Transparency Myanmar

transparency.myanmar@gmail.com

(20 ဖေဖော်ဝါရီ 2011 ရက်စွဲပါ The New York Times မှ Seth Mydans ရေးသားသော Myanmar hardens stance on Opposition ကို ဘာသာ ပြန်ဆိုသည်။)

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် အစိုးရ အပေါ် ချမှတ်ထားသော ပြစ်ဒဏ် ခတ်သည့် Sanction များအပေါ် ဆက်လက် ထားရှိရန် ထောက်ခံမှုကြောင့် မြန်မာနိုင်ငံ၏ စစ်အစိုးရသည် ၎င်းတို့အပေါ် သဘောထား တင်းမာစွာ ရပ်တည်လာကြသည်ကို တွေ့ရသည်။

          အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီ သည် စီးပွားရေးနှင့် နိုင်ငံရေး အရ Sanction များကို ဆက်လက် ထောက်ခံနေမည် ဆိုပါက ကြေကွဲဖွယ် နိဂုံးနှင့် တွေ့ရနိုင်သည်ပာု သတိ ပေးခဲ့သည်။ ယခု အပတ် အကုန်တွင် အစိုးရသည် နိုင်ငံပိုင် မီဒီယာများ မှတဆင့် NLD ပါတီအား တိုင်းပြည် အကျိုးစီးပွားကို ဆန့်ကျင် လုပ်ဆောင်မှုများ အတွက် တောင်းပန်ရန် တောင်းဆိုခဲ့သည်။

          နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလက သူမ လွတ်မြောက် ပြီးပြီးချင်း Sanction များ ဖြေလျော့ပေးရေး အတွက် ကူညီရန် စဉ်းစားမည်ပာု ပြောခဲ့သည်။ ထိုကိစ္စသည် သူမ လွတ်မြောက် ပြီးချိန်တွင် မြန်မာနိုင်ငံ ပြင်ပ၌လည်း အာရုံကျ၍ စကား အခြေအတင် ပြောစရာ ကိစ္စ ဖြစ်ခဲ့သည်။

          အစိုးရသစ်တွင် စစ်တပ်မှ လက်ရှိ ပုဂ္ဂိုလ်များ၊ အငြိမ်းစား ပုဂ္ဂိုလ်များကသာ လွှမ်းမိုး နေရာ ယူထားရာ မြန်မာနိုင်ငံတွင် ရာစုနှစ် တစ်ဝက်ခန့် ထိန်းချုပ်ထားမှု ဆက်လက် ထိန်းသိမ်း ထားဦး မည်သာ ဖြစ်သည်ပာု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။

          လွန်ခဲ့သော နှစ်ပတ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် Sanction များ ရုတ်သိမ်းရေးနှင့် ပတ်သတ်၍ ဆန့်ကျင်ကြောင်း ထပ်မံ အတည်ပြုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ Sanction များသည် စစ်ဗိုလ်ချုပ်များထက် စာလျှင် မြန်မာ ပြည်သူများကိုသာ ထိခိုက်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်မှုကိုလည်း ငြင်းဆိုခဲ့သည်။

          "မကြာသေးမီက Sanction များ ဖယ်ရှားရန် တောင်းဆိုမှုများ ရှိခဲ့ပါသည်။ အသေအချာ ပြောနိုင်သည်မှာ Sanction များသည် ပြည်သူလူထုကို ကြီးကြီးမားမား မထိခိုက်ကြောင်း ဆိုသည့် အချက် ဖြစ်ပါသည်" ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

          ကြေညာချက်တွင် တိုင်းပြည်၏ ခက်ခဲမှုများသည် အစိုးရ၏ မှားယွင်းသော မူဝါဒများကြောင့် ပာု အပြစ်တင်ထားပြီး၊ "ပစ်မှတ် ရည်ရွယ်သော Sanction များသည် တရား ဥပဒေ၏ အခြေခံစံများ နှင့် ဆန့်ကျင်၍ လုပ်ဆောင်နေမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဝင် သဖွယ် ကျုးလွန်နေမှုများ အတွက် သတိပေးမှု တစ်ခု ဖြစ်ပါသည်။" ပာု ဖော်ပြထားသည်။

          အမေရိကန် Sanction များသည် မြန်မာနိုင်ငံ အတွက် အမေရိကန် ကုမ္ပဏီများ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။ ကနေဒါ၊ သြစတြေးလျ နှင့် အီးယူ တို့ကလည်း ထိုနည်းတူ တားမြစ်ချက်များ ချမှတ်ထားသည်။

          Sanction များကို ဝေဖန် သုံးသပ်သူများက တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ နှင့် အခြား အာရှ နိုင်ငံများ၏ အဆက်မပြတ် ရင်းနှီး မြှုပ်နှံမှုများကြောင့် Sanction များ၏ အကျိုး သက်ရောက်မှုများ အချည်းနှီး ဖြစ်ရကြောင်း ငြင်းချက် ထုတ်သည်။

          အစိုးရသည် ပြီးခဲ့သည့် အပတ်က ဒီမိုကရေစီ အတိုက်အခံ နှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပြီး ကတည်းက အပြင်းထန်ဆုံး ပြောဆိုခဲ့ရာ " အကယ်၍ ဒေါ်စုနှင့် NLD သည် ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သို့ နိုင်ငံရေး ပလက်ဖောင်း အသစ်ခင်းပြီး၊ စနစ်သစ် ခေတ်သစ်နှင့် ချီတတ်နေခြင်းအား လစ်လျူရှု၍ လမ်းမှားသို့ ဆက်လိုက်နေမည် ဆိုလျှင်၊ ကြေကွဲဖွယ် ဇာတ်သိမ်းရမည်" ပာု ပြောဆိုခဲ့သည်။

          သို့သော် အစိုးရ သတင်းစာ ဖြစ်သော The News Light of Myanmar တွင်မူ ကြေကွဲဖွယ် ဇာတ်သိမ်း(tragic ends) ရမည် ဆိုသည်နှင့် ပတ်သတ်၍ အကျယ် တစ်ဝင့် ရှင်းလင်းထားခြင်း မရှိပေ။

          ပြီးခဲ့သည့် ဗုဒ္ဓပာူးနေ့က အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအား ဒေါ်အောင်ဆန်း စုကြည်အား အန္တရာယ် မပေးရန် သေချာ စေရေးအတွက် တောင်းဆိုခဲ့သည်။

          "ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေဆဲ ဖြစ်ပါတယ်" ပာု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip J. Crowley က ပြောကြားခဲ့သည်။

          စနေနေ့က နိုင်ငံပိုင် မီဒီယာက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီအား ပြည်သူ လူထုအား ခုတုံးလုပ်၍ ၎င်းတို့ အကျိုးစီးပွားအတွက် လုပ်ဆောင်နေမှုအား၊ ပြည်သူများက ခွင့်လွှတ်အောင် တောင်းပန်၍ အမှား ပြင်ကြရန် တောင်းဆိုခဲ့သည်။

          ထို့အပြင် မြန်မာ့ ဒီမိုကရေစီ အတိုက်အခံသည် အနောက် နိုင်ငံ မူဝါဒများ ချမှတ်ရာတွင် နှပ်ကြောင်း ပေးမှုများ ရှိခြင်းကြောင့် Sanction များကြောင့် ဖြစ်ပေါ်ရသော ခက်ခဲ ဆင်းရဲရမှုများ အတွက် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment