Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 31 January 2011 ရက်စွဲပါ "Seoul Rejects N.Korea Bid to Bring Talks Forward" ကို ဘာသာ ပြန်ဆိုသည်)

ကိုရီးယား ကျွန်းဆွယ်တွင် လပေါင်းများစွာ တင်းမာနေမှုကို လျှော့ချရန် ရည်ရွယ်သည့် စစ်ဖက် ဆွေးနွေးပွဲများကို ရှေ့တိုး ကျင်းပရန် မြောက်ကိုရီးယားက အဆိုပြုလာခြင်းကို တောင်ကိုရီးယားက တနင်္လာနေ့တွင် ပယ်ချလိုက်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား လိုက်သည်။

ပြီးခဲ့သော သတင်းပတ် အကုန်တွင် မြောက်ကိုရီးယားက ဆွေးနွေးပွဲ ရက်ကို ရှေ့သို့ တိုးကာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်ရန် အဆိုပြုခဲ့ပြီးနောက် ဆိုးလ် ကာကွယ်ရေး ဝန်ကြီးဌာနက "မူလ အဆိုပြု ထားသည့် ဖေဖော်ဝါရီ ၁၁ ရက်ကိုသာ ကနဦး ဆွေးနွေးပွဲများ ကျင်းပရန် သဘောတူသည်" ဟု ပြန်လည် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်နေ့က အရပ်သားများ အပါအဝင် လေးဦး သေဆုံး ခဲ့ရသော "တောင်ကိုရီးယား ကျွန်းအား မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်မှု" နောက်ပိုင်း ယခု အစည်း အဝေးသည် ပထမဆုံး နယ်စပ် ဖြတ်ကူး ဆွေးနွေးပွဲ ဖြစ်လာမည်ဟု သိရသည်။

ဗိုလ်မှူးကြီး အဆင့်များ အကြား ပြုလုပ်မည့် လုပ်ငန်း အဆင့် ဆွေးနွေးပွဲသည် ထိပ်ပိုင်း အဆင့် စစ်ဖက် ဆွေးနွေးပွဲများ အတွက် အချိန်၊ နေရာနှင့် အစီအစဉ် သတ်မှတ်ရန် ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ပြုံယမ်း အနေဖြင့် ယခင် နှစ်က ရန်စ တိုက်ခိုက်မှု နှစ်ခုကို တာဝန်ယူကာ နောက်ထပ် မပြုလုပ်ရန် ကတိပြုမှသာ ထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်နိုင်မည်ဟု ဆိုးလ်က ပြောကြားထားသည်။

အထက်ပါ အမြောက်ဖြင့် ပစ်ခတ်မှု အပြင် ပြီးခဲ့သော မတ်လက ရေတပ်သား ၄၆ ဦး နှင့်အတူ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားက တော်ပီဒိုဖြင့် ပစ်ခတ်ကြောင်း တောင်ကိုရီးယားက စွပ်စွဲထားပြီး ပြုံယမ်းကလည်း ၎င်းတို့ မပစ်ခတ်ဟု ငြင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment