Transparency Myanmar

transparency.myanmar@gmail.com

(Reuters သတင်းဌာနမှ 19th Feb 2011 ရက်စွဲပါ Myanmar Says Suu Kyi party must apologise for sanctions သတင်းကို ဘာသာ ပြန်ဆိုသည်။)

နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားလျက် ရှိသည့် အနောက်နိုင်ငံ အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံသည့် အတွက် ပြည်သူလူထုကို တောင်းပန်ရန် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပါတီကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက စနေနေ့တွင် တောင်းဆိုလိုက်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံ့ အကျိုးကို ဘေးချိတ်ကာ ၎င်းတို့၏ အကျိုး စီးပွားကို ရှေ့တန်းတင် လုပ်ဆောင်ခဲ့သော အပြုအမူများ အတွက် ပြည်သူလူထု၏ ခွင့်လွှတ်မှုကို ရရှိရန် ၎င်းတို့၏ နည်းလမ်းများကို ပြောင်းလဲ ပြင်ဆင်ရလိမ့်မည်ဟု အစိုးရ အာဘော် သတင်းစာ ၃ စောင်ပါ ဆောင်းပါးက ဆိုသည်။

ယခင် အပတ်က သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အား ကြေကွဲဖွယ် ဇာတ်သိမ်းဖြင့် ရင်ဆိုင် ရလိမ့်မည်ဟု သတိပေး ခဲ့ပြီးနောက် ယခု ဆောင်းပါးကို ဆက်လက် ဖော်ပြခဲ့ခြင်း ဖြစ်ပေရာ စစ်အစိုးရက သူမအား နိုဝင်ဘာလတွင် အကျယ်ချုပ်မှ လွှတ်ပေးခဲ့သော်လည်း သူမအပေါ် သဘောထား ပျော့ပြောင်း လိမ့်မည် မဟုတ်ကြောင်း ပြသ လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် Sanctions များ ရုပ်သိမ်းရမည့် အကြောင်းရင်းကို မမြင်ကြောင်းနှင့် ယင်းကိစ္စ အပေါ် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ယခင် အပတ်က တောင်းဆိုခဲ့ သော်လည်း မည်သူနှင့် ဆွေးနွေးမည် ဆိုသည်ကိုမူ သူမက ပြောကြားခဲ့ခြင်း မရှိပါ။

စစ်အစိုးရကို ပစ်ပယ်ထားရန် ရည်ရွယ် ချမှတ်ထားသော Sanctions များကို ထောက်ခံ ခဲ့သော်လည်း လက်ရှိ သီတင်းပတ်များ အတွင်း ပိုမို ပျော့ပြောင်းသည့် အမြင် သဘောထားကို ပြသခဲ့သည်။

အိမ်တွင်းပုန်း တပ်မတော် ခေါင်းဆောင်များ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများသို့ ဦးတည် လာအောင် စည်းရုံး ဆွဲဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က အနောက် နိုင်ငံများ အပေါ် သူမ၏ သြဇာလွှမ်းမှုကို အသုံးပြုနေခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ယုံကြည်ထားကြသည်။ သို့သော်လည်း တပ်မတော် ခေါင်းဆောင်များ၏ ယခု နောက်ဆုံး ပြစ်တင် ဝေဖန်မှုများက ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒမရှိသေး ဟူသော အချက်ကို ပြသနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment