ ရင်ပြင်တဝိုက်မှ တပ်ဖွဲ့များ ဆုတ်ခွာကာ ဆန္ဒပြသူများနှင့် ဝေးဝေးနေကြရန် အိမ်ရှေ့ မင်းသား ဆော်လမွန် ဟာမက် အယ်လကာဖီက အမိန့် ထုတ်ပြန်လိုက်သည်ဟု BNA သတင်းဌာနက သတင်း ဖော်ပြသည်။

အိမ်ရှေ့ မင်းသားက ဆန္ဒပြ လူအုပ်ကိုလည်း "အုပ်စု အားလုံး အတူတကွ ပါဝင်မည့် အမျိုးသား အခန်းကဏ္ဍသစ်ကို စတင်နိုင်ရန် အတွက် လူစုခွဲကြရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း အောင်ပွဲခံ ပျော်မြူးနေသည့် ဆန္ဒပြသူများက ရင်ပြင်သို့ ပြန်လည် စုဝေးလာကာ  ရွက်ဖျင်တဲများ ထိုးနေကြသည်ဟု သိရှိရသည်။

"အာဏာရှင် အစိုးရ နုတ်ထွက်ပေးရန် ပြည်သူများက လိုလားသည်"ဟု ကြွေးကြော်ကာ စုဝေး ခဲ့ကြသည့် ဆန္ဒပြသူများက ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကိုသာ အလို ရှိသည်ဟု ပြောကြားခဲ့သည်။

ဘုရင်မင်းမြတ် ကမ်းလှမ်းထားသည့် ဆွေးနွေးပွဲများ မစတင်မှီ အစိုးရ နုတ်ထွက်ပေးရန် တောင်းဆို ထားသည့် ရှီအစ်တီ ဦးဆောင်သော အတိုက်အခံ အုပ်စုနှင့် စေ့စပ် ညှိနှိုင်းရန် မဟာ ဗျူဟာမြောက် အရေးပါသော ဘာရိန်း ဘုရင့် နိုင်ငံအပေါ် ဖိအားများ ကြီးထွား လာသည့် အတွက် ယခု နောက်ဆုံး တိုးတက်မှု အခြေအနေများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment