Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း (၃)

  1. ရခိုင်ပြည်နယ် လူစုလူဝေး အဓိကရုဏ်းတွင် ၉ ဦးသေဆုံး

(AFPသတင်းမှ4 Jun 2012 ရက်စွဲပါ “9 dead in Myanmar mob attack” သတင်းကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်က မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိဟုဆို

(3 June 2012 ရက်စွဲပါ Gulf Today မှ US ready to improve military ties with Myanmar ကို ဘာသာပြန်သည်)

  1. နျူကလီးယား သုတေသန အစီအစဉ်ကို မြန်မာနိုင်ငံ စွန့်လွှတ်ပြီ

(The News International မှ 2 Jun 2012 ရက်စွဲပါ “Myanmar abandons nuclear research” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အရှေ့မြောက်သူဖုန်များဇွန်လ ၁၀ရက် နောက်ဆုံးထား မြန်မာပိုင်နက်မှထွက်ခွာရန် အစိုးရ ရာဇသံပေး

(The Times of India မှ 3 Jun 2012 ရက်စွဲပါ ‘ Myanmar asks northest rebels to leave by Jun 10 ’သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ် လူစုလူဝေး အဓိကရုဏ်းတွင် ၉ ဦးသေဆုံး

(AFPသတင်းမှ4 Jun 2012 ရက်စွဲပါ “9 dead in Myanmar mob attack” သတင်းကိုဘာသာပြန်ဆိုသည်)

တနင်္ဂနွေနေ့က မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွင် ရခိုင်ဒေသခံများက အနည်းဆုံးလူ ကိုးဦးကို သတ်ဖြတ်ခဲ့ကြပြီး ရှိရင်းစွဲ ဘာသာရေးဆိုင်ရာ တင်းမာမှုများ၏ ပယောဂကြောင့် အဓိကရုဏ်းသဖွယ် ဖြစ်ပွားခဲ့သော လက္ခဏာရှိသည်ဟု အမည်မဖေါ်လိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီကနေ့ညနေ တောင်ကုတ်မြို့မှာ ဒေသခံရခိုင်တွေကြောင့် လူကိုးဦး သေဆုံးသွားတယ်လို့ သတင်းရပါတယ်၊ အသေးစိတ်တော့ မသိရသေး ပါဘူး”ဟု ၎င်းတာဝန်ရှိသူက ဆိုပါသည်။

ယင်းက ဆက်လက်၍ သေဆုံးသွားသူအချို့မှာ မြန်မာပြည်အလယ်ပိုင်းမှ ရခိုင်သို့အလည်လာသော မွတ်ဆလင်များဖြစ်သည်ဟု ယူဆရ ကြောင်းနှင့် မကြာသေးမှီက ၎င်းဒေသတွင် ဖြစ်ပွားခဲ့သော ရခိုင်မိန်းခလေးငယ်တစ်ဦး မုဒိန်းကျင့်အသတ်ခံရခြင်းကိစ္စနှင့် ဆက်နွယ်နေပုံရသည်ဟု ပြော ကြားသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သတ်၍ အသေးစိတ်အချက်အလတ်များ အတည်ပြုရန် AEP သတင်းဌာနက ဒေသခံရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍မရပါ။

အခင်းဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော ရွာသားတစ်ဦး၏ ပြောကြားချက်အရ မုဒိန်းမှုတရားခံများကို သယ်ဆောင်လာသည်ဟု ယုံကြည်ရ သော ဘတ်စကားကို ဒေသခံရခိုင်တစ်ရာကျော်က စီးနင်းတိုက်ခိုက်ကာ တရားခံများကို သတ်၍ကားကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ပြီး၊ ရဲများရောက်ရှိလာ သော်လည်း ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

အမေရိကန်က မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိဟုဆို

(3 June 2012 ရက်စွဲပါ Gulf Today မှ US ready to improve military ties with Myanmar ကို ဘာသာပြန်သည်)

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက စစ် တပ်ချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဖွင့်ပေးမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panelta က အာဆီယံခေါင်းဆောင်များသို့ စနေနေ့ က ပြောကြားခဲ့သည်။

ယင်းသည် အဆိုပါမှတ်ချက်များကို စင်္ကာပူတွင် ကျင်းပသော ကာကွယ်ရေးဆိုင်ရာ ကွန်ဖရင့်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ သမ္မတ Barack Obama အစိုးရ၏ မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ပေးသည် ကြိုးပမ်းမှုအသစ်များအပေါ် ထပ်ဟပ်မှု ဖြစ်စေသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို ကောင်းစွာ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံရေးစနစ်ကို ပိုမိုတံခါးဖွင့်ရန် ဆက်လက်ကြိုး စားသည်ဟု လက်ခံလာပါက ပင်တဂွန်အနေဖြင့် နှစ်ဖက်စလုံး စစ်ရေးဆိုင်ရာ ဆက်ဆံရေး တိုးတက်ရန် ဆွေးနွေးရေး စိတ်အားထက်သန်လာမည်ဟု Panetta က ပြောကြားခဲ့သည်။

"ယခုအချိန်ဟာ စစ်အေးကာလမဟုတ်တော့တဲ့အတွက် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပါဝါခြေ ကုတ်ရဖို့ စစ်စခန်းတွေ တည်ထောက်ဖို့ မလိုတော့ပါဘူး"ဟု Panetta က အဆိုပါ ကွန်ဖရင့်တွင် ယင်းမိန့်ခွန်းပြောသည့်အပေါ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ယနေ့ ကမ္ဘာကြီးတွင် အမေရိကန်အနေဖြင့် အခြားတိုင်းပြည်များကို ယင်းတို့ ကိုယ်ပိုင်စစ်ရေးစွမ်းရည် တည်ဆောက်နိုင်ရန် ကူညီပေးခြင်းဖြင့် မိမိကိုယ်ကို  ကာကွယ်နိုင်မည်ဖြစ်ကြောင်း ယင်းက ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာအပါအဝင် ဒီဒေသကနိုင်ငံတိုင်းကို အထက်ကပြောခဲ့တဲ့ ဆက်ဆံရေးမျိုး အားပေးသွားပါမယ်"ဟု Panetta က ပြော သည်။

Panetta နှင့်အတူ ခရီးသွားသော အကြီးတန်းကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်းနှင့် လူ့အခွင့်အရေး တိုးမြှင့်ရေးကို ဆက်လက်လုပ်ဆောင်ပြီး တိုးတက်မှုများ ပြသပါက ပိုမိုအားကောင်းသော စစ်တပ်ဆက်ဆံရေး ဖြစ် နိုင်မည်ဟု ဝန်ကြီးက မျှော်လင့်ကြောင်း ပြောသည်။

မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းက အဆိုပါ ကွန်ဖရင့်တွင် မြန်မာနိုင်ငံသည် နျူကလီယားပါဝါ ရည်မှန်းချက်များကို စွန့်လွှတ်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

နျူကလီးယား သုတေသန အစီအစဉ်ကို မြန်မာနိုင်ငံ စွန့်လွှတ်ပြီ

(The News International မှ 2 Jun 2012 ရက်စွဲပါ “Myanmar abandons nuclear research” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် များစွာ တိုးတက်ခြင်းမရှိသေးသည့် နျူကလီးယားအစီအစဉ် သုတေသနပြုမှုကို စွန့်လွှတ်ကာ မြောက်ကိုရီးယားနှင့် စစ်ရေး၊ နိုင်ငံရေး နီးကပ်စွာ ဆက်ဆံနေမှုများမှ နောက်ပြန်ဆုတ်လိုက်ပြီဖြစ်ကြောင်း အရှေ့တောင်အာရှ နောက်ဆုံးရေပန်းစားနိုင်ငံမှ ကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ နျူကလီးယား လက်နက်အစီအစဉ်အတွက် အစိတ်အပိုင်းများနှင့်အတူ ယူရေနီယမ် သန့်စင်သည့် နည်းပညာကို ရရှိခဲ့သည်ဟု လွန်ခဲ့သော ၂ နှစ်က သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်းသတင်းများသည် အထောက်အထားဖိုင်များနှင့်အတူ ထွက်ပြေးလာ သော မြန်မာ့တပ်မတော် နျူကလီးယားအစီအစဉ်မှ ဗိုလ်မှူးတစ်ဦးနှင့် အင်တာဗျူးများအပေါ် အခြေခံခြင်းဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင်း အကြီးတန်းအရပ်ဖက်နှင့် စစ်ဖက်ခေါင်းဆောင်များ စင်္ကာပူနိုင်ငံတွင် တက်ရောက်နေကြသော ဒေသတွင်း လုံခြုံ ရေး နှစ်ပတ်လည်ဖိုရမ်တွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက “ကျွန်တော်တို့ရဲ့ နျူကလီးယား အစီအစဉ်ဟာ ကာကွယ်ရေးအ တွက်မဟုတ်ဘူး လက်နက်အတွက် မဟုတ်ဘူး၊ သုတေသနပြုခြင်းမျှသာဖြစ်တယ်လို့ အရင်ကတည်းက ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ”ဟု ပြောဆိုခဲ့ သည်။

အထက်ပါ တင်ပြဆွေးနွေးမှုများသည် သိသိသာသာ ပွင့်လင်းမှုရှိပြီး၊ ယခင်စစ်အုပ်ချုပ်ရေးနှင့် အထီးကျန်ဘဝမှ မနှစ်က ရုန်းထွက်လာပြီးနောက် ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းကို ပြသနေသည်ဟု ဖိုရမ်တက်ရောက်နေသူ ကိုယ်စားလှယ်များက ပြောကြားသည်။

၂၁ ရာစု ဘင်္ဂလားပင်လယ်အော် လမ်းဆုံတွင် မဟာဗျူဟာမြောက် အရေးပါအရာရောက်လာသော မြန်မာနိုင်ငံမှ ကြုံတောင့်ကြုံခဲ ပြုပြင်ပြောင်း လဲမှုများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျှက်ရှိပြီး ၊ အနောက်အုပ်စုအစိုးရများ ချမှတ်ထားသော sanctions များ ရုတ် သိမ်းဖြေလျှော့ပေးအောင် စည်းရုံးနိုင်ခဲ့သည်။

စကားပြန်မှတဆင့် ပြောကြားသော ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက “ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရင်ကတော့ ပြုံယမ်းနဲ့ စစ်ရေး၊ နိုင်ငံရေး ဆက်ဆံမှုရှိခဲ့ပါတယ်၊ ဒါပေမယ့် အခုအချိန်မှာ တံခါးဖွင့် အသစ်ကြိုးပမ်းမှုတွေ စတင်နေပြီဖြစ်လို့ မြောက်ကိုရီးယားနဲ့ သံသယဖြစ်စရာ ဆက်ဆံမှုမျိုးတွေ ကို ရပ်ဆိုင်းထားလိုက်ပါပြီ”ဟု ထုတ်ဖေါ်ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------

အရှေ့မြောက်သူပုန်များဇွန်လ ၁၀ရက် နောက်ဆုံးထား မြန်မာပိုင်နက်မှထွက်ခွာရန် အစိုးရ ရာဇသံပေး

(The Times of India မှ 3 Jun 2012 ရက်စွဲပါ ‘ Myanmar asks northest rebels to leave by Jun 10 ’ သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ယင်း၏ နိုင်ငံပိုင်နက်ထဲတွင် စခန်းချနေသော အိန္ဒိယအရှေ့မြောက်သူပုန်များအား ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး ထွက်ခွာ သွားကြရန်   ရာဇသံပေးထားခြင်းကြောင့် မဏိပူရ တောင်တန်းတလျောက် နယ်စပ်ကိုစောင့်ကျပ်ရသော အာသံရိုင်ဖယ်တပ်ရင်းများကို အမြင့်ဆုံးအဆင့် တပ်လှည့်ထားသည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ၃ရက်ကြာမြန်မာချစ်ကြည်ရေး ခရီးစဉ်မတိုင်မှီ မေ ၂၄ ရက်တွင် မြန်မာနိုင်ငံက ထိုအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်ဟု သတင်းများက ဆိုသည်။

မဏိပူရ ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၅၀ ကိလိုမိတာ ထိစပ်လျက်ရှိပြိး နှစ်နိုင်ငံအကြား လက်နက်နှင့် မူးယစ်ဆေးရောင်းဝယ်မူကို တားဆီး ရန်အတွက် နယ်စပ်မြို့ မိုရေးတွင် ၁၀ ကီလိုမိတာ သံဆူးကြိုးကာရံခြင်းလုပ်ငန်းကို  နယ်စပ်လမ်းအဖွဲ့က လုပ်ဆောင်နေပါသည်။

အိန္ဒိယနိုင်ငံပိုင်နက်ထဲသို့ ထိုးဖောက်စိမ့်ဝင်လာမည့် သူပုန်များကို တိုက်ခိုက်ခြေမူန်းရန် မိမိလက်အောက်ခံတပ်များကို အမြင့်ဆုံးတပ်လှန့်ထား သည်ဟု အာသံရိုင်ဖယ် (တောင်ပိုင်း) စစ်ဆေးရေးမူးချုပ် ဗိုလ်မှူးချုပ် ဂူရမ်းက ပြောကြားသည်။

မိမိတပ်များကို နယ်စပ်တလျောက် ဖြန်ကျက်ထားပြီးဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဂူရမ်းက ချဉ်ဒယ်လ်ခရိုင် ပေါ်လေရှိ ၂၆ စစ်ဒေသဠာနချုပ်တွင် ပြု လုပ်သော အခမ်းအနားတစ်ခု၏ အသိုင်အဝိုင်းတွင် သတင်းထောက်များကို ရှင်းလင်းပြောဆိုခဲ့သည်။

ဗိုလ်မှူးချုပ် ဂူရမ်းက ဆက်လက်၍  (အိန္ဒိ - မြန်မာ နှစ်နိုင်ငံသည် သောင်းကျန်းမူနှိမ်နင်းရေးအတွက် အပြန်အလှန် ဆောင်ရွက်လျက်ရှိကြောင်း နှင့် အကယ်၍ မြန်မာအစိုးရ၏ရာဇသံကြောင့် မြန်မာပိုင်နက်အတွင်းမှ သူပုန်စခန်းများ ပိတ်သိမ်းသွားပါက အရှေမြောက်သူပုန်ထမူကို ထိထိရောက် ရောက် ပိုမိုကိုင်တွယ်ဖြေရှင်းနှိမ်နင်းနိုင်လိမ့်မည်ဟု အိန္ဒိယအကြီးတန်းစစ်ဖက်အရာရှိများက ယုံကြည်ထားကြောင်း )ပြောကြားသည်။

ပြည်တောင်စုကာကွယ်ရေးဝန်ကြီး ပါလမ်းရာဂျူးသည်လည်း ယခင်လ မဏိပူရ်ခရီးစဉ်တွင် နယ်စပ်သံဆူးကြိုးကာရံခြင်းကို စစ်ဆေးခဲ့ပြီး  အန္ဒိ ယနယ်စပ်လမ်းအဖွဲ့က ထိမ်းသိမ်းပေးနေသော ၁၆၀ ကီလိုမိတာ တမူး-ကလေးဝလမ်းကိစ္စကို ဆွေးနွေးခဲ့သည့်အပြင် စစ်ဖက်အရာရှိများနှင့် နယ်စပ်လုံ ခြုံရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment