Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၎.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည် ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံ မည့်သူများအား တရားစီရင်ရေး စနစ်မကောင်းကြောင်း သတိပေး

(၁ ရက် Jume ၂၀၁၂ရက်စွဲပါဆောင်းပါးအား Time Union မှ Laurate  Myanmar is Bad Bet ကို ဘာသာပြန်သည်။)

  1. မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မအောင်မြင်နိုင်သော လမ်းကြောင်း

(2 June 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Failed Path to peace in Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်းဆန်းစုကြည်၏ ဥရောပခရီးကို ဆွစ်ဇာလန်ခရီးစဉ်ဖြင့် စတင်မည်

(Swiss info.Ch မှ 3 Jun 2012 ရက်စွဲပါ “Suu Kyi to start Europe toure in Switzerland” သတင်းကို ဘာသာပြန်ဆိုသည်)

******************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံ မည့်သူများအား တရားစီရင်ရေး စနစ်မကောင်းကြောင်း သတိပေး

(၁ ရက် Jume ၂၀၁၂ရက်စွဲပါဆောင်းပါးအား Time Union မှ Laurate  Myanmar is Bad Bet ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်သောကြာနေ့က ကော်ပိုရေးရှင်းကြီးများမှ အမှုဆောင်များရှိ သော ပရိတ်သတ်သို့ သေချာစွာကြည့်ရှုပြီး သူ့တိုင်းပြည်၏ တရားစီရင်ရေးစနစ်ကို အရေးပါသော အကဲဖြတ်စကား ဆိုခဲ့သည်။

"မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုလုပ်မဲ့သူတွေ၊ သတိပေးလိုပါတယ်"ဟု သူက မြန်မာနိုင်ငံ၏ ယခင်အမည် Burma ကိုသုံးနှုန်း၍ ပြောကြားခဲ့ပါ သည်။ "အကောင်းဆုံ ရင်းနှီးမြှပ်နှံမှုဥပဒေတွေ ရှိနေစေဦးတော့၊ ဒီဥပဒေတွေကို အကောင်အထည်ဖော်မယ့် သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရုံးတွေမ ရှိရင် ဘယ်လိုမှ အသုံးမ၀င်နိုင်ပါဘူး။ ဒါ ကျွန်မတို့ရဲ့ ပြဿနာပါပဲ။ အခုအထိတော့ ကျွန်မတို့ တရားစီရင်ရေးစနစ်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုံးဝ မမြင်ရသေးပါဘူး"ဟု ဆိုပါသည်။

သူသည် ပြောလိုသော သတင်းစကားကို ကြည့်ကောင်းအောင် တန်ဆာမဆင်ဘဲ ဘွင်းဘွင်းပြောခဲ့ပါသည်။

သူက အမှုဆောင်များ၊ ဘဏ်လုပ်ငန်းရှင်များသို့ ပြောကြားရာ အများစုသည် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်နေသူများ၊ ရင်းနှီးမြှပ်နှံရန် စီစဉ်နေ သူများ ပါဝင်ပါသည်။ ပညာရေးစနစ်မှာ ရှုပ်ထွေးပြီး ၊ လူငယ်လူရွယ်များ၏ အလုပ်လက်မဲ့ပြဿနာများမှာ ချိန်ကိုက်ဗုံးတစ်လုံးသဖွယ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခု မဟုတ်သေးကြောင်း သူကပြောခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အား ဆန့်ကျင်ခြင်း၊ ခေါင်းမာခြင်းနှင့် ယုံကြည်ချက်ပြင်းထန်ခြင်းကြောင့် လူသိများပါသည်။

သူသည် အရပ်သားအစိုးရသစ်လက်ထက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သော်လည်း ကွန်ဖရင့်တွင်ပြောကြားသော သူ၏ မိန့်ခွန်းတွင် အလျော့ပေးပြောင်းလဲခြင်း မရှိပေ။

သို့သော် ယခုကဲ့သို့ ဆင်းရဲသော မြန်မာနိုင်ငံက ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နေသော အခြေအနေမျိုးတွင် ရင်းနှီးမြှပ်နှံသူများကို သတိပေး ပြောကြားခြင်းမှာ အစွန်းရောက်လွန်းပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း တက်ရောက်လာသူအချို့ က ထင်မြင်ယူဆကြသည်။

"သူဟာ အလွန်ကျွံ မကောင်းမြင်လွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု မြန်မာ အစိုးရအား အကြံပေးနေသော နယူယောက်ကိုလံဗီယာ တက္ကသိုလ်မှ စီပွားရေးပညာပါမောက္ခ Joseph Stigliz က ပြောပါသည်။

မသေချာမှုများ၊ အားနည်းသော တရားစီရင်ရေးစနစ်များ ရှိနေသော်လည်း ရင်းနှီးမြှပ်နှံသူများအတွက် အမြတ်ရရန် မျှော်လင့်နိုင်ကြောင်း Stigliz က ပြောပါသည်။

၎င်းက မြန်မာနိုင်ငံနှင့် တရုတ်ကို နှိုင်းယှဉ်ပြောခဲ့ပါသည်။ တရုတ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အားနည်းသော်လည်း လွန်ခဲ့သော နှစ်သုံးဆယ် အတွင်း တရုတ်နိုင်ငံသည် အားလုံးသတိပြုရသည့်နှုန်းဖြင့် တိုးတက်ကြီးထွားလာခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများ အမြတ်ရခဲ့ကြကြောင်း ၎င်းကပြော ပါသည်။

*****************************

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် မအောင်မြင်နိုင်သော လမ်းကြောင်း

(2 June 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Failed Path to peace in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရနှင့် အစိုးရကို ဆန့်ကျင်သော တိုင်ရင်းသားအုပ်စုများအကြား ဆွေနွးမှုများမှာ ဆယ်စုနှစ်များစွာကြာနေသော ပဋိပက္ခများအတွက် ထာဝရအဖြေရရှိရေး မျှော်လင့်ချက်မြင့်တက်လျက် ရှိပါသည်။ သို့သော် အခု အသစ်တစ်ဖန် စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေး အထောက်အပံ့လည်း ရရှိထားပြီး မြန်မာနိုင်ငံသမိုင်း၌ အပြစ်အခတ်ရပ်ဆဲရေးများ ပြန်လည်ပျက်သွားတတ်သည့်သဘောကလည်း တစ်ဖက်တွင် ခြိမ်း ခြောက်လျက် ရှိသည်။

အထင်အရှားဆုံး ဥပမာမှာ ကချင်ပြည်နယ်တွင် နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေပြီးမှ ပြီးခဲ့သည့်နှစ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာခြင်း ဖြစ် သည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၁၉၉၄ ခုနှစ်တွင် ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာသော ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ဖူးသည်။ သို့သော် KIA ကတောင်းဆိုသော ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomy) နှင့် အခြားသော ရပိုင်ခွင့်များ နှင့် ပတ်သက်သော နိုင်ငံရေးအရ အဖြေထုတ်နိုင်ခဲ့ခြင်းမရှိပေ။

ထိုစဉ်က စစ်အစိုးရက KIA အား နိုင်ငံရေးအရ ဆွေးနွေးမှုများ မပြုလုပ်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုပြီး အစိုးရသစ်ကို တစ်ခု ရွေးချယ်တင်မြှောက်မည်ဟု ပြောခဲ့ပါသည်။ ထိုအခါ KIA ကိုယ်စားလှယ်များသည် အခြေခံဥပဒေရေးဆွဲမည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့ကြသည်။ အခြေခံဥပဒေ အတည်ပြုပြီး ၂၀၁၀ နိုဝင်ဘာတွင် ရွေးကောက်ပွဲကျင်းပပြီးဖြစ်သော်လည်း ကတိအတိုင်း နိုင်ငံရေးအရ ဆွေးနွေးမှုများကို အကောင်အ ထည် မဖော်နိုင်ခဲ့ပေ။ ထို့အပြင် KIA သည် လက်နက်စွန့်၍ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခြင်းခံခဲ့ရပါသည်။ ထို့အတွက် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲစဉ်ကထက် သတ်မှတ်ခဲ့သော စီးပွားရေးအခွင့်အလမ်းများထက် အနည်းငယ်မျှသာ ပိုပေးပြီး ဆွဲဆောင်ခဲ့ပါသည်။ ၁၉၉၄ခုနှစ်က အ ပစ်အခတ်ရပ်စဲမှုအပြီးတွင် ကချင်ပြည်နယ်ရှိ များပြားလှသော သစ်တောများနှင့် သံယံဇာတများကို တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ြ ပည်တွင်းလုပ် ငန်းရှင်များနှင့် အချို့သော KIA အရာရှိများသည် ဘာကိုမျှ အလေးမထားပဲ အမြတ်ထုတ်ခဲ့ကြသည်။ ကတိပျက်ပြားမှုကြောင့် အပစ်အခတ်ရပ်စဲရေးသ ဘောတူညီချက် ပျက်ပြယ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပါသည်။ ယခု တစ်နှစ်ကြာသောအခါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး၊ ထောင်ပေါင်းများစွာသော အရပ်သားများသည် တရုတ်နယ်စပ်သို့လည်းကောင်း၊ ကချင်ပြည်နယ်၏ အဓိကမြို့ရွာများသို့ ထွက်ပြေး တိမ်း ရှောင်ကြရပါသည်။ ယခု တိုက်ပွဲများကြောင့် လူ့အခွင့်အရေးချိုးဖောက်သော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီး နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ခဲ့သည့် ဦးသိန်းစိန်၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအပေါ် မေးခွန်းထုတ်မှုများ ပေါ်လာခဲ့ရပါသည်။

SSA, KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ကြိုးပမ်းမှုများတွင် အားနည်းသော အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် အပစ်အခတ်ရပ်စဲရေးလည်း ပါဝင်သည်။ သို့သော် မကြာသေးမီက အစိုးရနှင့် တိုင်းရင်းသားလူမျိုးများ၏ ဆွေးနွေးမှုများမှာ ကချင်၏ မအောင်မြင်နိုင် သော အပစ်အခတ်ရပ်စဲရေးပုံစံနှင့်တူသော တိုးတက်မှုမရှိနိုင်သည့် ပုံစံအတိုင်းသာ ဖြစ်နေပါသည်။

ကျိုင်းတုံတွင် မေလ ၁၉-၂၀ တွင် ကျင်းပခဲ့သော SSA နှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးအတွက် (၁၂)ချက်ပါသော သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော လူများအတွက် ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး ကဲ့သို့သော လူသားချင်းစာနာထောက်ထားသော ကိစ္စရပ်များမှလွဲ၍ အခြားကိစ္စရပ်များမှာ လက်ရှိဥပဒေများကိုသာ ညွှန်းဆိုထားပါသည်။ ကိုယ်ပိုင်အုပ် ချုပ်ရေးမှာမူ ဆွေးနွေးရာတွင် မပါဝင်ပေ။

အစိုးရနှင့် ဆွေးနွေးရာတွင် မူလရည်မှန်းချက်မှာ SSA ကို၂၀၀၈ အခြေခံဥပဒေကို လက်ခံရန်နှင့် အစိုးရလက်အောက်သို့ ၀င်လာရေးကို တရားဥပဒေအတွင်း ပြန်လည်ဝင်ရောက်ခြင်းဟုအမည်တပ်ကာ ထားခြင်းပင်ဖြစ်သည်။

ကရင်သူပုန်များနှင့် ဆွေးနွေးရာတွင်လည်း ထိုနည်းလမ်းအတိုင်းပင် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအတွက် စီးပွားရေးအခွင့်အလမ်းများနှင့် လဲလှယ် ရန် အဆိုပြုခဲ့ပြီး အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ကတိပေးထားမှုများ မရှိပါ။ အဘယ့်ကြောင့်ဆိုသော်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖက် ဒရယ်စနစ်ကို အသိအမှတ်ပြုထားခြင်း မရှိပေ။ စစ်တပ်မှခံယူထားသော ၎င်းနှင့် ၎င်း၏ ထိပ်ပိုင်ပုဂ္ဂိုလ်များပါဝင်သော ပြည်ထောင်စုနိုင်ငံကို ထိပါးစေမည့် အလျော့အတင်းများ ပါဝင်သော ဆွေးနွေးမှုကို နေရာမပေးခဲ့ပါ။

အခြေခံဥပဒေကို သေးစားပြင်ဆင်မှုများ ပြုလုပ်ကောင်း ပြုလုပ်ပေးနိုင်ပါသည်။ NLD ဧပြီ (၁) ရွေးကောက်ပွဲဝင်နိုင်ရန် ပိတ်ပင်ထားခြင်းအား ဖယ်ရှားပေးခြင်းကဲ့သို့သော အသေးအဖွဲပြင်ဆင်မှုမျိုးကို မြင်တွေ့ခဲ့ ရဖူးပြီ ဖြစ်သည်။

သို့သော် အခြေခံဥပဒေ၏ အဓိကပြောင်းလဲမှုများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောမတူပဲ ပြင်ဆင်၍ မရနိုင် ပေ။ ထို့နောက် နိုင်ငံအနှံ့ ဆန္ဒခံယူပွဲ ကျင်းပပေးရမည်ဟု ဆိုပါသည်။ ဤမျှ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ဖက်ဒရယ်စနစ်နှင့် တိုင်းရင်းသား ဒေသများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကဲ့သို့သော အဓိက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် လွှတ်တော်မှ ၂၅ရာခိုင်နှုန်းကို နေရာပေးရခြင်း ဖြစ်ပါသည်။

သဘောတူညီမှုရရှိရန် ခက်ခဲသောခြားနားမှုများ

မြန်မာနိုင်ငံတွင် တိုင်ရင်းသားအရေးကို မည်သို့ အဖြေရှာမည်ဆိုသည့်အပေါ် အမြင်ချင်းဆန့်ကျင်နေသော အခြေခံအချက်နှစ်ခု ရှိပါသည်။ အစိုးရအတွက်မှာ တိုင်းရင်းသားပြဿနာများ၏ အဖြေမှာ ဗဟိုအာဏာပိုင်များ ချမှတ်ထားသော သတ်မှတ်ချက်အောက်တွင် တဖြည်းဖြည်းချဉ်းကပ်ပြီး တိုင်းရင်းသားများ လက်နှက်ချလာရေး ဖြစ်ပါသည်။ တိုင်းရင်းသားသူပုန်များအတွက်မူ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်များကို ဖက်ဒရယ်ပြည်ထောင် စုနှင့် ဒေသဆိုင်ရာ ပိုမိုအုပ်ချုပ်ခွင့်တို့အတွက် တဖြည်းဖြည်းဆွေးနွေးခြင်းလုပ်ငန်းစဉ်များမှ တဆင့်သွားလိုကြပါသည်။

အချို့တိုင်းရင်သားများက ၎င်းတို့၏ မျှော်လင့်ချက်အတွက် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ချက်များ လုပ် ဆောင်သောအဖွဲ့များကို အားထားလျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ဦးသိန်းစိန်၏ အစိုးရသည် အဆိုပါနိုင်ငံခြားမှ စေ့စပ်ပေးမည့်သူများကို တိုင်းရင်း သားများလက်နှက်ချပြီး အခြေခံဥပဒေ၏ သတ်မှတ်ချက်များကို လက်ခံရန် နားချပေးစေလိုသည်။

နော်ဝေအစိုးရက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ဒေါ်လာ ၅သန်း ပေးအပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည့်အပြင် အခြားအလှူရှင်များ ကိုလည်း အကူအညီများပေးကြရန် တိုက်တွန်းခဲ့သည်။ အချို့သော နိုင်ငံတကာ NGO များကလည်း ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်လို ကြောင်း ကမ်းလှမ်ခဲ့ကြသည်။ ဝေဖန်သုံးသပ်သူများက နိုင်ငံတကာဖိအားပေးမှုများသည် အစိုးရကို လက်ခံယုံကြည်ရန် ခက်ခဲမည့် အခြေခံဥပဒေပြင် ဆင်ရေးအတွက် ဖိအားမပေးဘဲ တိုင်းရင်းသားသူပုန်များကိုသာ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် မိမိတို့ဒေသဖွံ့ဖြိုးရေး အကူအညီများနှင့် လဲလှယ် ရေးကိုသာ သဘောတူလုပ်ဆောင်ရန် ဖိအားပေးသင့်သည်ဟု ငြင်းချက်ထုတ်ပါသည်။

ယခု ငြိမ်းချမ်းရေးလုပ်ဆောင်ချက်များ လုပ်ဆောင်နေမှုတွင် နိုင်ငံခြားမှ များပြားသောငွေများ ထောက်ပံ့နေမှုကို ရရှိထားသော်လည်း အောင် မြင်မှုရရန် မလွယ်ကူပေ။ လက်နှက်ကိုင်မဟုတ်သော ရှမ်းဒီမိုကရက်တစ်ယူနီယံမှ အထွေထွေအတွင်းရေးမှူး စိုင်းဝမ်စိုင်းက မကြာသေးမီက ထုတ်ပြန် သော ကြေညာချက်တွင် ထာဝရငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ အဖြေထွက်ရေးတွင် ၂၀၀၈ အခြေခံဥပဒေတွင် အပိုဒ်အနည်းငယ်ခန့်သာ ဟိုမှာဒီမှာ ပြင်ဆင်ရုံမဟုတ်ပဲ နိုင်ငံရေးစနစ်ကြီး ပြောင်လဲရန်လိုအပ်ကြောင်း ဖော်ပြခဲ့ပါသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများရော၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် မြန်မာစစ်တပ်အတွင်းရှိ လူများ၏အဆိုအရ မြန်မာအစိုးရ သည် KIA ကို ကချင်ပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် လက်ခံရန် ငြင်းဆိုလျက်ရှိသည်ဟု သိရသည်။ ကချင်ပြည်နယ်အတွင်း ရွေချယ်တင်မြှောက် ထားသော ပြည်နယ်အစိုးရနှင့် ပြည်နယ်ဝန်ကြီးချုပ်ရှိပြီး ၎င်းတို့ကသာ ကချင်ပြည်နယ်၏ စစ်မှန်သောကိုယ်စားလှယ်များ ဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါရှုထောင့်မှကြည့်လျှင် KIA သည် အစိုးရစနစ်အတွင်း ၀င်ရမည်ဖြစ်ပြီး စစ်တပ်ကို ဖျက်ပစ်ရမည့်သဘော ဖြစ်နေပါသည်။ ထို့ကြောင့် ယခင်အစိုးရနှင့် ကချင်တို့အကြား ဆွေးနွေးမှုများမှ အဖြေမထွက်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

အစိုးရ၏ ခေါင်းမာသောရပ်တည်ချက်များမှ သက်ရောက်မှုအကျိုးဆက်များရှိခဲ့ပြီး အာဏာပိုင်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင် သည်နှင့် ဘာမျှမျှော်လင့်ချက်ထားသည့် သဘောမရှိပေ။ ကချင်ဘက်မှလာသော သတင်းများအရ ကချင်ခေါင်းဆောင်များအကြားတွင် နိုင်ငံရေးရပ် တည်မှုထက်စာလျှင် စီးပွားရေးနှင့် ပတ်သက်သော ငယ်ရွယ်သော မျိုးဆက်သစ်များ ပေါ်ပေါက်လာရေးကို ဦးတည်ခဲ့ကြသည်ဟု ဆိုပါသည်။

ခေါင်းဆောင်သစ်များတွင် လူချစ်လူခင်အများဆုံးမှာ KIA ဒုဦးစီချုပ် ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်ဖော် ဖြစ်ပါသည်။ ၎င်းသည် မန္တလေးတက္ကသိုလ် မှ ရူပဗေဒဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၈၇ တွင် KIA  သို့ ၀င်ရောက်ခဲ့ပါသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဟု အမည်ဆိုသော်လည်း KIA သည် မြန်မာအစိုးရထံမှ လွတ်လပ်ရေးတောင်းနေခြင်းမဟုတ်ပဲ တိုင်း ရင်းသားရပိုင်ခွင့်များနှင့် ဖက်ဒရယ်စနစ်ကိုသာရရှိရေး တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူအများစုက လွှမ်းမိုးပြီး အစိုးရက ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းရန် ကြိုးစားမှုကြောင့် ၁၉၆၂ တွင် စတင် တိုက်ပွဲဝင်ခဲ့ပါသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်မှုသည် ကချင်တို့၏ဘ၀နှင့် အသိုင်းအ၀ိုင်းတွင် အရေးကြီးသောအချက်တစ်ခု ဖြစ်ပါသည်။အစိုးရက ကချင်ပြည်နယ်၏ အနည်းငယ်သော ဗုဒ္ဓဘာသာဝင် အနည်းစုကို ကိုယ်းစာပြုသော လဂျွန်းငန်ဆိုင် (Lajawn Ngan Seng) အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လွှဲအပ်ခဲ့ခြင်းကို ကချင်အများစုက ယဉ်ကျေး မှုနှင့် ခံစားမှုကို ဆန့် ကျင်မှုပြုခဲ့သည်ဟု မြင်ကြသည်။

