Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ ( အပိုင်း - ၁)

  1. အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် မြန်မာ့ကြိုးပမ်းချက် အဖွဲ့ဝင်များ တစ်ခဲနက်ထောက်ခံဟု ဆို

(Channel News Asiaမှ၊ 8 Nov 2011 ရက်စွဲပါ Myanmar has support for ASEAN summit bid, says Indonesia ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ မိတ်ဖက်ဖြစ်ရန် အမေရိကန်အသင့်ရှိနေဟု ဟီလာရီကလင်တန်ပြောကြား

(AFP သတင်းဌာနမှ၊ 11 Nov 2011 ရက်စွဲပါ US ready to be Myanmar's partner: Clinton ကို ဘာသာပြန်ဆိုသည်)

  1. အသက်မပြည့်သော မြန်မာကလေးလုပ်သားများ တရုတ်နိုင်ငံ တစ်နေရာမှ လွတ်မြောက်လာ

(Shanghai Daily မှ 10 Nov 2011 ရက်စွဲပါ “Child labours from Myanmar rescued from slavery” သတင်းကို ဘာသာပြန်ဆိုသည်)

**************************************************************************

ဘာသာပြန်သတင်းများ

အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပရန် မြန်မာ့ကြိုးပမ်းချက် အဖွဲ့ဝင်များ တစ်ခဲနက်ထောက်ခံဟု ဆို

(Channel News Asiaမှ၊ 8 Nov 2011 ရက်စွဲပါ Myanmar has support for ASEAN summit bid, says Indonesia ကိုဘာသာပြန်ဆိုသည်)

လာမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်ကို အာဆီယံ ခေါင်းဆောင်များက တစ်ခဲနက်ထောက်ခံမှုပြုသည်ဟု ထုတ်ဖော်ပြောဆိုကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အတည်ပြု ပြောကြားသည်။

“မေလမှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဇူလိုင်မှာကျင်းပတဲ့အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေက သောင်းသောင်းဖျဖျ  ထောက်ခံခဲ့ကြတဲ့ သဘောမျိုးကို ကျွန်တော်တွေ့ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က သတင်းထောက်များကို ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် ထွက်ပေါ်လာသော ကြေညာချက်က အာဆီယံအဖွဲ့ဝင်များအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အဆိုပြုချက်အပေါ် အပြုသဘောဆောင်စွာ စဉ်းစားပေးရန် တိုက်တွန်းထားကြောင်း၎င်းက ဆိုသည်။

ယခုအခါ ဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံက အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ၏ ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် အလှည့်ကျ ဥက္ကဋ္ဌရာထူး ရယူရန် အဆိုပြုထားသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မကြာသေးခင်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် အပါအဝင် သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် မိမိအနေဖြင့် များစွာအားတက်မိကြောင်း ၎င်းကဆိုသည်။

 “တကယ်လို့ လာမယ့် ရက်သတ္တပတ်အတွင်းကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ဥက္ကဋ္ဌရာထူးအတွက် ထောက်ပံ့ ပေးမှာလားလို့ ခင်ဗျားတို့မေးမယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ Yes(or)No အဖြေတစ်ခုမှ ပေးနိုင်မယ်လို့ မထင်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

 “တကယ်လို့ ခင်ဗျားတို့က ဒီနိုဝင်ဘာလမှာ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ပြီးခဲ့တဲ့ မေလနဲ့ ဇူလိုင်လတို့နဲ့ နှိုင်းယှဉ်ပြီး ဘယ်လိုသဘောရလဲလို့မေးမယ်ဆိုရင်တော့ မြန်မာနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့အမြင်တွေ၊ ခံစားချက်တွေ ပိုဖြစ်လာတယ်လို့ဖြေရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးမှုတွေကို ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ပါပဲ” ဟု လက်ရှိ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူထားသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa က ပြောကြားသည်။

လတ်တလောကာလများတွင် မြန်မာပြည်တွင်း နိုင်ငံရေးပြောင်းလဲမှုနှင့်ပတ်သက်၍ မျှော်လင့်ချက်များ ထွက်ပေါ်လျက်ရှိသည်။ မြန်မာ အစိုးရသစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအင်အားစုများနှင့် လက်တွဲရန် ကမ်းလှမ်းမှုများပြုလုပ်ခြင်း၊ တရုတ် ကျောထောက်နောက်ခံ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည်ဟု ကြေညာခြင်း အစရှိသည်တို့ လုပ်ဆောင်ခဲ့သောကြောင့် မျှော်လင့်ချက်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြန်မာသည် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကြောင့် အာဆီယံအဖွဲ့မှ ဒီမိုကရေစီနိုင်ငံများအတွက် စိတ်အနှောက်အယှက်ဖြစ်စရာများ အဓိကဖန်တီးသော နိုင်ငံအဖြစ် ကာလကြာရှည်စွာ သတ်မှတ်ခံခဲ့ရသည်။

အာဆီယံဥက္ကဋ္ဌရာထူး ရယူမည်ဆိုပါက မြန်မာအနေဖြင့် အာဆီယံအဖွဲ့ဝင်များကိုယ်စား တာဝန်ယူ ပြုမူပြောဆိုပေးရန် လိုအပ်ပြီး အမေရိကန် ပြည်ထောင်စု ပါဝင်မည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအပါအဝင် အာဆီယံ ဆွေးနွေးပွဲများစွာကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမည် ဖြစ်သည်။

*************************************************************************************

မြန်မာနိုင်ငံ၏ မိတ်ဖက်ဖြစ်ရန် အမေရိကန်အသင့်ရှိနေဟု ဟီလာရီကလင်တန်ပြောကြား

(AFP သတင်းဌာနမှ၊ 11 Nov 2011 ရက်စွဲပါ US ready to be Myanmar's partner: Clinton ကို ဘာသာပြန်ဆိုသည်)

နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့သော မြန်မာနိုင်ငံအတွင်း လတ်တလော နိုင်ငံရေးပြောင်းလဲမှုများကို ရေရှည် ပြုပြင်ပြောင်းလဲမှုများအဖြစ် ဆက်လက် ဆောင်ကြဉ်းသွားနိုင်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် အသင့်ရှိနေပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အသိပေး ပြောကြားလိုက်သည်။ အမေရိပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းရှိ ဟိုနိုလူလူတွင် ကျင်းပပြုလုပ်သော အာရှပစိဖိတ်ခေါင်းဆောင်များ ကွန်ဖရင့်(အေပက်)၏ သီးခြားဆွေးနွေးခန်းတွင် ဟီလာရီ ကလင်တန်က အထက်ပါအတိုင်း မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးပြောင်းလဲမှု နိဒါန်းပျိုးမှုများကို ပြသလျက်ရှိကြောင်း ၎င်းကဆိုသည်။ "မြန်မာအစိုးရက ပြည်သူတွေအတွက် စစ်မှန်ပြီး ကြာရှည်ခံသော ပြုပြင်ပြောင်းလဲမှု လုပ်ဆောင် သွားမယ်ဆိုပါက သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ မဟာမိတ် ရှာတွေ့မှာဖြစ်ပါတယ်"ဟု ဟီလာရီကလင်တန်က ပြောကြားသည်။ သို့သော် ဆက်လက်ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့် ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တိုင်းရင်းသားလူနည်းစုများနှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်အောင် ဆက်လက် လုပ်ဆောင်ခြင်း ရှိ၊မရှိ အစရှိသည့် အရေးကိစ္စများအပါအဝင် မြန်မာ့အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ များစွာကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ၊ ဗီယက်နမ်၊ တရုတ်အစရှိသည့်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးမျိုး ဖြစ်ပေါ်မည့် နည်းလမ်းများ ရှာဖွေရန် စီစဉ်ထားကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါ နိုင်ငံများအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက် ပြုလုပ်လာအောင် အားပေးအားမြှောက် ပြုသွားမည်ဖြစ်ကြောင်း ဟီလာရီကလင်တန်က ဆိုသည်။

"ပွင့်လင်းမှု၊ လွတ်လပ်မှု၊ ထင်သာမြင်သာရှိမှုနဲ့ မျှတမှုဆိုတာတွေ အားလုံးမှာ စီးပွားရေးနယ်ပယ်ကို ကျော်လွန်တဲ့ အဓိပ္ပာယ်တွေရှိနေပါတယ်" ဟု ၎င်းကပြောသည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် အတိုက်အခံအင်အားစုများ အမျိုးသားနိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိမည့် ဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်သည်။ အဆိုပါ ဥပဒေပြင်ဆင်ချက်က ပြစ်ဒဏ် ကျခံထားရသူများအနေဖြင့် တရားဝင်မှတ်ပုံတင်ထားသော ပါတီတွင် ပါတီဝင်ဖြစ်ခွင့်မရှိဟူသော အပိုဒ်ငယ်ကို ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်အောင် တမင်သက်သက် အဆိုပါ အပိုဒ်ငယ်ကို ထည့်သွင်းထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။ သို့အတွက်ကြောင့် အဆိုပါ ရွေးကောက်ပွဲသို့ NLD က ဝင်ရောက် ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ခဲ့သည်။ ယခု အဆိုပါ အပိုဒ်ငယ်ကိုပယ်ဖျက်သည့် ဥပဒေပြင်ဆင်ချက်ကို ဦးသိန်းစိန်က လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် NLD အနေဖြင့် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်နိုင်ပြီဖြစ်သလို လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

မြန်မာအစိုးရသစ်သည် ပြီးခဲ့သည့် အောက်တိုဘာလက နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ခန့်ကို လွှတ်ပေးခဲ့ သည်။ သို့သော် ၁၉၀၀ ခန့်ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူများက ဆိုသည်။

*************************************************************************************

အသက်မပြည့်သော မြန်မာကလေးလုပ်သားများ တရုတ်နိုင်ငံ တစ်နေရာမှ လွတ်မြောက်လာ

(Shanghai Daily မှ 10 Nov 2011 ရက်စွဲပါ “Child labours from Myanmar rescued from slavery” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးသည် တရုတ်ပြည် အရှေ့ပိုင်း ဇီကျန်းပြည်နယ် ယူယိုမြို့ အထည်အလိပ် စက်ရုံတစ်ခုတွင် ကျွန်သဖွယ် ခိုင်းစေခြင်း ခံခဲ့ကြသည်ပာု သိရှိရသည်။

စက်ရုံမှ ထွက်ပြေးလွတ်မြောက်လာပြီး အဝေးပြေးလမ်း တစ်လျှောက် ၃ ရက်ခန့် လမ်းလျှောက်လာရင်း အစာငတ်၊ မောပန်းနေသော မြန်မာ ဆယ်ကျော်သက် ၂ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ပာု ပြည်တွင်းထုတ် ကီယန်ဂျင်း ညနေခင်း သတင်းစာက ယနေ့ သတင်းဖော်ပြထားသည်။

သတင်းတွင် ကျား/မ ခွဲခြားဖော်ပြခြင်း မရှိသော မြန်မာဆယ်ကျော်သက် ၂ ဦးသည် မြန်မာနယ်စပ်အနီး ပြုလုပ်သော အလုပ်သမားပွဲဈေး (မြန်မာကျေးလက်မှ နွားပွဲဈေးနှင့် အလားတူ)မှတဆင့် စက်ရုံသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ပာု ဆိုသည်။ စက်ရုံသို့ ရောက်သွားပြီးနောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် မိုဘိုင်းဖုန်းများကို အလုပ်ရှင်က သိမ်းဆည်းလိုက်ပြီး ထွက်မပြေးနိုင်အောင် အစောင့်ချကာ ပိတ်ထားသော အလုပ်ရုံတွင် အလုပ် လုပ်ခဲ့ကြရသည်ပာု သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ကို  အခြားမြန်မာ အလုပ်သမားများနှင့်အတူ သော့ခတ်၍ ပိတ်ထားပြီး လုပ်ခလစာလည်း မရရှိကြောင်း၊ လစာတောင်းသည့် အချိန်တိုင်း အရိုက်ခံရကြောင်း မြန်မာဆယ်ကျော်သက်များက ပြောကြားသည်။

၎င်းတို့အထဲမှ သတင်းရရှိပြီးနောက် အထည်အလိပ်စက်ရုံကို တရုတ်ရဲက ဝင်ရောက်စီးနင်းရာတွင် နောက်ထပ် မြန်မာအလုပ်သမား ၅ ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလုပ်သမားတွေရဲ့ နေရာကတော့ ကြောက်စရာပါ။ ရွှံ့တွေ၊ အမှိုက်တွေနဲ့ ဝက်တင်းကုပ်တစ်ခုလိုပါပဲပာု ရဲအရာရှိ ဝမ်ရှောင်ဂန်က သတင်းစာသို့ ပြောကြားသည်။

ရဲများ ရောက်မလာမီ စက်ရုံပိုင်ရှင် ထွက်ပြေးသွားခဲ့ပြီး ထိုအမှုကို စုံစမ်းစစ်ဆေးနေဆဲပာု သိရှိရသည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment