Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

အောက်တိုဘာ ၈ ရန်ကုန်

ရန်ကုန်တွင် ယခင် အသုံးပြုခဲ့သော နာမယ်ဆိုး စွမ်းအားရှင်များ နေရာတွင် အစားထိုးရန် အရံရဲ စနစ်သစ် ကျင့်သုံးမည် ဟု စမ်းချောင်း ရယက တဦးကပြောသည်။

စမ်းချောင်းမြို့နယ်တွင်းရှိ ဆိုက္ကားသမားတစ်ယောက်သည် ညနေပိုင်းတွင် ရဲဝတ်စုံဝတ်ထားသည်ကို တွေ့ရှိ၍ မေးကြည့်သောအခါ အဆိုပါဆိုက္ကားသမားမှ ပြောကြားရာတွင် - လက်ရဲဇက်ရဲရှိသည့် ဆိုက္ကားသမား များကို အရံရဲထဲဝင်ရန် လိုက်လံစည်းရုံးနေ၍ ၀င်ခြင်းဖြစ်ကြောင်း၊ အရံရဲထဲဝင်လျှင် ရဲသင်တန်းလဲ တက်စရာမလိုကြောင်း၊ ရဲဝတ်စုံတစ်စုံထုတ်ပေးကြောင်း၊ တစ်လကို လစာ(နှစ်သောင်းငါးထောင်)ပေးကြောင်း၊ အစိုးရ၀န်ထမ်းဟောင်းဆိုလျှင် ဦးစားပေးခန့်ကြောင်း၊ အကြောင်းရှိကခေါ်ယူမည်ဟုပြောကြောင်း- သိရှိရပါသည်။

0 comments:

Post a Comment