မြန်မာနိုင်ငံ၏ အခြားသောအစိတ်အပိုင်းများ မြန်မာမဟုတ်သောသူများ အများဆုံးနေထိုင်ရာဒေသများတွင်လည်း အဆိုပါပြဿနာ အတိုင်းပင် ဖြစ်ပေါ်လျက် ရှိနေပါသည်။ မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားအုပ်စုများသည်လည်း KIA တွေ့ကြုံရသကဲ့သို့ ၁၉၉၄ အပစ်အခတ်ရပ်စဲရေးကို ပယ်ဖျက် ၍ စစ်ပွဲများပြန်လည်လုပ်ဆောင်သကဲ့သို့ အနှေးနှင့် အမြန်ဆိုသလို ကြုံတွေ့လာရနိုင်ပါသည်။ ရှမ်းခေါင်းဆောင် စိုင်းဝမ်စိုင်းက ငြင်းချက်ထုတ်သကဲ့သို့ ပြဿနာ၏ ပင်မအကြောင်းဖြစ်သော  အငြင်းပွားဖွယ် ၂၀၀၈ အခြေခံဥပဒေကို ကိုင်တွယ်ခြင်းမပြုသ၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပဋိပက္ခများ  အချိန်မ ရွေး ပြေလည်မှုရသွားနိုင်သည်ဟု စိတ်ကူးရန် ခဲယဉ်းပေလိမ့်မည်သာ ဖြစ်ပေသည်။

*****************************

ဒေါ်အောင်းဆန်းစုကြည်၏ ဥရောပခရီးကို ဆွစ်ဇာလန်ခရီးစဉ်ဖြင့် စတင်မည်

(Swiss info.Ch မှ 3 Jun 2012 ရက်စွဲပါ “Suu Kyi to start Europe toure in Switzerland” သတင်းကို ဘာသာပြန်ဆိုသည်)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကမ္ဘာကျော် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၄ နှစ်အတွင်း သူမ၏ ပထမဆုံး ဥရောပ ခရီးကို ဆွစ်ဇာလန်သို့ ထွက်ခွါခြင်းဖြင့် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

သူမသည် ဂျီနီဗာတွင် ကျင်းပမည့် ILO ညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ဆွစ်ဇာလန်လွှတ်တော်သို့လည်း သွား ရောက်လည်ပတ်မည် ဖြစ်သည်။

ယခုနှစ်အတွင်း ပိုမိုထင်ရှားကျော်ကြားလာသော မြန်မာအတိုက်အခံခေါင်းဆောင်သည် ဇွန်လ ၁၃-၁၅ ဆွစ်ဇာလန်ခရီးစဉ်တွင် မျိုးဆက်သစ် လူငယ်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆွစ်ဇာလန် သမ္မတ အီဗလင်း ဝစ်ဒမာဆလမ်း က တည်ခင်းမည့် ဂုဏ်ပြုညစာစားပွဲကိုလည်း တက်ရောက် မည်ဟု ဆွစ်ဇာလန် နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဆွစ်နိုင်ငံခြားရေးဝန်ကြီး ဒစ်ဒီယာ ဘတ်ဟော်လတာနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။ လက်ရှိ တွင် တံခါးဖွင့်ပြောင်းလဲမှု စတင်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအနေအထားကို ဦးစားပေးဆွေးနွေးကြလိမ့်မည်ဟု ဆွစ်နိုင်ငံခြားရေးဌာန ထုတ်ပြန် ချက်တွင် ဖေါ်ပြထားသည်။

ဆွစ်ပါလီမာန် လွှတ်တော်သို့ သွားရောက်လည်ပတ်ခြင်းကို ဇွန်လ ၁၅ ရက်တွင် စီစဉ်ထားမည်ဟု သိရှိရသည်။

နောက်တစ်ရက်တွင် နော်ဝေးနိုင်ငံသို့ ထွက်ခွါမည်ဖြစ်ပြီး၊ ထိုမှတဆင့် ဗြိတိန်နိုင်ငံ လန်ဒန်နှင့် ဒဗ်ဗလင်မြို့များသို့ ဆက်လက်သွားရောက်မည် ဟု ဆိုသည်။

************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment