Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ရယူဖော်ပြသည်။

Delta United FC အသင်းအား Premier Coffee အုပ်စုမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းရင်မှ လွှဲပြောင်းရယူခဲ့သော်လည်း အဆိုပါ Premier Coffee အုပ်စုအား အဓိက ပိုင်ဆိုင်သူမှာ ဒေါက်တာကိုကိုကြီး ဆိုသူဖြစ်ပါသည်။

အဆိုပါ ဒေါက်တာကိုကိုကြီးမှာ Premier Coffee ကို ယခင်လမ်းစဉ်ပါတီ လူကြီးဟောင်းတစ်ဦး၏ သားဖြစ်သူထံမှ လွှဲပြောင်း ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ကုန်သည်များနှင့် စက်မှုလက်မှုအသင်း၏ ဥက္ကဌ နှင့် ဇေယျရွှေမြေအသင်း ပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့် ပူးပေါင်းပြီး ရွှေနင်္ဂါးမင်းဆိုင်ကယ်စက်ရုံကို စစ်ကိုင်းမြို့တွင် လွန်ခဲ့သည့် (၅)နှစ်ခန့်မှစ၍ တည်ထောင်ထားသူ ဖြစ်ပါသည်။

ဒေါက်တာကိုကိုကြီး၏ ဖခင်ဖြစ်သူမှာ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်သားစစ်စစ်တစ်ဦးဖြစ်ပြီး၊ ယခုလက်ရှိ ယူနန်ပြည်နယ်ကုန်သည်ကြီးများအသင်းဥက္ကဌလည်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၏ ပြိုင်ပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင်ရောက်ရှိနေသော Delta United FC ဘောလုံးအသင်း အား Premier Coffee အုပ်စုမှ လွှဲပြောင်းရယူသော အခမ်းအနားကို ရန်ကုန်မြို့၊ Trader Hotel တွင် (၂၈-၉-၀၉)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment