Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Virus  တွေရှင်းထုတ် Upgrade တွေလဲလုပ်

*****************************************

ဆောင်းပါးကဏ္ဍ

Virus  တွေရှင်းထုတ် Upgrade တွေလဲလုပ်

မင်းမြတ်စံ

ဇွန်လ ၄ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)၊ အမှတ်(၂) ဆောင်းပါးမှ ကူးယူဖော်ပြချက်

လွန်ခဲ့သော ၁၀နှစ်ကျော်က တစ်အိမ်တည်းနေ ညီမတစ်ယောက်အတွက် သူ့လုပ်ငန်းလိုအပ်ချက်အရ တစ်ပါတ်ရစ် ဒက်စ်တော့ ကွန်ပျူတာ တစ်လုံးကို မောင်နှစ်မနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ဝယ်ယူရာကနေ ကွန်ပျူတာနဲ့ အထိအတွေ့ များလာခဲ့ရပါတယ်။

ကွန်ပျူတာတစ်လုံး အိမ်မှာနည်းနည်းကြာလာသည်နှင့်အမျှ ဆော့ဖ်ဝဲလ်တွေ၊ ဂိမ်းတွေ ထပ်ရှာ ထပ်ထည့်တာတွေ လုပ်ရပါတယ်။ ဆော့ဝဲစီဒီ တွေရောင်းတဲ့ဆိုင်တွေ သွားဖူးလာတော့ စကားလုံးတွဲတစ်လုံးကို မကြာခဏ ကြားဖူးလာရတယ်။ System Requirement တဲ့ (စနစ်လိုအပ်ချက် ဆိုပါ တော့) လိုအပ်တဲ့ ဆောံဖ်ဝဲလ်တွေ၊ ဂိမ်းစစ်မှန်ဖို့တော့ အာမခံလုပ်တယ်။ System Requirement သုံးမရရင်၊ မလည်ပတ်လျှင်တော့ မတတ်နိုင်ဘူး။ စီဒီ ပြန်မလဲပေးဘူးလို့ စီဒီချပ်အရောင်းဆိုင်က ပြောပါတယ်။ အထူးသဖြင့် သရီးဒီမြင်ကွင်းကျယ် ဂိမ်းကြီးတွေ ထည့်ဆော့ချင်လျှင် အော်တိုကတ်လို အဆင့် မြင့် ဆော့ဖ်ဝဲလ်တွေ တင်သုံးချင်လျှင်တော့ အဲဒီလိုအပ်ချက်က ပိုမြင့်ပါတယ်။ စက်မှာတင်ပြီးသား မားသားဘုတ်က ဂရပ်ဖစ်တွေနဲ့တင် မလုံလောက်လို့ သီးသန့်ဂရပ်ဖစ် ထပ်ဝယ်ထည့်ရတာတို့ တစ်ခါ ဂိမ်းအသစ်တွေက လိုအပ်ချက်ထပ်မြင့်လာတော့ မိုဒယ်ပိုမြင့် မှတ်ဉာဏ်ပိုမြင့်မှ ဆော့လို့ရတယ်။ စက်မှာ လည်ပတ်လို့ရမယ်တို့ ထပ်ကြုံလာရပြန်ပါတော့တယ်။ စနစ်လိုအပ်ချက်မှာ Manimum အနည်းဆုံးလိုအပ်ချက်၊ Maximum အမြင့်ဆုံးလိုအပ်ချက်ဆိုတာ ရှိပါတယ်။

-ကွန်ပျူတာမှတ်ဥာဏ်အမြင့်ဆုံး

-RAM မှတ်ဥာဏ်ပမာဏ

-နေရာလွတ်

-ဂရပ်ဖစ်ရဲ့ မိုဒယ်နဲ့ မှတ်ဉာဏ် အနည်းအများဆိုတဲ့ အဓိကအချက်ပေါ် မူတည်ပြီး ကိုယ့်စက်ဟာ အနိမ့်ဆုံးအဆင့်တော့ ပြည့်မီပါမှ အဲဒီဆော့ဖ်ဝဲလ်ဂိမ်း စအလုပ်လုပ်မှာပါ။

အဲဒီအချက်တွေထဲက တစ်ချက်လောက် လျော့နည်းနေမည်ဆိုရင်တောင်မှ (ဥပမာ-စီပီယူ အနည်းဆုံး 2Ghz အနည်းဆုံးရှိရမှာကို ကိုယ့်စက်က 1.8Ghz လောက်ပဲမြန်ရင်) သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်ဂိမ်းဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တာ ကြုံဖူးပါရဲ့။ ကားမောင်တဲ့ဂိမ်းဆိုရင် လီဗာအဖြစ် သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ကီးဘုတ်ခလုတ်ကို မပြတ်နှိပ်ထားပေမယ့် ကားက မသွားချင်သွားချင်နဲ့ တရွေ့ရွေ့သွားနေတာမျိုး။

အနိမ့်ဆုံးလိုအပ်ချက် မီတယ်ဆိုရုံလေး မီတယ်ဆိုရင်လည်း သိပ်တော့ အားရစရာမရှိပဲ လုပ်ကိုင်နေရတာ၊ ဆော့ရတာ နှေးကွေးလေးလံလှ တယ်။ ဒါ့ကြောင့် အနိမ့်ဆုံးအဆင့်နဲ့ အမြင့်ဆုံးအဆင့်ကြားမှာ Recommamded System Requirement ဆိုတဲ့ အဆင့်တစ်ဆင့် ရည်ညွှန်းပေးထားပြန် ပါသေးတယ်။ အဲဒီအဆင့်အထိ မီအောင် Upgrade လုပ် အဆင့်မြှင့်ထားနိုင်မှ ကိုယ်လုပ်ချင်တာတွေ အတန်အသင့် ချောချောမွေ့မွေ့ လုပ်နိုင်မှာပါ။

လူသားတွေရဲ့ဘ၀တွေကော ကွန်ပျူတာတွေနဲ့ ဘာများထူးလို့လဲဟု အတွေးနယ်ချဲ့မိတယ်။ ဘ၀ရဲ့ Gameplay တွေလည်း လည်ပတ်ဖို့ လိုအပ် ချက်တွေ ရှိတယ်။ ဒါ System Requirement ပါပဲ။ Maximum အဆင့်နဲ့ Minimum အဆင့် သတ်မှတ်ချက်ဆိုတာလည်း ရှိတာပဲ။

အမွေရတဲ့ ငွေယားကလေးနဲ့ ခပ်မြင့်မြင့်အဆင့်တော့ ၀င်အောင်ဆိုပြီး မတ်တူးရွှေငါးကို သိန်း ၈၀၀ ကျော်တန် ပေးစီးမိပါက တစ်နှစ်အတွင်း သိန်း ၂၀၀ ပင် မပြည့်အောင် ပြန်ထိုးဆင်းသွား၊ မကြာခင်လည်း၂၀၀၇ နှင့်အထက် မိုဒယ်တွေဝင်လာတော့မှာမို့ အဲဒီလက်စရွှေငါးဟာ Maximum ကနေ Manimum သာသာလောက် လျော့သွားတာတော့ ကွန်ပျူတာကနေ အဘခေါ်ရလောက်အောင် အပြောင်းအလဲမြန်ဆန်မှုပါပဲ။

ဒါပေမယ့် စာနာကြပါဦးဗျာ ဟောဒီမှာလာပါပြီ။ တစ်နေကုန် အလုပ်ဆင်းရပြီး တစ်လလုံးနေမှ လစာလေး ကျပ်သုံးသောင်း၊ လေးသောင်း လောက်မှမရလို့ ဆန္ဒဖော်ထုတ်ကြတဲ့ စက်မှုဇုန်လုပ်သားတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းကြီးတွေ၊ တာဝါတိုင်ကြီးတွေနားနေရပြီး ဖယောင်းတိုင်ကိုပဲ အားကိုးနေ ရတဲ့ ပြည်သူတွေ ခေတ်အဆက်ဆက် အကြောင်းပြချက်အမျိုးမျိုးပြ အသိမ်းခံခဲ့ကြရတဲ့ လယ်သမားကြီးတွေ စတဲ့စတဲ့သူတွေကို ဘယ်လိုပြောမလဲ။

လူ့ဘ၀အတွက် အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကိုတောင် အနားမသီနိုင်ရှာသေးတဲ့ At least Reauirement့ တောင် မပြည့်မီရှာသေးတဲ့ လူသား အဓိပ္ပါယ်တောင် ပျောက်ဆုံးနေရတဲ့ ဘ၀တွေရဲ့ အခက်အခဲတွေ ဒုက္ခသုက္ခတွေက ဘယ်အရာနဲ့မှ မနှိုင်းသာအောင် ပိုမိုကြီးမားလှပါတယ်ဗျာ။

အဲဒီပြည်သူတွေဟာ သိန်း ၂၀၀ တန်အောက် ရောက်သွားတဲ့ မတ်တူးရွှေငါး အသာထား၊ တန်ဖိုးနည်းလို့ဆိုတဲ့ နှစ်သိန်းတန်ဆင်းကတ် လွယ် လွယ် ၀ယ်ခွင့်ပေးမယ်ဆိုရင်တောင်မှ စိတ်ကူးမသာတဲ့၊ နောက်ဆုံးမသေရုံတမယ် စားသောက်ရှင်သန် ရပ်တည်နိုင်ရေးအတွက်တောင်မှ လိုအပ်ချက် မပြည့်သူတွေ ဖြည့်ဆည်းပေးမခံရတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီအတွက် အရဲစွန့် ဆန္ဒဖော်ထုတ်တဲ့နေရာမှာလည်း သူတို့တောင်းဆိုမှုအဖုံဖုံကို အကဲဖြတ် ကြည့်ရင် သူတို့ဘ၀တွေ ရှင်သန်လည်ပတ်ရေးလေး တောင်းဆိုနေတာတွေ တွေ့မိပါတယ်။ အဲဒီတောင်းဆိုချက်လေးတွေ အပြည့်အ၀ရရင်တောင်မှ အိမ်နီးချင်းတွေနဲ့ နှိုင်းယှဉ်ပါဦး။ ဘ၀အတွက် အနိမ့်ဆုံးလိုအပ်ချက် Minimum System Requiremnnt တွေ ပြည့်မီဦးမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ အခြေ အနေအရ လိုအပ်ချက်တွေကလည်း သူများတွေထက် အစစအရာရာ မြင့်မားနေတုန်းပါပဲ။ (ဥပမာ ၁၉၉၀ပြည့်နှစ်မှာ စောစီးစွာ ဆယ်လူလာက စတင် နိုင်ခဲ့ပါလျက် မိုဘိုင်းလ်ဆက်သွယ်ရေးခရီး အနှစ်နှစ်ဆယ်ကျော် ကြာလာတာတောင် ခုထိ ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံးရာလောက်ပေးမှ ရတာ မျိုး၊ ကွန်မြူနစ် ဗီယက်နမ်မှာတောင် ဒီကိစ္စ Upgrade အမြန်လုပ်နိုင်ခဲ့ပြီး လူဦးရေ ၈၆သန်း၊ ဖုန်း သန်း ၁၂၀ ဖြစ်နေချိန် ဟောဒီမှာတော့ ဥပဒေလည်း ပြင်ရဦးမယ်။ တစ်ဆင့်ချင်းပဲလေ။ ဖြည်းဖြည်းပေါ့ဆိုတာမျိုး ဘစင်ကျစရာမကောင်း)။

ကွန်ပျူတာမှာတော့ အနိမ့်ဆုံးလိုအပ်ချက် မပြည့်မီလျှင် အဲဒီဆော့ဖ်ဝဲလ်၊ ဂိမ်း အလုပ်မဖြစ်တော့ဘူးဆိုတာ ပြောခဲ့ပြီးပြီ။ ဒီတော့ ဘာလုပ်မလဲ။ အဆင့်မြှင့်နိုင်၊ အသစ်မ၀ယ်နိုင်လျှင် ပိုမြင့်တဲ့သူများစက်မှာ သွားထည့်သုံးရုံပေါ့။ လူ့ဘ၀များကျတော့ ဘယ်လိုဖြေရှင်းမလဲ၊ သွားကြပေါ့။ အလွယ်ဆုံး ထိုင်း၊ မလေးရှား အဲဒီမှာတော့ လူမှန်ရင် အလုပ်လုပ်ရင် အနိမ့်ဆုံးအဆင့် လိုအပ်ချက်တော့ ပြည့်မီနိုင်မယ်လေ။ (အမျိုးမျိုး ခေါင်းပုံဖြတ်ခံရတာကတော့ တစ်ကဏ္ဍ)။

ဒါက အောက်ခြေလွှာအများစုရဲ့ အခြေအနေကို ပြောတာပါ။ နည်းနည်းပိုမြင့်တဲ့ အစိုးရ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အလယ်အလတ်အဆင့်တွေ ရဲ့ ဘ၀တွေကကော……။ အောက်ခြေ၀န်ထမ်းအချို့ အဆင်ပြေတာပေါ့။ လုပ်ရင်လုပ်သလောက် ခံစားခွင့်ရတဲ့ ပုဂ္ဂလိက၀န်ထမ်းအချို့ (အလွန်ရှားပါး ပါရဲ့) အဆင်ပြေနိုင်တာပေါ့။ အများစုကတော့ လုံးလည်ချပ်ပြား။

ကျွန်တော့်သူငယ်ချင်း အစိုးရ၀န်ထမ်းတစ်ယောက် နေပြည်တော်မှာ တာဝန်ကျတဲ့ ဦးစီးအရာရှိအဆင့်ပါ။ မိန်းမနဲ့ ကလေးတစ်ယောက်ပဲရှိ တယ်။ ဘာမှအပိုဝင်ငွေမရတဲ့နေရာ။ သူခမျာ လုပ်သက် ၁၈ နှစ်နဲ့ အရာရှိဖြစ်နေတာတောင် ခုထိ နှစ်သိန်းတန်ဖုန်းလေး မကိုင်နိုင်သေး။ သူ့အထက် လူကြီး မိုးကျရွှေကိုယ်တွေက သူ့ကို အချိန်မရွေးဆက်သွယ်မရလို့ ဖုန်းဝယ်သုံးဖို့ ခဏခဏပြောတယ်တဲ့။ သူကလည်း သူ့လခလေး တစ်သိန်းဝန်းကျင်နဲ့ မိသားစုသုံးယောက် စရိတ်မလောက်လို့ မ၀ယ်နိုင်ဘူး။ အချိန်မရွေး ခေါ်ခိုင်းချင်တဲ့ ၀န်ထမ်းတွေက ၀ယ်ပေးတော့မလို့ မကြားတကြား ဘုပြောထားသ တဲ့။

တကယ်တော့ ကျွန်တော့်သူငယ်ချင်းဟာ ဒီပလိုမာနှစ်ခု။ ဘွဲ့တစ်ခုရထားတဲ့ ကျွမ်းကျင်ပညာရှင် ၀န်ထမ်းတစ်ယောက်ပါ။ ဒါပေမယ့် ဘာကျော ထောက်နောက်ခံမှမရှိ၊ ဘာကြွယ်ဝမှုမှမရှိတော့ အခုသူ့ဘ၀လည်း စက်မှုဇုန်အလုပ်သမားတွေနဲ့ ဘာမှမထူးပါဘူး။ သူ့ဌာနမှာချထားတဲ့ လိုအပ်ချက် မပြည့်စုံပေမယ့် ရှိတာနဲ့ပဲ အလုပ်ဖြစ်အောင် ထိန်းသုံးနေရတဲ့ ကွန်ပျူတာတွေလိုပဲ သူနဲ့ မိသားစုဘ၀လေးဟာ Minimum Requirement တောင် မပြည့် စုံသေးဘဲ အဘက်ဘက်က လိုအပ်နေသေးတာ စိတ်မကောင်းစရာ။

ဟော ဘာဘာညာညာနဲ့ ကောင်းတယ်လို့ နာမည်ကြီးတဲ့ဌာနမှာ လာလုပ်ခွင့်ရပြန်တဲ့သူကျတော့လည်း လုပ်သက်ငါးနှစ်တောင်မပြည့်သးဘူး၊ တိုက်ခန်းဝယ် ကားဝယ်နဲ့ ဖုန်းဆိုလည်း သိန်းသုံးဆယ်ခေတ်ကတည်းက ခါးချိတ်လို အချိတ်၊ ဒီလိုဝန်ထမ်းကျပြန်တော့လည်း Minimum Requirement ထက်တောင် ပြည့်လျှံကျော်လွန်ထွက်ပြီး ဘ၀ရဲ့ ဂိမ်းပလေးက အပြန်စား ဘန်းစကားနဲ့ပြောရင် ဖလန်းဖလန်းကိုထလို့။

သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုပြီး မညီမမျှမှုတွေ မရိုးမသားကြီးပွားမှုတွေ ဆက်ခေါင်းထောင်ခွင့်ရနေတာကလည်း ရိုး သားတဲ့ဝန်ထမ်းတွေအတွက် စိတ်ပျက်ဒေါသထွက်စရာ၊ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးတို့က Reform တွေလုပ်ကြ၊ Mimd Set တွေပြောင်းကြဖို့ မှာ ကြားထားတဲ့ အသံတွေကတော့ ကြားနေရပြီ။ တုပ်တုပ်မှလှုပ်ချင်ပုံမရတဲ့ ကျောက်ရုပ်ကြီးတချို့ ဘယ်လိုရွှေ့မလဲ ကြည့်ရဦးမည်။

ကွန်ပျူတာမှာတော့ သုံးလကြာလာတာနဲ့အမျှ Upgrade လုပ်ထားတာတောင်မှ စနစ်လည်ပတ်ပုံမမှန်ကန်တဲ့ ပြဿနာကြီးကြီးကျယ်ကျယ် ကြုံ ရတတ်ပါတယ်။ ဒါကတော့ မန်မိုရီစတစ်တွေကတစ်ဆင့် ကူးစက်ဝင်ရောက်တတ်တဲ့ ဗိုင်းရပ်စ်ဆိုတဲ့ အမှောင့်ပရိုဂရမ်တစ်ခုခု တိတ်တိတ်လေး ရောက် နေတတ်လို့ပါ။

ဒီတော့ဗိုင်းရပ်စ်သတ်တဲ့ ပရိုဂရမ်တစ်ခုနဲ့ ရှင်းရတာပေါ့။ ဗိုင်းရပ်စ်ကို ဘယ်လိုမှ သတ်မရနိုင်လျှင် ကွန်ပျူတာရဲ့ ပင်မလည်ပတ်ရေးစနစ်ကြီး တစ်ရပ်လုံးကိုလည်း အသစ်ပြင်ရတာမျိုးလည်း ကြုံဖူးပါရဲ့။

တိုင်းကား ပြည်ရွာလူ့ဘ၀တွေမှာကော……တလွဲတချော်စီမံမှုတို့၊ အကျင့်ပျက်ခြစားမှုတို့ လက်သင့်ရာစား အခွင့်ထူးပေးမှုတွေဆိုတာက မလို လားအပ်တဲ့ ဗိုင်းရပ်စ်တွေပါပဲ။ ဆန်ရှင်တွေ၊ ဆန်ရှင်တွေဖြစ်တတ်စေတဲ့ အကြောင်းတရားတွေဟာလည်း နာတာရှည်ပိုးကောင်တွေပါပဲ။

