Transparency Myanmar

transparency.myanmar@gmail.com

(Associated Press မှ 20 Feb 2011 ရက်စွဲပါ " Libya Snipers shoot mourners, killing 15" သတင်းကို ဘာသာ ပြန်သည်။)

လစ်ဗျား အာဏာရှင်၏ ၄၂ နှစ်ကြာ အာဏာ ဖက်တွယ်မှုကို အဆုံးသတ်ရန် တောင်းဆိုမှုများကို အာဏာရှင် အစိုးရက ချေမှုန်းရန် ကြိုးပမ်းမှုကြောင့် အသက် ဆုံးရှုံးခဲ့ရသော ဆန္ဒပြသူများ၏ ဈာပနမှ ပြန်လာသူများကို အရှေ့ပိုင်း မြို့တော် ဘင်ဂါဇီ၌ မွမ်မာကဒါဖီ၏ တပ်ဖွဲ့များက စနေနေ့တွင် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ရသည်။

          လစ်ဗျား ဆန္ဒပြသူများက ၅ ရက် မြောက်အဖြစ် လမ်းများပေါ်သို့ ချီတတ် စုဝေး ခဲ့ကြသော်လည်း အာဏာရှင်ကို ဖယ်ရှားပစ်မည့် အရှေ့ အလယ်ပိုင်းမှ ပြန့်နှံ့လာသော ဆန့်ကျင် တော်လှန်မှုကို မွမ်မာကဒါဖီက သဘောထား တင်းမာစွာ တုန့်ပြန်ခဲ့သည်။

          အစိုးရ တပ်ဖွဲ့များက ဆန္ဒပြသူများ၏ နေရာယူ စခန်းချမှုများကို ဖယ်ရှား ရှင်းလင်းခဲ့ပြီး နိုင်ငံတစ်ဝှမ်းမှ အင်တာနက် ဆက်သွယ်မှုကိုလည်း ဖြတ်တောက် ပစ်ခဲ့သည်။ သောကြာနေ့က သေဆုံးခဲ့သော ဆန္ဒပြသူ ၃၅ ဦးအတွက် ဝမ်းနည်းကြောင်း ဈာပနအဖြစ် မြို့တော် ဘင်ဂါဇီတွင် စုဝေးခဲ့သော လူထောင်ပေါင်း များစွာကို လက်ဖြောင့် သေနတ်သမားများက ပစ်ခတ်ခဲ့သည်ပာု ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

          "သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရသူ အများစုက ဒီက ဆရာဝန်တွေရဲ့ ဆွေမျိုးတွေပါ" ပာု အဆိုပါ ပုဂ္ဂိုလ်က Associated Press နှင့် တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

          "ဝမ်းနည်း ပူဆွေးပြီး ငိုနေတဲ့ သူတွေကို ကျွန်တော်က ထကြပါဦး၊ ကူကြပါဦး လို့ ပြောဆို တိုက်တွန်းရင်းနဲ့ အားပေး နှစ်သိမ့်ရပါတယ်၊ လူတော်တော် များများက ခေါင်းနဲ့ ရင်ဘက်ကို သေနတ်နဲ့ အပစ်ခံရတာပါ" ပာု ဆေးရုံ တာဝန်ရှိသူက ဆိုသည်။ ဆေးရုံတွင် လူများ ပြည့်လျှံနေပြီး ပြည်သူများကလည်း သွေးလှူရန် အတွက် တစ်ဖွဲဖွဲ ရောက်ရှိနေသည်ပာု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment