City Mart တွင် သတင်းဂျာနယ် ဈေးနှုန်း မှန်ကန်
အောက်တိုဘာ ၂၃
ရန်ကုန်မြို့တော် City Mart ဆိုင်ခွဲများတွင် ရောင်းချသည့် သတင်းဂျာနယ်များ၏ ဈေးနှုန်းသည် ဖြန့်ချိသည့်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ကြောင်း လသာမြို့နယ်မှ ကိုယ်တိုင်ဝယ်ယူခဲ့သူ တစ်ဦးက ပြောကြားသည်။
လမ်းဘေး ဂျာနယ်ဆိုင်များနှင့် လက်ပွေ့ရောင်းသူများ ဈေးနှုန်းသည် ကိုယ်တိုင်ဖြန့် ဈေးနှုန်းထက် ကျပ် ၁၀၀ နီးပါးခန့် ပိုများကြောင်း တစ်ခါတစ်ရံ သတင်းထူးပါလျှင် ၎င်းတို့နှုတ်ထွက်ဈေးနှုန်း ဖြစ်လာကြောင်း City Mart တိုင်း ဈေးနှုန်းမှန်ကန်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတစ်ဦးက ၎င်းတို့အနေဖြင့် စာဖတ်သူထံ အသက်သာဆုံးနည်းဖြင့် ဂျာနယ် အရောက်ဖြန့်လိုကြောင်း၊ သို့ရာတွင် ဖြန့်ချိရေးဆိုင်ရာ ပြဿနာအချို့ရှိနေပြီး လက်ပွေ့ဆိုင်များ ဈေးနှုန်းကို မထိန်းနိုင်သေးကြောင်း ပြောကြားသည်။
City Mart ဂျာနယ် ဈေးနှုန်းမှန်ကန် သက်သာသော်လည်း မနက် ၉ နာရီ ၃၀ မှ ဖွင့်ကြောင်း၊ သတင်းဂျာနယ် ဖတ်ချင်သူများအနေဖြင့် မနက်စောစော သတင်းဖတ်ရမှ သတင်းအရသာ အပြည့်အဝ ခံစားရကြောင်း၊ City Mart ကို လူတိုင်း လက်လှမ်းမမှီကြောင်း၊ လမ်းဘေးဂျာနယ်ဆိုင်များသည် မနက် ၇ နာရီကျော်လျှင် ဂျာနယ်သစ်များ ရကြောင်း လမ်းမတော်မြို့နယ် ၈ လမ်းမှ သတင်းဂျာနယ်များကို စိတ်ဝင်စားဖတ်ရှုသူတစ်ဦးက ပြောကြားသည်။
လမ်းဘေးဂျာနယ်ဆိုင်များအနေဖြင့် စောင်ရေများများရောင်းပြီး အမြတ်နည်းနည်းယူ ပုံစံမျိုး ရောင်းလိုသော်လည်း ဂျာနယ်ပရိသတ် ထင်သလောက်တိုးမလာဘဲ ဂျာနယ်များသာ များလာကြောင်း လမ်းဘေးဆိုင်အများစု လိုင်းကြေးအပါအဝင် မမြင်ရသည့် စရိတ်များ ရှိနေကြောင်း မြေနီကုန်းမီးပွိုင့်တွင် ငါးနှစ်ခန့် ဂျာနယ်ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။
နေ့ ဂျာနယ် အမည် လက်ပွေ့ City Mart
တနင်္ဂနွေ True 400 350
Flower News 400 350
တနင်္လာ Weekly Eleven 400
Crime -
အင်္ဂါနေ့ News week - -
ပြည်မြန်မာ - -
ဗုဒ္ဓဟူး ရန်ကုန်တိုင်းမ် 700 500
7 Days News 500 480
News Popular - 600
ကြာသပတေး Bi Weekly - -
မြန်မာတိုင်းမ် 800 750
သောကြာ မော်ဒန် 500 -
လျှပ်တပြက် 600 550
စနေ The Voice Weekly 500 450
News Watch 400 -
--
Posted By icypress to Sensible Rumour at 10/23/2009 04:14:00 AM
Blog Archive
- ► 2024 (319)
- ► 2013 (1051)
- ► 2012 (1188)
- ► 2011 (1025)
- ► 2010 (2008)
-
▼
2009
(620)
-
▼
October
(211)
-
▼
Oct 23
(10)
- [Sensible Rumour]မြန်မာပြည်တွင်း ကုလသမဂ္ဂ သီးခြားကိ...
- [Sensible Rumour] City Mart တွင် ဂျာနယ် ဈေးနှုန်းမှန်
- [Sensible Rumour] မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူေ...
- {Yangon Chronicle 2010:154} တရုတ်-မြန်မာ နယ်ခြားဒေ...
- [Sensible Rumour] ဝီကီ လွှတ်တော်၊ ဝီကီ အစိုးရ
- [Sensible Rumour] အာဆီယံညီလာခံတွင် ပြည်ပရောက်မြန်မ...
- {Yangon Chronicle 2010:152} တစ်နှစ်ရေနံစိမ်း တန်သန...
- [Sensible Rumour] တရုတ်ပိုက်လိုင်း၏ ပူးတွဲရထားလမ်း...
- {Yangon Chronicle 2010:153} မြန်မာ့သဘာဝဓာတ်ငွေ့ ဒေ...
- {Yangon Chronicle 2010:151} အာဖဂန္နစၥတန္ရလဒ္မ်ား ေ...
-
▼
Oct 23
(10)
-
▼
October
(211)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Friday, October 23, 2009
Subscribe to:
Post Comments (Atom)