အခု စက်မှုဇုန်လုပ်သားတွေ လစာနည်းလွန်းလို့ ဆန္ဒပြကြတယ်။ ဘာကြောင့် လစာနည်းလွန်းသလဲ။ စက်ရုံပိုင်ရှင်တွေဘက်ကလည်း Transac -tion Cost တွေ များလွန်းတာကြောင့် လျှော့လို့ရတဲ့လုပ်ခကို လျှော့ထားရသတဲ့။ ဘာကြောင့် ဒီ Cost တွေ များရတာလဲ။ တလွဲစီမံမှုတွေနဲ့ အခွင့်ထူးခံ အမြတ်ထုတ်မှုဆိုတဲ့ ဗိုင်းရပ်စ်တွေကြောင့်ပဲ။ ဒါ ဥပမာတစ်ခုပါ။

အခု နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာအရပ်ရပ်က စီပွားရေးသမားတွေ ရင်းနှီးမြှပ်နှံလိုသူတွေ လာရောက်လေ့လာကြပြီး လက်တွေ့လုပ် ကိုင်ဖို့တော့ နှောင့်နှေးနေကြပြန်တယ်။ ဥပဒေလိုအပ်ချက်အပြင် စွမ်းအင်၊ မြေနေရာ၊ ဆက်သွယ်ရေး၊ လမ်းတံတား စတဲ့ အခြေခံအဆောက်အဦ စတဲ့ အားနည်းချက်တွေကြောင့် လက်တွန့်နေကြတာပါ။ Minimum System Requirement တောင် မပြည့်စုံသေးတဲ့နေရာမှာ ဘယ်သူက အလွယ်တကူ ရင်းနှီးမြှပ်နှံရဲပါ့မလဲ။ ဈေးကွက်စီးပွားရေး ဖော်ဆောင်ပေးခဲ့တာ၊ တည်ဆောက်ရေးတွေလုပ်ခဲ့တာလည်း နှစ်နဲ့ချီ၊ နားနဲ့မဆံ့အောင် ကြားခဲ့ရပြီး ဒီအား နည်းချက်တွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့တာလည်း ဒီဗိုင်းရပ်စ်တွေကြောင့်ပဲပေါ့။

ဒါကြောင့် တိုင်းပြည်ကောင်းဖို့၊ အများပြည်သူဘ၀ ရှင်သန်လည်ပတ်ဖို့၊ ဒီဗိုင်းရပ်စ်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းနိုင်မှ ဖြစ်ပါလိမ့် မယ်။

ကွန်ပျူတာမှာတော့ ဗိုင်းရပ်စ်တွေကို Scanning - ရှာဖွေဖော်ထုတ်ခြင်း၊ Quarantine - ထိန်ချုပ်ခြင်း၊ Remove - ထုတ်ပယ်ခြင်း၊ Delete - ဖျက် ဆီးခြင်းဆိုတာတွေကို လိုအပ်သလို လုပ်ဆောင်ရပါမယ်။ ဒါကိုလည်း Opeaion System Reinstall (or) Fresh Install ရယ်လို့ ရွေးချယ် လုပ်ဆောင်ရပါ တယ်။ တစ်လက်စတည်း Up-grade လည်း လုပ်နိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။

တတ်နိုင်သမျှ ဗိုင်ရပ်စ်တွေကင်းတဲ့ အပြင်ရင်းနှီးမြှပ်နှံသူတွေအတွက်ကော အများပြည်သူအတွက်ပါ အနိမ့်ဆုံးအဆင့် လိုအပ်ချက်တွေကို လည်း ဖြည့်ဆည်းပေးထားနိုင်မှ တစ်ပြည်လုံး တစ်မျိုးသားလုံးရဲ့ စီးပွားရေးလူမှုဘ၀တွေ ကောင်းကောင်းမွန်မွန် လည်ပတ်ဆောင်ရွက်နိုင်မှာ အသေအ ချာမို့။

 *****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment