Transparency Myanmar

transparency.myanmar@gmail.com

(31 January 2011 ရက်စွဲပါ Yahoo News မှ "ံHow free is Burma's Suu Kyi? Ask Former White House Drug Spokesman, Robert Weiner and James Lewis" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်နှင့် ကမ္ဘာ တဝှမ်းလုံးရှိ မီဒီယာများသည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်၍ အဓိပ္ပာယ် လွဲမှားစွာ ကောက်ယူ ခဲ့ကြကြောင်း အိမ်ဖြူတော် အမျိုးသား မူးယစ်ဆေးဝါး မူဝါဒ ဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ်ဟောင်း Robert Weiner နှင့် အမျိုးသား လုံခြုံရေး သုံးသပ်သူ James Lewis တို့က Honolulu Star Advertiser တွင် အခိုင် အမာ ပြောဆိုခဲ့သည်။

Weiner နှင့် Lewis တို့က သူမသည် အမှန် တကယ် လွတ်လပ်ခြင်း မရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခင် ရွေးကောက်ပွဲမှ သူမအား အမျိုးသား ခေါင်းဆောင် အဖြစ် ရွေးကောက်ခဲ့သော်လည်း သူမအား စစ်အစိုးရက နေရာ မပေးခဲ့ပေ။

မြန်မာ နိုင်ငံတွင် အမှန်တကယ် ပြောင်းလဲမှုများမှာ မူးယစ်ဆေးဝါး ငွေများဖြင့် ရပ်တည်နေသော စစ်အစိုးရကို ဖြုတ်ချပြီး ဟာဝိုင်ယီကို အဓိက ထားကာ ရောင်းဝယ် နေသော မူးယစ်ဆေးဝါး တင်ပို့မှုကြီးကို နှိမ်နင်းနိုင်မှသာ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်ဟု ဆိုကြသည်။

Weiner နှင့် Lewis တို့က မေးခွန်း ထုတ်ထားရာတွင် ဒေါ်အောင်ဆန်း စုကြည် မည်မျှ အထိ လွတ်လပ်ခွင့် ရမည်နည်းဟု ပါဝင်သည်။

မသမာမှုများ မရှိသော ရွေးကောက်ပွဲဖြင့် သူမကို ဝန်ကြီးချုပ် ရာထူး ပေးနိုင်မည်လော၊ အရပ်သား အစိုးရ တစ်ခုကို လွတ်လွတ် လပ်လပ် ခေါ်ယူခွင့် ရှိမည်လော၊ တရားဝင် ထုတ်လုပ်မှု အခြေခံသော စီးပွားရေး ရှိမည်လော၊ မြန်မာ နိုင်ငံနှင့် နိုင်ငံတကာတွင် လူများစွာကို သတ်နေသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ရပ်တန့် နိုင်မည်လော ဟူ၍ ဖြစ်သည်။

Weiner နှင့် Lewis တို့က ထောက်ပြရာတွင် "သူမကို အာဏာလည်း မပေးပါဘူး၊ လွတ်လွတ် လပ်လပ်လည်း ပြောဆိုခွင့် မရှိပါဘူး၊ အစိုးရက သူမကို ဖမ်းလိုက် လွှတ်လိုက်နဲ့ ပြဇာတ် တစ်ပုဒ် ကနေတာနဲ့ တူတယ်၊ ဖမ်းလိုက် လွတ်လိုက်နဲ့ သူမဟာ ၁၅ နှစ်လောက် ကြာခဲ့ ရပါတယ်" ဟု ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ခေါင်းဆောင်မှုကို နှုတ်အားဖြင့် စိန်မခေါ် မိအောင် သတိထား နေပါတယ်၊ သူမ ပြောခဲ့ပါတယ်၊ အမှန် တကယ် လွတ်လပ်ခြင်း ဆိုတာ အကြောက်တရားကနေ လွတ်မြောက်ခြင်းပဲ ဖြစ်ပါတယ်လို့ ၊ ဒီတော့ သူမ အခု ကြောက်ပြီး နေရတော့ သူမ အမှန်တကယ် လွတ်လပ်ရဲ့လား ဆိုတာ မေးရမလိုပါပဲ" ဟု ၎င်းတို့က ပြောသည်။

Weiner နှင့် Lewis တို့က ဒေါ်အောင်ဆန်းစုကြည်အား အခြား သမိုင်းဝင် ခေါင်းဆောင်များ ထံမှ သင်ခန်းစာ ယူ၍ မြန်မာပြည်၏ ဒလိုင်းလားမား ကဲ့သို့ ပြုလုပ်ရန် အားပေးခဲ့သည်။

"မူးယစ် ဆေးဝါး ရောင်းဝယ်ရာမှ ရသော ငွေကို ဟာဝိုင်ယီမှ တစ်ဆင့် သွားကာ ငွေကြေး ခဝါချခြင်းဖြင့် စစ်အစိုးရ အာဏာကို ခိုင်မြဲအောင် ပြုလုပ်ပေးလေသည်၊ ကမ္ဘာ တဝှမ်း ဘိန်းရောင်းဝယ် ရာမှ ရသော ငွေများသည် Sanction ကြောင့် ငွေမရမှုကို အစားထိုး ပေးပြီး အစိုးရ ခေါင်းဆောင်များသည် ဘဝတွင် ဇိမ် အပြည့်နှင့် နေထိုင်နိုင်ကြသည်" ဟု ၎င်းတို့ကို ပြောကြားခဲ့သည်။

"ဟာဝိုင်ယီသည် Ice မက်သာ ဖက်တမင်းကို တစ်ဆင့် ပြန်လည် တင်ပို့ရာ အဓိက ဆိပ်ကမ်း ဖြစ်ပါသည်" ဟု အစိုးရ အစီရင်ခံစာများကို ကြည့်၍ ၎င်းတို့ နှစ်ဦးက ရှင်းပြခဲ့သည်။

"မြန်မာ နိုင်ငံသည် မူးယစ်ဆေးဝါး၊ အကျင့်ပျက် ခြစားမှုနှင့် အရေးယူ ပိတ်ဆို့မှုများ ပါဝင်သော ပုံပြင် တစ်ပုဒ်ပင် ဖြစ်ပြီး ဟာဝိုင်ယီသည် အဆိုပါ ပုံပြင် အတွက် ပင်မပင် ဖြစ်သည်။"

"မြန်မာ နိုင်ငံတွင် အမှန် တကယ် ပြောင်းလဲမှုများ အောင်မြင်စေလိုလျှင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြား အတိုက်အခံ ခေါင်းဆောင်များကို အာဏာ ပေးရမည် ဖြစ်သည်၊ မူးယစ်ဆေးဝါး ငွေများဖြင့် ရပ်တည်နေသော စစ်အစိုးရနှင့် ဟာဝိုင်ယီမှ တစ်ဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေမှု များကို နှိမ်နင်း ပစ်ရမည် ဖြစ်သည်။"

အဖြေရှာရေး၊ ဒေါ်အောင်ဆန်း စုကြည်အား အစိုးရက လွတ်လပ်ခြင်း အချို့ ပေးနိုင်ရေး အတွက် Weiner နှင့် Lewis တို့က ပြောကြားရာတွင် "အမေရိကန် အနေဖြင့် လိုအပ်နေသော မြန်မာ နိုင်ငံ အတွက် အထူး ကိုယ်စားလှယ် တစ်ဦး ထား၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပစ်မှတ် ထား၍ မူးယစ် ဆေးဝါး ကိစ္စ အကူ အညီပေးရေးကို အာရုံ ပြုသင့်ပါသည်၊ အခြား ကိစ္စများ အတွက် အကူ အညီ မပေးရပေ၊ ရန်ကုန်ရှိ အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး အရာရှိချုပ်ဟောင်း Leslie Hayden က မြန်မာ နိုင်ငံတွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အကူ အညီ ပေးခြင်းဖြင့် အစိုးရအား မူးယစ် ဆေးဝါး တိုက်ဖျက် ရေးနှင့် ပတ်သက်၍ ရလဒ်ကောင်းများ ရရန် ဖိအား ပေးသလို ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း လျော့ကျ သွားနိုင်ပါသည် ဟု ဆိုသည်။ စီးပွားရေးနှင့် ပတ်သက်သော အရေးယူမှုများ အပြည့်အဝ ရုတ်သိမ်းပေးရေးမှာမူ မထိုက်တန်သေးပေ၊"

"အမေရိကန် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် မဖမ်းဆီးရေးနှင့် အမေရိကန် နှင့် ဥရောပ လမ်းများပေါ်တွင် မြန်မာ မက်သာဖက်တမင်းနှင့် ဟီးရိုးအင်းများ ပျောက်ကွယ် သွားရေးတို့ကို အကူအညီ ပေးရေး ဖိအား ပေးနိုင်ပါသည်၊ အမေရိကန်သည် မူးယစ် ဆေးဝါး အစားထိုး စိုက်ပျိုးရေး လေ့ကျင့် သင်ကြားမှုများ၊ ထောက်လှမ်းရေး ဖလှယ်မှု၊ ၂၀၀၅ ခုနှစ်က ရပ်ဆိုင်း ထားသော ဘိန်းစိုက်ပျိုးမှု တိုင်းတာခြင်းများ အတွက် အကူ အညီ ပေးနိုင် ပါသည်၊ အသိပညာသည် ပါဝါပင် ဖြစ်သည်" Weiner နှင့် Lewis တို့က ဖော်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment